အလုပ်မှာ စိတ်စုစည်းမှုနဲ့  အာရုံစိုက်ပြီး ဘယ်လို အလုပ်လုပ်ကြမလဲ?



အမှန်တော့ ရိုးရိုးသားသားဝန်ခံရရင် ကိုယ့်အတွက် ကိုယ် သတိပေးတဲ့ အနေနဲ့ ရေးလိုက်တဲ့ အသိပေးစာလေးပါပဲ။
အလုပ်လုပ်စရာတွေ များလာရင် ၊ စိတ်မတည်ငြိမ်ရင် ၊ ဖြစ်သင့်တဲ့ အချိန်မှာ ဖြစ်သင့်ဖြစ်ထိုက်တာတွေ မဖြစ်ရင်
ဒါ ကိုယ်လုပ်နေတာတွေ နည်းနည်းလွဲနေတာ ဒါမှမဟုတ် တစ်ခုခု လိုနေတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ် ။
ဒီတော့ ပိုပြီး အာရုံ စူးစိုက်မှု ရှိပြီး အလုပ်လေးတွေ မြန်မြန်ပြီး ကိုယ်လိုချင်တဲ့ Out Come တွေ ရအောင် စလုပ်ကြည့်ရအောင်။



(၁) တစ်နေ့ တာ လုပ်စရာ ဒါမှမဟုတ် တပတ်တာ လုပ်စရာတွေကို စာရင်းလုပ်ပါ။
 လုပ်စရာရှိတဲ့ အကြောင်းအရာတွေကို စာရွက် တစ်ရွက်မှာ ချရေးကြည့်ပါ။ ပြီးတော့ နံပါတ်အစား လေးထောင့်ကွက်နဲ့ နေရာချ ပုံဆွဲပြီး လွယ်လွယ်ကူကူဖတ်လို့ ရအောင် ဒါမှမဟုတ် အဆင့်ဆင့် လုပ်ရလွယ်အောင် ချရေးပါ။ လေးထောင့်အကွက် လေးတွေနဲ့  လုပ်ခိုင်းတာက ကိုယ်ပြီးသွားတဲ့ အလုပ်ကို မြင်သာအောင် Tick လေးတွေ ခြစ်သွားပြီး သိအောင်လို့ ပါ။ စဉ်းစားပြီး ချရေးရမဲ့ အချက်တွေက တစ်နေ့ တာမှာ  မဖြစ်မနေ လုပ်ရမဲ့ လုပ်ငန်းတာဝန်တွေ နဲ့  လက်တွေ့ ကျတာတွေပါ။
(၂) အရေး အကြီးဆုံးတွေကို ဦးစားပေးပါ။
တစ်ချို့ တာဝန်တွေက ဦးစားပေးလုပ်ရမှာတွေ ရှိပါတယ်။ အိပ်စာလုပ်တာတို့  ၊ ပရောဂျက် ဆွဲတာတို့  ၊ ချိန်းထားတဲ့ ကိစ္စတို့  စတာတွေနဲ့ ထပ်တူတဲ့ တာဝန်တွေကို ဦးစားပေး လုပ်ပါ။
(၃) တစ်ပတ်အတွင်း လုပ်ရန် နဲ့ တစ်လ အတွင်း လုပ်ရန် စတာတွေကို ခွဲထားပါ။
ကိုယ့်ကိုယ် အနားယူဖို့ အချိန်ပေးပါ ။ ဖန်တီးမှု စွမ်းရည် နဲ့ တွေးခေါ်မှု ဥာဏ်ရည်တွေ ပိုကောင်းလာအောင် အိပ်ရေး၀၀ အိပ်ပါ။
အရေးမကြီးတာတွေကို အချိန်မပေးပါနဲ့ ။ မမျှော်လင့်ဘဲ ပေါ်လာတဲ့ လုပ်စရာ ကိစ္စတွေ အတွက် အရန် အချိန်ပေးထားပါ။
တစ်ချို့ အလုပ်တွေက ကိုယ် ပေးထားတဲ့အချိန်ထက် နည်းနည်း များသွားနိုင်ပါတယ်။  အမှားပြင်ဆင်ဖို့ အတွက် အချိန်ပေးပါ။

(၄) တာဝန် အသေးလေးတွေကို ပြီးမြောက်အောင် လုပ်ပါ။
တာဝန်အသေးလေးတွေကလည်း မြန်မြန်ပြီးမြောက်နိုင်တဲ့ အလုပ်တွေ ဖြစ်ပါတယ်။
ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်နေတဲ့အချိန်လေးတွေကို ဖျတ်ပါ။ နှစ်နာရီ ကြာတဲ့ အလုပ် ၊ အိမ်စာ ဆိုရင် ကြားထဲမှာ ခဏနားတဲ့အချိန် ပေးပါ။
အလုပ် တစ်ခု ပြီး တစ်ခု အကူးမှာ ပျော်ပျော်ရွင်ရွင် ရှိပါစေ ။ရည်ရွယ်မထားတဲ့  စိတ်ဖိဆီးမှုတွေ အတွက် အချိန်မကုန်စေနဲ့ ။
(၅) ဦးတည်ချက် ထားပါ။
အလုပ် တစ်ခု မပြီးသေးတဲ့ အခါ တခြား အလုပ် တစ်ခုကို ကူးဖို့ မကြံပါနဲ့ ။ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ တစ်ခုထဲကိုပဲ အာရုံစိုက်ပြီး ကောင်းကောင်းလုပ်ပါ။
Post it Note မှာ ဦးစားပေး လုပ်ဖို့ လိုတဲ့ အကြောင်းအရာတွေကို အနီးနားရှိ နံရံ ဒါမှမဟုတ် ကွန်ပျူတာ ဘောင်မှာ ကပ်ထားလိုက်ပါ။ ဒါက ကိုယ့်ကို အသိပေးသလိုလည်း ဖြစ်စေဖို့ ပါ။
(၆) ကိုယ်လုပ်ပြီး သမျှကို ပြန်ကြည့်ပါ။
ဘယ် အလုပ်တွေက ပြီးမြောက်ပြီး ပြီလဲ ။  မပြီးသေးရင် ထိထိရောက်ရောက် လုပ်နိုင်ဖို့ ဘယ်လို ကြိုးစားနိုင်မလဲ ။ နောက်တစ်နေ့ မှာ ထပ်လုပ်ရမဲ့ လက်ကျန် အလုပ်တွေ အတွက် စာရင်းလုပ်ပါ။
လိုအပ်ရင် တခြားဟာတွေထက် ပြီးအောင် လုပ်ပါ။

(၇) လိုက်လျောညီထွေဖြစ်ပါစေ။
ပရောဂျက် ကို ပြီးမြောက်ဖို့  ကြိုးစားနေတယ် ။ ဒါပေမဲ့ အကုန်လုံးတစ်နေ့ ထဲ အကုန် မပြီးနိုင်ဘူး ဆိုရင် သေချာတဲ့ အလုပ်တွေကို နောက်နေ့ လုပ်ဖို့ အတွက် နေရာပေးထားပါ။

(၈) DeadLine ထားပါ။
လုပ်စရာရှိတာတွေကို ဘယ်နေ့ မှာအပြီး လုပ်ရမယ် ။ ဘယ်လောက် အချိန်ပေးမယ် ။ စတာတွေကို သတ်မှတ်ပါ ။
Tips – လိုက်နာသင့်တဲ့ အချက်များ
  • Social Sites တွေက အလုပ်ချိန်မှာ အသုံးပြုနေခဲ့ရင် လုံးဝ အနှောက်အယှက်ပေးပါတယ်။ ဒီတော့ အိပ်စာလိုအလုပ်မျိုး ဆိုရင် အင်တာနက် ကို ပိတ်ထားပါ။ ကွန်ပျူတာ သုံးစရာမလိုရင်လည်း ပိတ်ထားပါ။
  •  တစ်နေ့ တာ အစမှာ အရေးကြီးတဲ့ အလုပ်တာဝန်ကို အရင်လုပ်ပါ။ ပြီးမြောက်အောင် လုပ်ပါ။
  • စာမလုပ်ခင် စိတ်ငြိမ်အောင်ထားပါ ။ တရားထိုင်ပါ ။ လုပ်စရာ လိုတဲ့ တစ်ခုအပေါ်ပဲ စိတ်ထည့်ထားပါ။
  • ပရောဂျက် တစ်ဝက်တစ်ပျက် ပြီးထားရုံတွေက သင့် စိတ်စုစည်းမှုကို ပျက်စေပါတယ်။  တစ်ဝက်တစ်ပျက် နဲ့ မပြီး မမြောက်တာ တွေကို အစကထည်က မလုပ်တာ ကောင်းပါတယ်။
  • အလုပ်စမလုပ်ခင် အနားကောင်းကောင်း ယူထားပါ။
  • အချိန်ကြာကြီး လုပ်ရတဲ့အလုပ်ဆိုရင် Break ပေးပြီးမှ လုပ်ပါ။
  • တစ်နေတာအတွက် အစီအစဉ်ချပြီး မှ လုပ်ပါ။
Credit – Lynntazaung
Share on Google Plus

About Myanmar Memes

Copy Myanmar is myanmar content database. Collection of posts, news, images and content in Myanmar language found on World Wide Web.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment

Related Posts Plugin for WordPress, Blogger...