ဒီနှစ်မှာဘယ်သူတွေ မင်္ဂလာပွဲကျင်းပကြမလဲ


ဝိုင်းစုခိုင်သိန်း
ဝိုင်းစုရဲ့ချစ်သူ ဥက္ကာနဲ့ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်မှာ လက်မှတ်ရေးထိုးဖို့လုပ်ထားတယ်။ နေရာအတိအကျတော့ ပြောလို့မရသေးပါဘူး။ ဖေဖော်ဝါရီ ၁၀ ရက်မှာ မင်္ဂလာဦးဆွမ်းကျွေးမယ်။ ၁၄ ရက် မနက်မှာ ဆီဒိုးနားဟိုတယ်တွင် ဘိသိက်မင်္ဂလာပွဲလုပ်မယ်။ ၁၄ ရက် ညနေပိုင်းမှာတော့ ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်မှာ မင်္ဂလာညစာ စားပွဲလုပ်ဖို့ အကြမ်းဖျင်းစီစဉ်ထားပါတယ်။ Pre Wedding ဓာတ်ပုံတွေကိုတော့ အမေရိကမှာလည်း ရိုက်ကူးခဲ့တယ်။ ရန်ကုန်မှာလည်းForever မှာ ရိုက်ကူးထားပါတယ်။ မင်္ဂလာဆောင်ပြီးရင် ဒီမှာပဲနေပြီး အနုပညာအလုပ်တွေ ဆက်လုပ်သွားမှာပါ။

ပပ၀င်းခင်
မင်္ဂလာဆောင်ဖို့တော့ အစီအစဉ်မရှိသေးပါဘူး။ စဉ်းစားနေတုန်းပါပဲ။ အိမ်ထောင်ပြုပြီးသွားရင်လည်း အနုပညာအလုပ်တွေကို ဆက်ပြီးလုပ်နေဦးမှာပါပဲ။ အခုထက်ထိတော့ ယူဖို့မရှိသေးပါဘူး။ အိမ်ထောင် ပြုတယ်ဆိုတာက ဖူးစာဆိုတာပါပဲ။ သူ့အချိန်ရောက်ရင်တော့ ပြုရမှာပါပဲ။ အနုပညာလောကထဲက တခြားသောသူတွေလည်း အိမ်ထောင်ပြုမယ်ဆိုပြီး သတင်းတွေကြားနေရတာပါပဲ။ဘယ်သူတွေလဲဆို တာတော့ ပပလည်းသေချာမသိဘူး။
Too Big အဖွဲ့မှ စိုးသူရ
နိုဝင်ဘာ ၉ ရက်က မင်္ဂလာဆွမ်းကျွေးလုပ်ခဲ့တယ်။ ၁၅ ရက်ကျရင် လက်မှတ်ရေးထိုးမှာပါ။ မင်္ဂလာဆွမ်း ကျွေးလုပ်ပြီးမှ လက်မှတ်ရေးထိုးဖို့ စီစဉ်ဖြစ်တာပါ။ ၂၀၁၄ ဇန်န၀ါရီကျရင် ဆီဒိုးနားဟိုတယ်မှာ မင်္ဂလာပွဲ ကျင်းပဖို့ စီစဉ်ထားပါတယ်။ ကျွန်တော်နဲ့ သူနဲ့ကအသက်ခုနစ်နှစ်ကွာတယ်။ နာမည်ကတော့ မေစိုးဦး (ခေါ်) ဖြူလေးဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးသွားရင်လည်းအနုပညာအလုပ်တွေ ဆက်လုပ်မယ်။တတိယအယ်လ်ဘမ်လည်း ဆက်လုပ်သွားမှာပါ။
ဖြိုးငွေစိုး
ချစ်သူသက်တမ်းကတော့ လေးနှစ်ရှိသွားပါပြီ။ အားလုံးသိနေကြတဲ့သူပါပဲ။ ရှေ့မှာမင်္ဂလာဆောင်ကြတဲ့ သူတွေရှိပေမယ့် ကျွန်တော့်ရဲ့မင်္ဂလာသတင်းကတော့ တော်တော်လိုဦးမှာပါ။ အခုလက်ရှိ တစ်ယောက် နဲ့ တစ်ယောက် နားလည်မှုနဲ့ပဲ ဖြတ်သန်းနေကြပါတယ်။
အဆိုတော်နေနေ
အစက ၂၀၁၄ မှာလုပ်ဖို့ စီစဉ်ထားတာ။ ဒါပေမဲ့ ၂၀၁၄ မှာ သူက သင်္ဘောပြန်တက်ဖို့ရှိတော့ ၂၀၁၅ ကျမှ ယူဖို့ စီစဉ်ထားတယ်။ သတို့သား နာမည်ကတော့ ကိုလင်းမြိုင်ပါ။ နေနေတို့က အမေရိကန်စင်တာက လုပ်တဲ့ ပြဇာတ်တစ်ခုမှာ စတွေ့ကြတာ။ အဲဒီကနေ သူကနေနေကို စိတ်ဝင်စားပြီး စလိုက်ခဲ့တယ်။ အခုဆိုချစ်သူသက်တမ်း ခုနစ်နှစ်ကျော်ပါပြီ။ သူက အသက်ငယ်ပေမယ့် လူကြီးလိုပဲ ပိုပြီးသည်းခံနိုင်တယ်။ နေနေက သူ့အပေါ်နည်းနည်း အနိုင်ကျင့်ချင်တယ်။ မင်္ဂလာဆောင်ပြီးသွားလို့ နေနေဘက်က အလျှော့ပေးရင် အစစအရာရာအဆင်ပြေမှာပါ။ မင်္ဂလာဆောင်မယ့်နေရာအတွက် စဉ်းစားထားတာတော့ ပန်းခြံ တစ်ခုမှာလုပ်ဖို့ စဉ်းစားထားတယ်။
Mizzima – News in Burmese
Share on Google Plus

About Myanmar Memes

Copy Myanmar is myanmar content database. Collection of posts, news, images and content in Myanmar language found on World Wide Web.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment

Related Posts Plugin for WordPress, Blogger...