အချစ်စစ်ကို ရှာပေးမယ့် ကြက်သွန်နီ

ကမ္ဘာပေါ်မှာ လူမျိုးဘာသာဓလေ့တွေများစွာ ကွဲပြားသလိုပဲ ဗေဒင်ဟောတဲ့ နည်းစနစ်တွေကလည်း ဓလေ့ထုံးတမ်းအလိုက် အမျိုးမျိုးအဖုံဖုံရှိနေပါတယ်။ အဲဒီအထဲမှာ ထူးခြားဆန်းပြားပြီးလွယ်လည်းလွယ်ကူ အသုံးလည်းအသုံးပြုတဲ့ ဗေဒင်နည်းတွေရှိပါတယ်။ နမူနာအားဖြင့် ဂျာမန်လူမျိုးတွေသုံးတဲ့ ဗေဒင်ဟောနည်းကို တင်ပြချင်ပါတယ်။

တိတိကျကျဆိုရရင် ဂျာမန်အမျိုးသမီးငယ်တွေ၊ အိမ်ထောင်မကျသေးတဲ့ အပျိုတွေအတွက် အချစ်ရေးအချစ်ရာ ဗေဒင်တစ်ခုဖြစ်ပါတယ်။
အဲဒါက ကြက်သွန်နီကို အသုံးပြုပြီး အချစ်စစ် အချစ်မှန်ကို ရှာဖွေတာပါ။ ဒီနည်းက လွယ်ပြီး အသုံးလည်းတည့်တဲ့အပြင် လူမသိ၊ သူမသိ ကိုယ်တိုင်လျှို့ဝှက်တွက်ချက်နိုင်တဲ့နည်းဖြစ်ပါတယ်။
မိန်းကလေးတွေ အနေနဲ့ မိမိကိုချစ်ရေးချစ်ရာအတွက် ကမ်းလှမ်းလာသူကို တစ်ဘ၀တာ အရေးတွေးပြီး လက်ခံဖို့ ဆုံးဖြတ်ရာမှာ ဒီနည်းကို သုံးနိုင်ပါတယ်။ မိမိကို ကမ်းလှမ်းလာတဲ့ အမျိုးသားတွေထဲမှာ ဘယ်သူက မိမိအပေါ် အချစ်စစ် အချစ်မှန်နဲ့ ကမ်းလှမ်းခဲ့သလဲဆိုတာ ဒီကြက်သွန်နီက အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။
နည်းလမ်းက လွယ်ကူရိုးစင်းပါတယ်။ ကြက်သွန်တစ်လုံးပေါ်မှာ မိမိကို ကမ်းလှမ်းထားသူ၊ မိမိရည်ရွယ်ထားသူ အမျိုးသား တစ်ဦးချင်းရဲ့ နာမည်တွေကို ရေးထားပါ။ ပြီးရင် အဲဒီကြက်သွန်နီတွေကို တစ်စုတစ်စည်းတည်း သန့်ပြန့်တဲ့နေရာမှာ ထားထားပါ။ ကြက်သွန်နီတွေ အညွန့်ထွက်လာတဲ့အချိန်ထိ ထားရမှာ ဖြစ်ပါတယ်။ ပထမဦးဆုံး အညွန့်ထွက်လာတဲ့ ကြက်သွန်ဟာ အချစ်စစ် အချစ်မှန်ကို ကိုယ်စားပြုပါတယ်။ ကြက်သွန်မှာ ရေးထားတဲ့နာမည်ကို ကြည့်ပြီး ဘယ်သူက အချစ်စစ်အချစ်မှန်နဲ့ ချစ်သလဲဆိုတာကို သိနိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းကို အမျိုးသားတွေလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Shwemyotaw
Share on Google Plus

About Myanmar Memes

Copy Myanmar is myanmar content database. Collection of posts, news, images and content in Myanmar language found on World Wide Web.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment

Related Posts Plugin for WordPress, Blogger...