ဆရာ ဦးဘုန်းပြောသော မေတ္တာတရား အကြောင်း


လူတိုင်း လူတိုင်းအပေါ် မေတ္တာထားရမယ်။ လူတွေတင်မကဘူး။ သတ္တ၀ါတွေအကုန်လုံးအပေါ် ထားနိုင်ရင် ပိုကောင်းတာပေါ့။ သက်ရှိ၊ သက်မဲ့အားလုံးအပေါ်မှာတောင် မေတ္တာထားရမှာပါ။ အဲဒီထဲမှာ လူလူချင်းမေတ္တာထားတာက အလွယ်ဆုံးပဲ။ လူလူချင်းတောင် မေတ္တာမထားတတ်ဘူး ဆိုရင် တော်တော် ခက်နေပြီ။ လူလူချင်းက ချစ်ဖို့ အလွယ်ဆုံးပဲ။ အဲဒါကိုမှ မချစ်တတ်ဘူး၊ မေတ္တာမထားတတ်ဘူး ဆိုရင် တော်တော်နိမ့်ကျတဲ့စိတ်ပဲ။
ဒါကြောင့် တို့တွေ လူလူချင်း ချစ်ဖို့လိုတယ်။ လူကို လူလို့မြင်လိုက်ရင် ပြီးသွားပြီ။ တခြားရာထူးတွေ၊ ဂုဏ်တွေ၊ လူမျိုးတွေ၊ ဘာသာတွေပါလာရင် မေတ္တာ ပျက်သွားတတ်တယ်။ ဒါကြောင့်မို့ ဗြဟ္မစိုရ်တရားလေးပါးရဲ့ အခြေခံဖြစ်တဲ့ မေတ္တာစိတ်မှာ လူလူချင်းချစ်ဖို့လွယ်တာတောင်မှ ခက်တယ်ထင်ရင်၊ လူလူချင်း မချစ်တတ်ဘူးဆိုရင် အားလုံးခက်သွားပြီ။ တိရစ္ဆာန်လေးတွေကို ချစ်ရမယ်။ ကိုယ့်ထက်နိမ့်ကျတဲ့ တိရစ္ဆာန်လေးတွေကိုချစ်တတ်တာ ဘယ်လောက်အဆင့်မြင့်တဲ့လူလဲ။ ခွေး၊ ကြောင်ချစ်တာ မဆန်းဘူးနော်။ လိပ်ပြာလေးတွေကို ချစ်တာ မဆန်းဘူး၊ လှလို့။ တခြားတိရစ္ဆာန်တိုင်း ဟာလည်း အသက်ရှိတာပဲ။ တိရစ္ဆာန်ကို ချစ်ပြီဆိုရင် ဒီလူ တော်တော်မေတ္တာကြီးပြီ။
တိရစ္ဆာန်ချစ်တာထက် နည်းနည်းအဆင့်မြင့်တာရှိသေးတယ်။ တိရစ္ဆာန်ဆိုတာ လှုပ်ရှားသွားလာချစ်စဖွယ်ကောင်းတဲ့ အမူအရာရှိလို့ ချစ်တယ်ဆိုရင် ထားဦး။ သဘာဝပတ်ဝန်းကျင်သစ်ပင်တွေကို ချစ်ပြီဆိုရင် တော်တော်အဆင့်မြင့်တဲ့ မေတ္တာစိတ်ပဲ။ သစ်ပင်တွေကို ချစ်ဖို့လိုတယ်။ အဆင်အမြင့်ဆုံးတော့ မဟုတ်သေးဘူး။ သစ်ပင်တွေထက် သဘာဝမြေကြီးတွေ၊ မြစ်တွေ၊ ချောင်းတွေကိုချစ်ရင် အဆင့်မြင့် ဆုံး မေတ္တာပဲ။ မြေကြီးကိုချစ်ရင် ဒီမြေကြီးအပေါ် ကွမ်းတံတွေး မထွေးတော့ဘူး။ ဒီမြေကြီးကို မဖျက်ဆီးတော့ဘူး။ ဒီမြစ်တွေကို ပိတ်ဆို့အောင်မလုပ်ဘူး။ စီးဆင်းအောင်ပဲလုပ်မှာ။ ရေတွေကို ကြည်လင်အောင် ထားမယ်။ အဆင့်မြင့်ဆုံးပဲ။ ဒီလူဟာ မြေကြီးတွေကို ဖျက်ဆီးနေပြီ၊ သစ်ပင်တွေကို ဖျက်ဆီးနေပြီဆိုရင် တော်တော်မေတ္တာမရှိတဲ့ လူပဲ။ တိရစ္ဆာန်ကိုသတ်ပြီး အသက်မွေးရင် ဒီလူဟာ မေတ္တာမရှိတဲ့လူပဲ။ လူလူချင်းချစ်ဖို့လွယ်တာတောင် မချစ်ရင် တော်တော်မေတ္တာအားနည်းလို့ပဲ။ ဒါကြောင့်မို့ လူလူချင်းချစ်ပြီး မေတ္တာထားရမယ့်အပြင် မြေကြီး ကိုတောင် မေတ္တာထားရမယ်။
credit လူဗိုလ်ဟူသည်
Share on Google Plus

About Myanmar Memes

Copy Myanmar is myanmar content database. Collection of posts, news, images and content in Myanmar language found on World Wide Web.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment

Related Posts Plugin for WordPress, Blogger...