အသင်းကြီးတွေ အောင်ပွဲခံတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၇)ကောက်ကြောင်းနှင့် ထူးခြားချက်များ

ပရီးမီးယားလိဂ် ပွဲစဉ်(၇)အဖြစ် ယှဉ်ပြိုင်ကစားတဲ့ စနေညအစောပိုင်း ပွဲစဉ်တွေမှာတော့ အသင်းကြီးတွေအောင်ပွဲခံနိုင်ခဲ့ကြပြီး မန်စီးတီးကို (၃-၁)ဂိုးနဲ့ ရှုံးခဲ့တာကြောင့် အဲဗာတန်ကတော့ ရှုံးပွဲမရှိစံချိန် ရပ်တန့်သွားခဲ့ရပါတယ်။ မန်စီးတီးနဲ့ အဲဗာတန်ပွဲမှာ အိမ်ရှင်အသင်း အထနှေးခဲ့ပေမယ့် မိနစ်(၂၀)ကျော်လာချိန်မှာတော့ ယာယာတိုရေး၊ ဆေးလ်ဗားတို့ရဲ့ ကွင်းလယ်အားတွေနဲ့အတူ ပွဲကိုလွှမ်းမိုးလာနိုင်ခဲ့ပြီး နီဂရီဒို၊ အဂူရိုတို့ရဲ့ဂိုးတွေကြောင့် အနိုင်ရသွားခဲ့တာပါ။



ဒီပွဲရဲ့ထူးခြားမှတ်တမ်း ၀င်ခဲ့တာကတော့ မန်စီးတီးအသင်းရဲ့ အိမ်ကွင်းဂိုးသွင်းမှုနဲ့ အဂူရိုတို့ အဆက်အစပ်ပဲဖြစ်ပါတယ်။ မန်စီးတီးဟာ အီတီဟတ်ကွင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၅၄)ပွဲဆက် ဂိုးသွင်းနိုင်ခဲ့သလို အဂူရိုကလည်း ပရီးမီးယားလိဂ် သွင်းဂိုး(၃၇)ဂိုး သွင်းခဲ့တဲ့နေရာမှာ အိမ်ကွင်းပွဲစဉ်တွေမှာ (၂၅)ဂိုးထိ သွင်းနိုင်ခဲ့တာပါပဲ။

ဒုတိယပွဲစဉ်အဖြစ် ဆက်လက်ယှဉ်ပြိုင်ခဲ့တဲ့ လီဗာပူးနဲ့ ခရစ္စတယ်ပဲလေ့စ်တို့ရဲ့ ပွဲစဉ်မှာတော့ ဆွာရက်ဇ်၊ စတာရစ်၊ ဂျရတ်တို့ရဲ့ ဂိုးတွေကြောင့် ပထမပိုင်းမှာပဲ လီဗာပူးတို့ (၃)ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်း(၇၇)မိနစ်မှာ ချေပဂိုးတစ်ဂိုး ပြန်ပေးခဲ့ရပေမယ့် အမှားအယွင်းမရှိ အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။

အခုပွဲမှာ ထူးခြားမှတ်တမ်းဝင်ခဲ့တာကတော့ ဆွာရက်ဇ်နဲ့ စတာရစ်တို့ပါပဲ။ ဆွာရက်ဇ်နဲ့ စတာရစ်တို့ နှစ်ဦးဟာ လီဗာပူးပွဲထွက်စာရင်းမှာ (၉)ပွဲ ပွဲထွက်လာခဲ့ပြီး နှစ်ဦးပေါင်း(၁၂)ဂိုးအထိ သွင်းနိုင်ခဲ့ပါတယ်။ ဒါတင်မက ဆွာရက်ဇ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၉)ပွဲမှာ သွင်းခဲ့တဲ့ဂိုးနဲ့ ဂိုးဖန်တီးမှု စုစုပေါင်း(၁၉)ကြိမ်အထိ ရှိခဲ့သလို စတာရစ်ကတော့ နောက်ဆုံး ပရီးမီးယားလိဂ် ပွဲစဉ်(၁၁)ပွဲမှာ သွင်းခဲ့တဲ့ဂိုးနဲ့ ဂိုးဖန်တီးမှု စုစုပေါင်း(၁၅)ကြိမ်အထိ ရှိခဲ့တာပါပဲ။

ဆန်းဒါးလန်းနဲ့ မန်ယူတို့ ပွဲစဉ်မှာတော့ ပွဲချိန်(၄)မိနစ်မှာပဲ ဆန်းဒါးလန်းတို့ ဂိုးစရခဲ့ပြီး ဒီဂိုးပေးလိုက်ရတာဟာ မန်ယူနောက်ခံလူ ဗီဒစ်ရဲ့အမှားမကင်းပါဘူး။ ဂီယာချီရီနီဖြတ်တင်ပေးတဲ့ ဘောလုံးကို ဗီဒစ်လွတ်လွတ်ကင်းကင်း မရှင်းထုတ်နိုင်ခဲ့တာကြောင့် ဂတ်ဒ်နာဆီရောက်သွားပြီး ဒီကစားသမားက ဧရိယာထဲကနေ သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အခုပွဲမှာ မန်ယူအတွက် သူရဲကောင်းပေါ်လာခဲ့ပြီး သူကတော့ ဘယ်လ်ဂျီယံ လူငယ်ကစားသမား ဂျာနူဇက်ပါပဲ။ ဒီကစားသမားဟာ အီဗရာရဲ့ ဖြတ်တင်ဘောကနေ ထင်မှတ်မထားတဲ့ ကန်ချက်မျိုးနဲ့ ချေပဂိုး သွင်းပေးနိုင်ခဲ့သလို နောက်(၆)မိနစ် အကြာမှာလည်း မြေမကျကန်ချက်နဲ့ အနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။

ဒီပွဲစဉ်အတွက် ထူးခြားတဲ့မှတ်တမ်းတွေကတော့ မန်ယူဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ် (၇)ဆက် ဂိုးပေးခဲ့ရတာ၊ ဂျာနူဇက်သွင်းတဲ့ ပထမဂိုးဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ (၁၅၀)မြောက်ဂိုးဖြစ်နေတာ၊ မန်ယူအတွက် ကစားပေးတဲ့ ပထမဆုံး ပရီးမီးယားလိဂ်ပွဲစဉ်မှာ (၂)ဂိုး သွင်းနိုင်တဲ့ နစ္စတယ်ရွိုင်းရဲ့စံချိန်ကို ဂျာနူဇတ်လိုက်မီခဲ့တာတွေပါပဲ။

Man City 3-1 Everton

Cardiff 1-2 Newcastle

Fulham 1-0 Stoke

Hull City 0-0 Aston Villa

Liverpool 3-1 Crystal Palace

Sunderland 1-2 Man Utd
http://yoyarlay.com/sport/football/38259-2013-10-05-20-32-13
ဇော်ထွန်း(ရိုးရာလေး)
Share on Google Plus

About Myanmar Memes

Copy Myanmar is myanmar content database. Collection of posts, news, images and content in Myanmar language found on World Wide Web.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment

Related Posts Plugin for WordPress, Blogger...