တံတွေးဖြင့် အပြန်အလှန် ထွေးခဲ့ဖွယ်ရှိသော အီဗန်နှင့်ဆစ်စီ ခြောက်ပွဲပယ် ခံရနိုင်

ဗုဒ္ဓဟူးနေ့က နယူးကာ ဆယ်အိမ်ကွင်းပွဲတွင် တစ်ဦးနှင့် တစ်ဦးအပြန်အလှန် တံတွေးဖြင့် ထွေးခဲ့ပုံရသော မန်ယူနောက်ခံလူ အီဗန်နှင့် နယူးကာဆယ် တိုက်စစ်မှူး ဆစ်စီတို့သည် ပြစ်မှု ထင်ရှားပါက ခြောက်ပွဲပယ်ပြစ် ဒဏ်ကျခံရဖွယ်ရှိသည်။


ပထမပိုင်းအဖြစ်အပျက် အပြီးတွင် ဒိုင်လူကြီး အန်သိုနီ လိုင်လာက ၎င်းတို့နှစ်ဦးစလုံးနှင့် စကားပြောခဲ့သော်လည်း တစ်ဦး ကိုမျှ အ၀ါကတ်၊ အနီကတ်ပြသခဲ့ ခြင်း မရှိပေ။ အရေးယူရန် လို အပ်သည်လားဆိုသည်ကို ဆုံး ဖြတ်ရန် ဒိုင်လူကြီး၏ အစီရင်ခံစာ အား စောင့်ဆိုင်းနေသည်ဟု အင်္ဂ လိပ်ဘောလုံးအဖွဲ့ချုပ်က ပြော သည်။

ပြီးခဲ့သည့် ရာသီက မန်စီး တီးဂိုးသမား ဂျိုးဟတ်ကို တံတွေး ဖြင့် ထွေးခဲ့သော ဟူးလ်စီးတီးကစားသမား ဂျော့ခ်ျဘိုက်အား သုံးပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့သည်။ သို့သော် စည်းကမ်းထိန်းသိမ်းရေး ညွှန်ကြားချက်များတွင် ထိုသို့သော ပြစ်မှုများအတွက် ပြစ်ဒဏ်နှစ်ဆချမှတ်ရန် ဖော်ပြထား သည်။

၂၀၁၄ ဒီဇင်ဘာကလည်း အဲဗာတန်မှ ကိုးလ်မန်းကို တံတောင်ဖြင့် တွက်ခဲ့ခြင်းရှိခဲ့ရာ ဆစ်စီ၏ ပြစ်ဒဏ်မှာ ပိုမိုပြင်း ထန်နိုင်သည်။

နယူးကာဆယ်နည်းပြ ဂျွန် ကာဗာနှင့် မန်ယူနည်းပြလူးဝစ် ဗန်ဂါးလ်တို့ နှစ်ဦးစလုံးက ယင်းအဖြစ်အပျက်ကို မမြင်တွေ့ခဲ့ဟု ပြောကြသည်။

‘‘အဲဒီအပေါ် မှတ်ချက်မ ပေးနိုင်ပါဘူး’’ဟု ယင်းပွဲတွင် ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော နယူး ကာဆယ်မန်နေဂျာ ဂျွန်ကာဗာ က ပြောပြီး ‘‘ကွင်းလယ်စည်းနားမှာ ရုတ်ရုတ်သဲသဲဖြစ်သွားတာပဲ သိ တယ်’’ဟု ၎င်းကဆက်လက်ပြော သည်။

မန်ယူနည်းပြ ဗန်းဂါးလ်က လည်း ‘‘အီဗန်က တံတွေးနဲ့ ထွေး တတ်တဲ့ သူလို့မထင်ပါဘူး။ အောက်ကို ထွေးလိုက်တာ ဖြစ် နိုင်ပါတယ်။ ခုံမှာ ထိုင်နေတော့ မမြင်ရဘူး’’ဟု ပြောသည်။

Credit: 7daydaily
Share on Google Plus

About Myanmar Memes

Copy Myanmar is myanmar content database. Collection of posts, news, images and content in Myanmar language found on World Wide Web.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment

Related Posts Plugin for WordPress, Blogger...