ခေါင်းဘယ်နှကြိမ်လျှော်သင့်လဲ

အရေပြားရောဂါအထူးကု ဆရာဝန်တွေနဲ့ ဆံပင်ပညာရှင်တွေက ဆံပင်အမျိုးအစား၊ ဦးရေပေါ်မူတည်ပြီး ခေါင်းလျှော်တဲ့အကြိမ်ရေ မတူညီနိုင်ဟု   ဆိုထားပါတယ်။ နောက်တစ်ချက်အနေနဲ့က ဆံပင်ဟာ ဖိုက်ဘာဖြစ်တာကြောင့် ခဏခဏလျှော်လေလေ မကောင်းလေလေဖြစ်တာမို့ နေ့တိုင်းခေါင်းလျှော်ဖို့ မလိုအပ်ဘူးလို့သိရပါတယ်။


မီယာမီတက္ကသိုလ်က သုတေသီတစ်ဦးရဲ့အဆိုအရ ဦးရေပြားအဆီဟာ ဆံသားတွေဆီကို မြန်မြန်မရောက်နိုင်တာကြောင့် ဆံသားတွေဟာခြောက်သွေ့နေဆဲဖြစ်လို့ ခေါင်းလျှော်ရည်တွေနဲ့ ခဏခဏလျှော်ပေးစရာမလိုဘူးလို့   သိရပါတယ်။ ဆံလုံးသေးပြီး ဆံပင်လည်းတိုမယ်။ ဖြောင့်မယ်ဆိုရင်တော့ ခေါင်းလျှော်ရည်မပါဘဲ လျှော်နိုင်တယ်လို့ဆိုပါတယ်။

အကယ်၍ ဦးရေပြား အဆီထွက်တာများလွန်းရင်တော့ နေ့တိုင်းခေါင်းလျှော်ရည်နဲ့ လျှော်ပေးဖို့လိုအပ်ပါတယ်။    ဦးရေပြားရနံ့မွှေးဖို့အတွက် ရည်ရွယ်ပြီး နေ့တိုင်း ခေါင်းလျှော်ရည်သုံးပြီး လျှော်တယ်ဆိုရင်တော့ ကြေးချွတ်ဆေးတွေသိပ်မပါတဲ့ ပေါ့ပေါ့ပါးပါး ခေါင်းလျှော်ရည်လေးတွေပဲ ရွေးသုံးသင့်ပါတယ်။

ခေါင်းလျှော်ပြီဆိုရင်လည်း အမြှုပ်များများထမှပဲ ဦးရေပြားသန့်သွားတယ်ထင်ကြပေမယ့် တကယ်တမ်းကတော့ အဲဒီလို မဟုတ်ဘဲ  ဓာတုဆေးအပြင်းတွေနဲ့ ဆာလဖိတ်ပါနေလို့ ဖြစ်ပြီး ဆံသားရဲ့ရေဓာတ် ကုန်ဆုံးစေတယ်လို့ ဆိုပါတယ်။ ဆံပင်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေကတော့ ခေါင်းလျှော်ရည် တွေဟာ အရေပြားဆဲလ်တွေနဲ့ဦးရေပြားကအဆီတွေကို ဖယ်ရှားပစ်တာကြောင့် ဆံပင်ကို နေ့တိုင်းခေါင်းလျှော်ရည်နဲ့လျှော်လေလေ ဆံပင်အားဖြည့်ပစ္စည်းတွေ  ပိုသုံးသင့်လေလေလို့ ဆိုပါတယ်။ နောက်ပြီး ဓာတုဆေးတွေ သိပ်မပါတဲ့    သဘာဝပစ္စည်းတွေနဲ့ထုတ်တဲ့ ခေါင်းလျှော်ရည်တွေပဲသုံးဖို့  အကြံပြုထားကြပါတယ်။

Credit: 7daydaily
Share on Google Plus

About Myanmar Memes

Copy Myanmar is myanmar content database. Collection of posts, news, images and content in Myanmar language found on World Wide Web.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment

Related Posts Plugin for WordPress, Blogger...