Copy Myanmar (သို့မဟုတ်) World Wide Web ပေါ်က မြန်မာစာများ စုစည်းမှု
(၁) Copy Myanmar သည် သာမန် မြန်မာလူမျိုးတစ်ဦး၏ Facebook Status မှသည် နာမည်ကြီး မြန်မာ စာရေးဆရာများ နှင့် Blogger များ၏ အရေးအသားများ အလယ်၊ ကမ္ဘာတွင်အောင်မြင်နေသော မြန်မာလူမျိုးများ၏ အာဘော်များအဆုံး World Wide Web ပေါ်တွင် ရှိရှိသမျှ ဖတ်ရှု၍တန်ဖိုးရှိနိုင်သော မြန်မာဘာသာဖြင့်ရေးသားထားသည့်စာများအား စုစည်းပေးရန် ရည်ရွယ်တည်ထောင်ထားသော Blog ဖြစ်သည်။(၂) ဤ Blog တွင် တင်ထားသမျှ စာများ၊ ဓါတ်ပုံများ၊ အချက်အလက်များသည် Blog တည်ထောင်သူများ၏ ကိုယ်ပိုင်အရေးအသားနှင့် အာဘော်များ လုံးဝ(လုံးဝ) မပါဝင်ပါ။ အားလုံးကို ကော်ပီကူးယူထားခြင်းသာ ဖြစ်သည်။
(၃) ဤ Blog မှ ကူးယူထားသည့် စာများနှင့် ဓါတ်ပုံများကို မူရင်းပိုင်ရှင်အား သိရှိပါက Credit ပေးသွားမည်ဖြစ်ပြီး မူရင်းပိုင်ရှင်အားမသိပါက ကူးယူခဲ့သည့်နေရာကိုသာ Credit ပေးမည်ဖြစ်သည်။ (Credit မပေးဘဲ လုံးဝ မတင်ပါ)
(၄) ဤ Blog တွင် တင်ထားသည့် စာ၊ ဓါတ်ပုံနှင့် အချက်အလက်များကို ဖယ်ရှားစေလိုပါက အကျိုးအကြောင်းခိုင်လုံစွာဖြင့် တည်ထောင်သူများထံဆက်သွယ်၍ တောင်းဆိုနိုင်သည်။ အကျိုးအကြောင်း၊ သက်သေပြချက် မခိုင်လုံပါက ဖယ်ရှားပေးမည်မဟုတ်ပါ။
(၅) ဤ Blog တွင် မိမိတို့ရေးသားထားသော (သို့) စုဆောင်းရယူထားသော စာ၊ ဓါတ်ပုံ နှင့် အချက်အလက်များ တင်လိုပါက ပေးပို့နိုင်ပါသည်။ သီးသန့် ကဏ္ဍတစ်ခုဖြင့် တင်ပေးမည်ဖြစ်သည်။ ကိုယ်တိုင်ရေးသားခြင်းမဟုတ်ဘဲ အခြားသူများ၏ အချက်အလက်များဖြစ်ပါက မူရင်းပိုင်ရှင် (သို့) ရယူထားသော နေရာအား ထည့်သွင်းဖော်ပြပေးပါရန်။
(၆) ဤ Blog တွင် ဘာသာရေး၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေးအရ မသမာသောနည်းဖြင့် တိုက်ခိုက်အပုပ်ချသော စာများ၊ ဓါတ်ပုံနှင့် အချက်အလက်များ လုံးဝ(လုံးဝ) မတင်ပါ။
(၇) ဤ Blog သည် Database တစ်ခုအနေဖြင့် စုစည်းထားမှုသာဖြစ်သောကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲပြဿနာများနှင့် အရှုပ်အရှင်းများအား တည်ထောင်သူများမှ လုံးဝ(လုံးဝ) တာဝန်ယူပေးမည်မဟုတ်ကြောင်း သိစေအပ်သည်။
Copy Myanmar Bloggers
မြန်မာကော်ပီကူးသူများ အသင်း
0 comments :
Post a Comment