လက်ပတ်အနီဝတ် အရပ်သားများကို တာဝန်ပေးသူ ဖော်ထုတ်ရန် ၈၈ မျိုးဆက် တိုက်တွန်း

ရန်ကုန်မြို့လယ်ကောင်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ကျောင်းသားများအား လက်တွင် တာဝန်လက်ပတ်အနီ ပတ်ထား သည့် အရပ်ဝတ်လုံခြုံရေးများက ရိုက်နှက်ဖြိုခွင်းဖမ်းဆီးမှုအပေါ် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ရှုတ်ချ လိုက်ပြီး ၎င်းတို့ကို တာဝန်ပေးသူ အား ဖော်ထုတ်ပေးရန်နှင့် တွေ့ ဆုံဆွေးနွေး ဖြေရှင်းပေးရန် တောင်းဆိုလိုက်သည်။


မတ်လ ၅ ရက် ညနေ ၄ နာရီမိနစ် ၂၀ က မြို့တော် ခန်းမရှေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြ နေသော ကျောင်းသားများကို လက်ပတ်အနီ ပတ်ထားသည့်အရပ်ဝတ်များက ရဲများရှေ့မှကျောင်းသားများအား စတင် ထိုးကြိတ်ကာ ရုန်းရင်းဆန်ခတ်ဖြစ် ပွားပြီးနောက် ကျောင်းသားများ အား ဒိုင်နာကားပေါ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

ဆန္ဒပြ ကျောင်းသားများ အား အရပ်ဝတ်လုံခြုံရေးများက ဖြိုခွင်းပြီး ဖမ်းဆီးခေါ်ဆောင်သွား မှုနှင့် ပတ်သက်၍ ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ၈၈ မျိုးဆက်ကျောင်းသားများက ထိုနေ့ ညနေတွင် အရေးပေါ်သတင်းစာ ရှင်းလင်းပွဲပြုလုပ်ကာ အထက်ပါ အတိုင်း တောင်းဆိုလိုက်ခြင်းဖြစ် သည်။

‘‘ဖြေရှင်းတဲ့နေရာမှ အရင် က စွမ်းအားရှင်ပုံစံမျိုးဖြစ်နေပါ တယ်။ တာဝန်ရှိသူမဟုတ်ဘဲနဲ့ တာဝန် လက်ပတ်တွေပတ်ပြီး တော့ မိန်းကလေးတွေကို ကာ ယိနြေ္ဒမဲ့အောင် အခုလိုမျိုး နှိမ်နင်းတာမျိုးဖြစ်လာတာကိုတော့ ကျွန်တော်တို့ ၈၈ မျိုးဆက်အနေနဲ့ လုံးဝ သည်းညည်းမခံပါဘူး။  လက်လည်း လက်မခံနိုင်ပါဘူး။ ဒါကြောင့်မို့လို့ အဲဒီလို လက်ပတ်ပတ်ပြီးတော့ အကြမ်းဖက် ခွင့်ကို အရင်စစ်အစိုးရလက်ထက် က စွမ်းအားရှင်တွေ လုပ်တဲ့ ဆောင်ရွက်ချက်မျိုးကို ဘယ်သူ က ဦးဆောင်ပြီးတော့ တာဝန်ပေး သလဲ။ အဲဒါကျွန်တော်တို့ ဖော် ထုတ်ဖို့ လိုပါတယ်။ တာာဝန် ခံဖို့ လိုပါတယ်။ ပြီးတော့ အခုဖမ်း ဆီးထားတဲ့သူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးပြီး တွေ့ဆုံဆွေးနွေး ဖြေရှင်းဖို့အတွက် ကျွန်တော်တို့ ၈၈ မျိုးဆက်အနေနဲ့ အလေးအ နက်တောင်းဆိုပါတယ်’’ ဟု ၈၈ မျိုးဆက် ငြိမ်းပွင့်ခေါင်း ဆောင် တစ်ဦးဖြစ်သူ ဦးကိုကိုကြီးကပြောသည်။

ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကလက်ပတ်အနီဝတ် အရပ်သားများကိစ္စမှာ တိုင်းဒေသကြီးအစိုးရက ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၂၈ အရ လုံခြုံရေးစီမံများပြုလုပ်ခြင်းဖြစ်ကြောင်း 7DayDaily အား ယမန်နေ့ည ၁၀ နာရီကျော်တွင် ပြောသည်။

၈၈ မျိုးဆက်ကျောင်းသား များသည် သတင်းစာရှင်းလင်းပွဲ ၌ လက်ပတ်အနီဝတ်အရပ်သားများက ကျောင်းသူများအား လက်ဖြင့် ချုပ်ကာ ဖမ်းဆီးခေါ်ဆောင်နေသည့် ပုံများ မီဒီယာသမားများအား ပြသခဲ့သည်။

‘‘ဒီဟာက ဘယ်သူတွေရဲ့ လုပ်ဆောင်ချက်လဲ။ ဘယ်သူ တွေဟာ သူတို့ကို တာဝန်လို့ အပ် နှင်းသလဲ။ အရပ်ဝတ်နဲ့ သူတွေ အချင်းချင်း အဲဒီလိုမိန်းကလေးကို   ဖမ်းဆီးချုပ်နှောင်တာ လုပ်လို့ရ သလားဆိုတာ မေးရမယ့်ကိစ္စ။ ဒီကနေ့ အားလုံးရင်ဆိုင်ဖြေရှင်းရ မယ့်ကိစ္စဟာ အရင်က အရိုင်း ခေတ်ကို ပြန်ရောက်နေပြီလား ဆိုတာ မေးရမယ်။ အရပ်ဝတ်နဲ့ လူတွေဟာ တာဝန်လို့ လက်ပတ် ပတ်လိုက်ရင် အရပ်သားအချင်း ချင်း၊ လူအချင်းချင်းဖမ်းဆီးချုပ် နှောင်လို့ရပြီလား။ ရိုက်နှက်ခွင့် တွေရှိပြီလားဆိုတာ မေးရတော့ မယ်’’ဟု ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင်ဖြစ်သူ ဦးမင်း ကိုနိုင်ကပြောသည်။

ကျောင်းသားများကို ဖြိုခွင်း ရန် အရပ်ဝတ်ဖြင့် တာဝန်ပေး ခေါ်ဆောင်လာမှုသည် ရဲတပ်ဖွဲ့ က လုပ်ဆောင်ခြင်း မဟုတ် ကြောင်း မတ်လ ၅ ရက်က ဆန္ဒ ပြကျောင်းသားများ ဖြိုခွင်းမှု ကြီးကြပ်ရာတွင် ပါဝင်သော အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ဒု ရဲမှူးကြီးဝင်းကြည်က 7Day  Dailyအား ပြောကြားသည်။

‘‘ရဲတပ်ဖွဲ့က ဒါတွေမလုပ်ပါ ဘူး။ ရဲတပ်ဖွဲ့က ရဲတွေရှိနေတာ ပဲ။ ဒါတွေက သူ့သက်ဆိုင်ရာမြို့ နယ်အထွေထွေအုပ်ချုပ်ရေးမှူး တို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေး မှူးတို့သာ မေးကြည့်ပါ’’ဟု ဒုရဲ မှူးကြီး ၀င်းကြည်ကပြောသည်။

မတ်လ ၄ ရက်ကလည်းဆန္ဒပြအလုပ်သမားသပိတ်အား အကြမ်းဖက် ဖြိုခွင်းရာ၌ လက်တွင် တာဝန်လက်ပတ်အနီပတ်ထားသော အရပ်ဝတ်အချို့ပါဝင်ခဲ့သည်။ ၎င်းတို့နှင့်ပတ်သက်၍ ‘‘အလုပ်သမားတွေကို ဖမ်း တာ ရဲတပ်ဖွဲ့ဝင်တွေ မဟုတ်ဘူး။ တည်ငြိမ်မှုကို လိုလားတဲ့ ပြည်သူ တွေက ၀ိုင်းဖမ်းပြီး ရဲတပ်ဖွဲ့ကို အပ်တာ။ ဥပဒေအရ ရဲတပ်ဖွဲ့ဝင် တွေက အဓိကရုဏ်းတွေကို နှိမ် နင်းမည်ဆိုရင် လက်နက်ကိုင်မဟုတ်တဲ့ မည်သည့်အမျိုးသား များကိုမဆို အကူအညီတောင်းနိုင်တယ်’’ ဟု မြောက်ပိုင်းခရိုင်ဒုတိယရဲမှူးကြီးမြင့်လွင်က သတင်းထောက်များကိုပြောသည်။

ထို့ကြောင့် လက်ပတ်အနီဝတ်အရပ်သားများနှင့် ပတ်သက်၍ ပြောကြားချက်များ ကွဲလွဲနေသည်ကို တွေ့ရသည်။

Credit: 7daydaily
Share on Google Plus

About Myanmar Memes

Copy Myanmar is myanmar content database. Collection of posts, news, images and content in Myanmar language found on World Wide Web.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment

Related Posts Plugin for WordPress, Blogger...