တရုတ်မီလျံနာတစ်ယောက် လေသန့် ဗူးရောင်းမည်


တရုတ်မီလီယံနာ သူဌေးတစ်ယောက်ဟာ မိမိနေတဲ့ မွေးရပ်မြေမှာဆိုးဝါးလှတဲ့ လေထုညစ်ညမ်းမှုကြောင့် သန့် စင်တဲ့ လေများကို ဘူးများဖြင့် ရောင်းချမယ်လို့ သိရပါတယ် ။
ချန်းဂေါင်ဗောင် ဆိုတဲ့ တရုတ်နိုင်ငံမှ ဒေါ်လာ သန်း ၇၄၀ မီလျံနာသူဌေးဟာ လေသန့် တွေကို အချိုရည်ဘူးထဲမှာ ထည့်ပြီး တရုတ်ငွေ၅ယွန်နဲ့  ရောင်းချဖို့ စတင်နေပါပြီ လို့ သတင်းစကားများ ထွက်ပေါ်ထားပါတယ် ။ တိဘက်အရပ်မှ သန့် စင်တဲ့ လေများကို ထိုင်ဝမ်မှာ စက်ရုံ ကုန်ပစ္စည်းအနေနဲ့  လုပ်ပြီး အခြေတည် ဖြန့် ချီပါမယ်လို့ သိရပါတယ်။
ချန်ဟာ ဒီလေသန့် ဘူး ထုတ်လုပ်ရေးနဲ့ ပတ်သတ်ပြီး မိမိတို့ ဒေသမှာ ကား ၊ စက်ရုံ ၊ အိမ်သုံး စသဖြင့် ဓာတ်ငွေ့ များစွာ ဖြင့် လေထုဟာ အလွန် ညစ်ညမ်းနေပါတယ် ။ ဒီလိုမျိုး လေသန့် မရှုရှိုက်နိုင်ဘူးဆိုရင် နောင် အနှစ် နှစ်ဆယ် သုံးဆယ် ၀န်းကျင်မှာ မိမိတို့ သားမြေးများ ဓာတ်ငွေ့ ကာ မျက်နှာဖုံးများ နဲ့ အောက်စီဂျင် တစ်ဘူးစီလွယ်ပြီး သွားလာနေရလိမ့်မယ် လို့  ပြောသွားပါတယ်။
ဘီဂျင်းမြို့ ဟာ လေထု အင်မတန်မှ ညစ်ညမ်းနေတဲ့ အတွက် နာဆာ အာကာသ ကြည့်ရှု့ ယာဉ်မှ ကြည့်ရှု့ တဲ့အခါ ညစ်ညမ်းလေများကြောင့် မြို့ များပင် ဖုံးနေတာကို တွေ့ ရပါတယ်လို့ ဆိုပါတယ်။
သဘာဝ ဘေးအန္တရာယ်များဟာ တစ်နှစ်ထက် တစ်နှစ်ပိုဖြစ် များလာပါတယ်။ ချန်က”၂၀၁၂ မှာ ကမ္ဘာ ပျက်ခြင်းကို ဖြစ်ပေါ်ခဲ့ တာ တော့မဟုတ်ပါဘူး.. ဒါပေမဲ့  လူတွေက သဘာဝ ပတ်ဝန်းကျင်ကို မထိန်းသိမ်းပဲ သယံဇာတတွေကို ထိခိုက်အောင် လုပ်နေကြမယ် ဆိုရင် ပတ်ဝန်းကျင်ကြီးဟာ ညစ်ညမ်းလာပြီး မကြာခင် ကမ္ဘာပျက်နေ့  ကို ရောက်ရှိလာမှာပါ ” လို့ ပြောခဲ့ပါတယ်။
Lynntazaung
Share on Google Plus

About Myanmar Memes

Copy Myanmar is myanmar content database. Collection of posts, news, images and content in Myanmar language found on World Wide Web.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment

Related Posts Plugin for WordPress, Blogger...