အစိုးရ၏ ဝန်ဆောင်မှုများကို ဖြေကြားပေးရန် Call Center ထူထောင်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အစိုးရ၏ ဝန်ဆောင်မှု လုပ်ငန်းများကို အများပြည်သူ ဆက်သွယ် စုံစမ်းနိုင်ရန် Call Center တစ်ခုကို ထူထောင်ရန် စီစဉ်ထားပြီး ဖြစ်သည်ဟု သိရသည်။


အစိုးရဝန်ဆောင်မှုများနှင့် ပတ်သက်၍ ဆက်သွယ်စုံစမ်းနိုင်ရန် ၁၈၈၁ ကို Call Center အဖြစ် ထူထောင်ထားခြင်းဖြစ်ပြီး ဝန်ဆောင်မှုများနှင့် ပတ်သက်၍ မည်သူမဆို ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။ လက်ရှိအချိန်၌ အစိုးရဝန်ဆောင်မှု အားလုံးကို အဆိုပါ Call Center မှ လက်ခံဖြေကြားပေးနိုင်မည် မဟုတ်သော်လည်း အကြောင်းအရာသုံးခုနှင့် ပတ်သက်၍ စတင်ဖြေကြားပေးသွားမည် ဖြစ်ကြောင်းသိရသည်။

“Car Show Room နဲ့ ပတ်သက်တာမျိုး၊ စက်သုံးဆီအရောင်း ဖွင့်လှစ်ဖို့ လိုင်စင်လျှောက်တာမျိုး စတဲ့ အကြောင်းအရာတွေလောက်ပဲ လက်ရှိမှာ ဖြေကြားပေးနိုင်သေးတယ်။ ဒါပေမဲ့ မဖြေကြားနိုင်သေးတဲ့ ဝန်ဆောင်မှုအကြောင်းတွေ မေးခဲ့မယ်ဆိုရင်လည်း မှတ်သားပြီးတော့ ပြန်လည်ဆက်သွယ်ပေးမယ်” ဟု e Yangon အကောင်အထည် ဖော်ဆောင်ရေး အဖွဲ့ဝင်ဖြစ်သူ ဦးမင်းဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဝန်ဆောင်မှုများကို Call Center မှတစ်ဆင့် ဆက်သွယ်မေးမြန်းရာ၌ မြန်မာ့ဆက်သွယ်ရေး၏ မိုဘိုင်းဖုန်းလိုင်းများနှင့်သာ မေးမြန်းနိုင်မည်ဖြစ်ပြီး နောက် ပိုင်း ကာလများ၌ အခြားသော ဆက်သွယ်ရေး အော်ပရေတာများ၏ ဖုန်းလိုင်းများနှင့်ပါ ဆက်သွယ်မေးမြန်းနိုင်ရန် စီစဉ်သွားမည်ဟု သိရသည်။

အဆိုပါ Call Center ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မှ စတင်မိတ်ဆက်ခြင်း မပြုရသေးသော်လည်း လက်ရှိအချိန်၌ ခေါ်ဆိုမှုများ စတင်ပြုလုပ်နိုင်ပြီဖြစ်ကြောင်း ၂၀၁၅ ခုနှစ်အတွင်း အဆိုပါ Call Center ကို မိတ်ဆက်ပေးနိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

Call Center ကို အင်တာနက် အသုံးမပြုသူများနှင့် အင်တာနက်ကွန်ရက်နှင့် အလှမ်းဝေးနေသူများအတွက် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အင်တာနက်အသုံးပြုသူများ အနေဖြင့် အစိုးရအဖွဲ့ ဝန်ဆောင်မှုများကို အင်တာနက်အသုံးပြု၍ လျှောက်လွှာတင်ဆောင်ခြင်းအပြင် လျှောက်လွှာ Process များကိုလည်း ကြည့်ရှုနိုင်မည်ဟု သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းနှင့် ပူးပေါင်း၍ e Yangon ကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ယခုအခါ Call Center ကို ထပ်မံ အကောင်အထည် ဖော်ဆောင်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်။

Credit: Internet
Share on Google Plus

About Myanmar Memes

Copy Myanmar is myanmar content database. Collection of posts, news, images and content in Myanmar language found on World Wide Web.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment

Related Posts Plugin for WordPress, Blogger...