ကမ္ဘာကျော် မာစီးဒီး မြန်မာ့ဈေးကွက် စတင်ထိုးဖောက်

ကမ္ဘာကျော် ဇိမ်ခံမော်တော်ယာဉ် အမှတ်တံဆိပ် ဖြစ်သည့် မာစီးဒီး (Marcedes) မော်တော်ယာဉ် များကို ရန်ကုန်မြို့တော်၌ နိုဝင်ဘာလ ၂၉ ရက်တွင် အရောင်းပြခန်းနှင့် ဆားဗစ်စင်တာ ဖွင့်လှစ်၍ စတင်ဈေးကွက် ထိုးဖောက်ပြီ ဖြစ်ကြောင်း မာစီးဒီးကား အရောင်းပြခန်းထံမှ သိရသည်။


မာစီးဒီး အရောင်းပြခန်းကို ပြည်လမ်း၊ ကုန်းမြင့်သာ အနီးတွင် ဖွင့်လှစ်ထားပြီး ဆားဗစ်စင်တာကို ကမ္ဘာအေး ဘုရားလမ်းတွင် ဖွင့်လှစ်ထားကြောင်း အဆိုပါယာဉ် အရောင်းပြခန်းထံမှ သိရသည်။ အဆိုပါ အရောင်းပြခန်းတွင် ၂၀၁၄ ခုနှစ်ထုတ် Show Room မော်တော်ယာဉ် အသစ်များကိုသာ ရောင်းချမည် ဖြစ်ပြီး ဥရောပနိုင်ငံများမှ တိုက်ရိုက်မှာယူ တင်သွင်းရောင်းချခြင်း ဖြစ်ကြောင်း အရောင်း မန်နေဂျာ ဒေါ်သက်စုမွန်က ပြောကြားသည်။
“မာစီးဒီးက မြန်မာပြည်သူတွေနဲ့ ရင်းနှီးပြီးသား ဖြစ်တဲ့အတွက် ဘာမှတော့ ခက်ခက်ခဲခဲ မရှိပါဘူး။ ဒါပေမဲ့ အခုမှ Show Room ဖွင့်ပြီး ရောင်းရတာဖြစ်တဲ့အတွက် နည်းနည်းတော့ ခက်နိုင်တယ်” ဟု အရောင်းမန်နေဂျာ ဒေါ်သက်စုမွန်က ပြောဆိုသည်။ အဆိုပါ မာစီးဒီးယာဉ်များအပြင် ယင်းအရောင်းပြခန်းတွင် မာဇဒါ မော်တော်ယာဉ် များကိုလည်း တင်သွင်းရောင်းချရန် စီစဉ်လျက်ရှိပြီး ဆားဗစ်စင်တာတွင်မူ မာစီးဒီး မော်တော်ယာဉ်များသာ ပြုပြင်ပေးနိုင်မည်ဖြစ်ကာ မာဇဒါ မော်တော်ယာဉ်များကိုမူ ပြင်ဆင်ပေးနိုင်မည် မဟုတ်သေးကြောင်း အဆိုပါ မော်တော်ယာဉ် အရောင်းပြခန်းထံမှ သိရသည်။

“ဝယ်ထားတာ တော်တော်ကြာပြီ။ ဒါပေမဲ့ တစ်ခါမှ မပြင်ရသေးဘူး။ ပြင်ရမယ်ဆိုလည်း အခုက လွယ်ပါတယ်။ ရန်ကုန်ကို ပစ္စည်းလှမ်းမှာ လိုက်ရုံပဲ။ အရင်တုန်းကမှ စင်ကာပူ လှမ်းမှာရသေးတယ်” ဟု လွန်ခဲ့သည့် ခြောက်လခန့်က မာစီးဒီးကား ဝယ်ယူထားသူ မန္တလေးမြို့မှ မာစီးဒီး ကားပိုင်ရှင်တစ်ဦးက ဆိုသည်။ အဆိုပါ ယာဉ်အမျိုးအစားများမှာ ပြင်ဆင်စရိတ် ကြီးမားခြင်းနှင့် မြန်မာနိုင်ငံရှိ လူနည်းစုကသာ စီးနိုင်မည် ဖြစ်ခြင်းကြောင့် ပြင်ပမော်တော်ယာဉ် ဈေးကွက် ကို ထိခိုက်နိုင်မည် မဟုတ်ကြောင်း ရန်ကုန် အခြေစိုက် ကားဝယ်ရောင်းအချို့က ပြောကြားသည်။

“အဲဒီကားတွေက စီးလို့တော့ တော်တော်ကောင်းတယ်။ ဒါပေမဲ့ ဈေးလည်း ကောင်းတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံကလူတွေ ကားသစ်ကြီးတွေ စီးရတာ ဖြစ်တဲ့အတွက် ဝမ်းသာပါတယ်” ဟု မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ဝယ်ရောင်း ဦးအေးကျော်က ပြောဆိုသည်။ မာစီးဒီး အရောင်းပြခန်းတွင် ပြသထားသည့် ယာဉ်များအနက် မာစီးဒီး GLK အမျိုးအစားယာဉ်မှာ အမေရိကန်ဒေါ်လာ ၇၀,၀၀၀ ခန့် (အခွန်အခမပါ ကားတန်ဖိုး သီးသန့််) ရှိသည်။

The Voice
Share on Google Plus

About Myanmar Memes

Copy Myanmar is myanmar content database. Collection of posts, news, images and content in Myanmar language found on World Wide Web.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment

Related Posts Plugin for WordPress, Blogger...