အရွယ်ကြီးမားသည့် iPad ထုတ်လုပ်မှု နှောင့်နှေးဖွယ်ရှိကြောင်း Apple ပြောကြား

ကောလာဟလ သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည့် Apple ၏ အရွယ်ကြီးမားသော iPad ကို မကြာမီကာလ အတွင်း အသုံးပြုနိုင်ဖွယ် မရှိသေးကြောင်း Bloomberg မှ ဖော်ပြခဲ့သည်။


Apple သည် iPad Pro ဟုခေါ်ဆိုကြသည့် ၁၂.၉ လက်မ tablet အမျိုးအစားကို ယခု သုံးလပတ်တွင် စတင်ထုတ်လုပ်ဖွယ်ရှိကြောင်း ခန့်မှန်းခဲ့ကြသော်လည်း အဆိုပါ ထုတ်ကုန် ထုတ်လုပ်မှုမှာ စက်တင်ဘာလမှသာ စတင်ဖွယ်ရှိကြောင်း ကုမ္ပဏီ၏ အစီအစဉ်နှင့် နီးစပ်သူ တစ်ဦးက Bloomberg ထံ ပြောကြားခဲ့သည်။

ဆက်လက်ပြီး Wall Street Journal ကလည်း Apple အနေဖြင့် အရွယ်ကြီးမားသည့် iPad ထုတ်လုပ်မှုကို ယခုနှစ် ဒုတိယနှစ်ဝက်မှသာ စတင်ဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် Apple သည် ၎င်း၏ ထုတ်ကုန်သစ်တွင် လျင်မြန်သည့် အချက်အလက် လွှဲပြောင်းမှု နည်းပညာ ဖြစ်သော USB 3.0 ကို အသုံးပြုရန်နှင့် USB port များထည့်သွင်းရန် စဉ်းစားနေကြောင်း Wall Street Journal တွင် ဖော်ပြခဲ့သည်။

Apple ၏ ၁၂.၉ လက်မ iPad သည် Macintosh ကွန်ပျူတာများကို သုံးစွဲသူများအား ဆွဲဆောင်မှု ရှိစေပြီး tablet ရောင်းအားကို မြင့်တက်စေလိမ့်မည် ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ပြောကြားခဲ့သည်။

iPhone ရောင်းချမှုနှုန်း မြင့်တက်နေချိန်တွင် iPad ၏ ရောင်းအားမှ ကျဆင်းလျက်ရှိပြီး သုံးစွဲသူများက screen အရွယ်ကြီးမားသည့် စမတ်ဖုန်းများကို ရွေးချယ်လာသောကြောင့် iPad ရောင်းချမှုနှုန်းသည် စတုတ္ထသုံးလပတ်တွင် ကျဆင်းခဲ့ကြောင်း သိရသည်။

Apple သည် iPad Air 2 နှင့် iPad Mini 3 ကို အောက်တိုဘာလက မိတ်ဆက်ပေးခဲ့သော်လည်း ၎င်း tablet သစ်များက သုံးစွဲသူများကို ဆွဲဆောင်နိုင်ခဲ့ခြင်း မရှိကြောင်း လေ့လာဆန်းစစ်သူများက ပြောကြားခဲ့သည်။

Credit: Internet Journal
Share on Google Plus

About Myanmar Memes

Copy Myanmar is myanmar content database. Collection of posts, news, images and content in Myanmar language found on World Wide Web.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment

Related Posts Plugin for WordPress, Blogger...