GoPro က မိတ်ဆက်လိုက်သော သေးငယ်ြပီးပေါ့ပါးတဲ့ Hero3+ Cameras



GoPro ကနေပြီး 20 ရာခိုင်နှုန်းလောက် ပိုပြီးသေးငယ်၍ ပေါ့ပါးသော design နဲ့အတူ 30 ရာခိုင်နှုန်းလောက် battery life တာရှည်ပိုခံနိုင်တဲ့ Hero3+ cameras တွေကို မိတ်ဆက်ထုတ်လုပ် လိုက်ပါတယ်။ ဒီ cameras တွေနဲ့အတူ accessories အသစ်တွေကို ပါ အသုံးပြုရလွယ်ကူအောင် ထုတ်လုပ်ပေးလိုက်တာ ဖြစ်ပါတယ်။

ဒီ GoPro ရဲ့ Hero3+ ကင်မရာတွေထဲကမှာ Black Edition ဟာ battery life 30 ရာခိုင်နှုန်းလောက် အခြားကင်မရာတွေထက် ပိုခံတာကို တွေ့ရပါတယ်။ ဒါ့အပြင် လေးဆပိုမြန်တဲ့ Wi-Fi စနစ် ၊ wide-angle perspective ကို ရိုက်ကူးနိုင်တဲ့ SuperView mode စနစ် ၊ ပြောင်းလဲနေတဲ့ light condition အမျိုးမျိုးမှာ frame-rates ကို အလိုအလျောက် ချိန်ညှိပေးနိုင်တဲ့ auto low light mode စနစ် စတဲ့ features အသစ်တွေနဲ့အတူ ပုံရဲ့ quality ကို မြှင့်တင်ပေးနိုင်ပြီး sharp ဖြစ်တဲ့ video တွေကို ရိုက်ကူးနိုင်တဲ့ lens အသစ်တွေနဲ့ Hero3+ cameras တွေကို ပွဲထုတ်လာတာ ဖြစ်ပါတယ်။ ကင်မရာရဲ့ တပ်ဆင်ထားတဲ့ ပုံစံကတော့ 20% လောက် သေးငယ်ပြီး ပေါ့ပါးသွားတဲ့အပြင် 40m အထိ ရေဖိအားခံ နိုင်တာကို တွေ့ရပါတယ်။

အသစ်ထုတ်လိုက်တဲ့ Hero3+ Silver Edition ရဲ့ processor ကတော့ Hero3 Black Edition ကင်မရာထက် 2ဆ လောက် ကင်မရာပိုမြန်တာကို တွေ့ရပါတယ်။ ဒါ့အပြင် Wi-Fi transfer speeds ကလည်း 4ဆ လောက် Black Edition ထက် ပို မြန်တာကို တွေ့ရပါတယ်။

Hero3+ Black Edition ကို retails ဈေးအနေနဲ့ S$590 နဲ့ ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Silver Edition ကို လည်း retails ဈေးအနေနဲ့ S$389 နဲ့ ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒီ Hero3+ cameras တွေဟာ နေရာစုံမှာ angle အမျိုးမျိုးနဲ့ အလွယ်တကူ ရိုက်ကူးနိုင်တာကို တွေ့ရပါတယ်။

www.hardwarezone.com.mm
Share on Google Plus

About Myanmar Memes

Copy Myanmar is myanmar content database. Collection of posts, news, images and content in Myanmar language found on World Wide Web.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment

Related Posts Plugin for WordPress, Blogger...