ပညာတတ် တစ်ယောက် ဖြစ်ဖို့ထက် ပညာရှိ တစ်ယောက် ဖြစ်ဖို့က ပိုပြီး အရေးကြီးတယ်

တရုတ်နိုင်ငံ ဂွမ်ဇောင်းပြည်နယ် ဘဏ်လုယက်မှု တစ်ခုဖြစ်ပွား ခဲ့ပါတယ်။ အဲဒီအချိန်မှာ လုယက်သူတွေက သေနပ်ဖြင့် ခြိမ်းခြောက်ကာ ငွေတွေကို ယူကြတာပေါ့။ အာလုံးဆိုသလို တတ်ဆိတ် ငြိမ်သက်နေပါတယ်။ ထိုအချိန် လုယက်သူက ” အဝတ်အစားတွေကို လုံလုံခြုံခြုံ ဖုံးထားပါ။ ဒါဟာ မဒိမ်းကျင့်နေတာ မဟုတ်ပါဘူး။ လုယက်နေတာ ဖြစ်တယ်။ ပိုက်ဆံတွေက နိုင်ငံတော် ပိုင်တွေ ဖြစ်တယ်။ ခင်ဗျားတို့ ပိုင်တာဆိုလို့ ခင်ဗျားတို့ရဲ့ အသက်တွေပဲ ဖြစ်တယ်” လို့ လုယက်သူတွေက ပြောလိုက်ပါတယ်။

လုယက်သူနှစ်ယောက်ဟာ လုယက်အပြီး အိမ်ကို ပြန်ရောက်သွားတော့ MBA ဘွဲ့ရတဲ့ ညီဖြစ်သူက မှုလတန်းသာ အောင်မြင်တဲ့ အကို ဖြစ်သူကို ” အကို ငွေတွေ ရေရအောင်လေ ဘယ်လောက် ရသလဲလို့ ” ” ရှုးလိုက်တဲ့ ငါ့ညီ ငွေတွေ ဒီလောက်များတာ ဘယ်လိုလုပ်ပြီး ရေ နိုင်မှာလဲ။ ခဏနေရင် တိဗီကနေ ကြေငြာလိမ့်မယ် အကိုတို့ ငွေတွေ ဘယ်လောက် ခိုးသွားသလဲ ဆိုတာကို ” လို့ အကိုဖြစ်သူက ပြောလိုက်ပါတယ်။
အဲဒီအချိန်မှာ ဘဏ်မန်နေဂျာနှင့် အုပ်ချုပ်သူနှစ်ယောက်ဟာ ဘဏ်ကို လုယက်မှု ဖြစ်သောကြာင့် ရဲတွေကို ဖုန်းဆက်ပြီး တိုင်ကြားလိုက် ပါတယ်။ ရဲတွေ ရောက်မလာခင်မှာ ဘဏ်အုပ်ချုပ်တဲ့ သူက မန်နေဂျာကို ” ရဲတွေ မရောက်လာခင်မှာ ငါ့တို့ အလွဲသုံးစား လုပ်ထားတဲ့ သန်း ၇၀ ကို လုယက်ခံရတဲ့ စာရင်းထဲကို ထည့်လိုက်ကြမယ်။ ပြီးရင် အခွင့်အရေးရတုန်း ၁၀ သန်းလောက် ထပ်ပြီးခိုးလိုက် ကြရအောင် ” လို့ပြောလိုက်တယ်။ မန်နေဂျာဖြစ်သူက ” ကောင်းလိုက်တဲ့ အကြံပဲ၊ သန်း ၁၀၀ ခိုးသွားတယ်လို့ စာရင်းတင်လိုက်မယ် “လို့ ပြောလိုက်တယ်။
ခဏအကြာမှာပဲ ရဲတွေ ရောက်လာကြတာပေါ့။ ရဲတွေက ဘဏ်မှာ လုယက်သွားသော ငွေကို သန်း ၁၀၀ လို့ စာရင်းမှတ်လိုက်တယ်။ ထို့နောက် တီဗီကနေ သန်း ၁၀၀ လို့ ကြေငြာလိုက်ပါ တော့တယ်။ အဲဒီအချိန်မှာ လုယက်သူနှစ်ယောက်က ပိုက်ဆံတွေကို ရေတွက်ပါတော့တယ်။ ရေတွက်လို့ အပြီးမှာ ဒေါသတွေ ထွက်ပါတော့တယ်။ ဘာလို့ဆိုတော့ တော့ သန်း ၂၀ ပဲရှိလို့ပါ။
ထိုအခါ အကိုဖြစ်သူက ညီကို ပြောပါတယ် “ညီလေး ပညာဆိုတာက ရွှေထက်ပိုပြီး တန်ဖိုးရှိတယ်၊ ခွန်အားစိုက်ထုတ် စရာလည်း မလိုဘူး၊ ဦးနှောက်လေးကိုပဲ အသုံးပြုရတာ၊ လက်ထဲမှာ ဘွဲ့လက်မှတ် ရှိမှ ပညာရှိ မဟုတ်ဘူး ” လို့ အကို ဖြစ်သူက ပြောလိုက်ပါတယ်။
ထိုအချိန်မှာ ဘဏ်အုပ်ချုပ်သူနှင့် ဘဏ်မန်နေဂျာ တို့က အလွန်ပဲ ဝမ်းသာနေကြတာပေါ့။ ဘာလို့ဆိုတော့ သူတို့ အလွဲသုံးစား လုပ်ထားတဲ့ သန်း ၇၀ ကိုလည်း ပြန်ဆပ်လိုက်ရတယ်။ ထို့အပြင် ၁၀ သန်းကို တောင် အစစ်ရလိုက် ရလို့ပါပဲ။ ဘဏ်အုပ်ချုပ်တဲ့သူက မန်နေဂျာကို ” သူခိုးတွေ ငါ့တို့ ဘဏ်ကို လတိုင်း လာပြီးလုရင် တော်တော်ကောင်းမယ်လို့ ” ပြောလိုက်ပါတယ်။
တကယ်တော့ ပညာရှိ ဆိုတာဟာ အတန်းပညာ ဘွဲ့လက်မှတ်တွေ မဟုတ်ဘူး အခြေအနေ အချိန်အခါ အလျောက် သင့်တင့်လျောက်ပတ်စွာ ဆောင်ရွက်နိုင်သောသူကို ဆိုလိုတယ်။ ဒါကြောင့် သင်ဟာ ပညာတတ် တစ်ယောက် ဖြစ်ဖို့ထက် ပညာရှိ တစ်ယောက် ဖြစ်ဖို့က ပိုအရေးကြီးတယ်လို့ စာရေးသူ ဆိုလိုက်ပါတယ်။
Credit – ကျော်လင်းနိုင် (ရိုးရာလေး)
Share on Google Plus

About Myanmar Memes

Copy Myanmar is myanmar content database. Collection of posts, news, images and content in Myanmar language found on World Wide Web.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment

Related Posts Plugin for WordPress, Blogger...