ရာဇ၀တ်မှုခင်းမှတ်တမ်းရုံးခွဲက ထုတ်ပြန်လိုက်တဲ့ မှတ်တမ်းအရ လွန်ခဲ့သည့်နှစ်က လက်ဖွဲ့ပစ္စည်းပေးရခြင်းကြောင့် အမျိုးသမီးပေါင်း ရှစ်ထောင်ကျော်သေဆုံးခဲ့သည်ဟု အယ်ဂျာဇီးယား သတင်းဌာနက ဖော်ပြ လိုက်သည်။
အဆိုပါအချက်ကို အခြေခံပြီး အိန်္ဒိယအမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများက အိန်္ဒိယမှာ တစ်နာရီ တစ်ယောက်နှုန်း လက်ဖွဲ့ပစ္စည်းကြောင့် သေဆုံးနေရခြင်းဖြစ်သည်ဟု ပြောဆိုလိုက်ခြင်းဖြစ်သည်။ လက်ဖွဲ့ငွေ ဆိုသည်မှာ မိန်းကလေးတစ်ယောက်အနေနှင့် ယောက်ျားလေးနှင့် လက်ထပ်သည့်အခါ မိန်းကလေး ဘက်မှပေးရသည့် တန်ဖိုးတစ်စုံတစ်ရာဖြစ်ပြီး ပေးဆောင်ခြင်းမပြုရန် ဥပဒေအရတားမြစ် ထားသော်လည်း ရိုးရာဓလေ့အရ ပြုလုပ်နေမြဲဖြစ်သည်။
အိန်္ဒိယအမျိုးသားရာဇ၀တ်မှုဌာနရဲ့ ထုတ်ပြန်ချက်အရ ယမန်နှစ်က အဆိုပါလက်ဖွဲ့ပစ္စည်း မတန်တဆပေးဆောင်ရခြင်းနှင့် ပတ်သက်ဆက်နွယ်သည့် ကိစ္စရပ်များကြောင့် အမျိုးသမီးပေါင်း ၈,၂၃၃ ဦး သေဆုံး ခဲ့သည်ဟု ဖော်ပြခဲ့သည်။ အဆိုပါ သေဆုံးမှုပမာဏသည် လက်ရှိအခြေအနေတွင် ရာဇ၀တ်ဖြစ်ပွားနှုန်း ၃၂ ရာခိုင်နှုန်းထိ ရှိနေသေးသည်ဟုလည်း စာရင်းဇယားဌာနက ထုတ်ပြန်ထားသည်။
အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများနှင့် ရဲတပ်ဖွဲ့၏ ပြောဆိုချက်အရ ယခုဖြစ်ပွားနေသည့် လက်ဖွဲ့ပစ္စည်း ကြောင့် ရာဇ၀တ်မှုများသည် အဆိုပါဥပဒေအပေါ် ပြန်လည်သုံးသပ်စရာ ဖြစ်လာနေပြီး ဥပဒေ၏ ဆိုးကျိုး တစ်ခုလည်း ဖြစ်ကြောင်းနှင့် ပြန်လည်သုံးသပ်ရန် လိုအပ်နေပြီဖြစ်ကြောင်း ပြောကြားကြသည်။
အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ ရန်ဂျနာ ကူမာရီက “လက်ဖွဲ့ပစ္စည်းကိစ္စဟာ ပိုမိုအာရုံစိုက်ဖြစ်လာနေပြီး ပိုပြီးဈေးမြင့်မားလာနေပါတယ်” လို့ ဆိုပါတယ်။
အိန်္ဒိယနိုင်ငံ၏ ဥပဒေအရ လက်ဖွဲ့ငွေကို လက်ခံခြင်းနှင့် လက်ဖွဲ့ငွေပေးခြင်းသည် တရားမ၀င်ပေ။ ပစ္စည်းပေးခြင်းကို ၁၉၆၁ ခုနှစ်ကတည်းက အိန်္ဒိယမြို့ပြဥပဒေအရ တားမြစ်ထားပြီး လက်ဖွဲ့ပစ္စည်းမပေးရ ဥပဒေအပြင် ပေးချေပါက ရာဇ၀တ်မှု ဥပဒေ၊ မြို့ပြ ဥပေဒနှင့် အခြားအရေးယူနိုင်သည့်ဥပဒေ အများအပြား ရှိနေသေးသည်။
လက်ဖွဲ့ပစ္စည်းပေးရာတွင် ငွေကြေးသို့မဟုတ် တန်ဖိုးကြီးသည့် တစ်စုံတစ်ရာပေးရလေ့ရှိသည်။
credit:mizzima

0 comments :
Post a Comment