သပိတ်မှောက်ကျောင်း သားများနှင့် ရဲတပ်ဖွဲ့ဝင်များထိပ် တိုက်တွေ့ဆုံနေသည့် လက်ပံ တန်းမြို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန် မည်ဖြစ်ကြောင်း မတ် ၃ရက် ည က သတင်းများထွက်ပေါ် လာသည်။
ရဲတပ်ဖွဲ့ဝင်များနှင့် ပင်မသ ပိတ်စစ်ကြောင်းမှ သပိတ်မှောက် ကျောင်းသားများဖေဖော်ဝါရီ ၃ ရက်နံနက် ၁၀နာရီခန့်က ဆန္ဒပြ ချီတက်ရန်ထွက်ခွာလာခဲ့ရာ ဘုန်း ကြီးကျောင်းနှင့် တစ်ဖာလုံခန့်အ ကွာတွင် အသင့်စောင့်နေသည့် ရဲ တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ကြ သည်။
ထို့နောက် သပိတ်မှောက် ကျောင်းသားများက သပိတ်ကိုထိုင်သပိတ်အဖြစ်ပြောင်းလဲခဲ့ပြီး နံနက် ၁၁နာရီမှစ၍ အစာငတ် ခံဆန္ဒပြခဲ့ကြသည်။
သပိတ်မှောက်ကျောင်းသား များကို ရဲတပ်ဖွဲ့ဝင်များက တား ဆီးရာတွင် အမျိုးသမီးရဲမေများ က ထိပ်ဆုံးမှနေရာယူထားသော် လည်း ၎င်းတို့တွင် တုတ်၊ သေ နတ်များကိုင်ဆောင်ထားသည်ကို မတွေ့ရပေ။
သို့သော် ရဲမေများ၏ နောက် တန်းတွင် နေရာယူထားသည့်အ မျိုးသားရဲတပ်ဖွဲ့ဝင်များ၏ လက် တွင် တုတ်၊ လေးခွများကိုင် ဆောင်ထားသည်ကိုတွေ့ရသည်။
‘‘ရန်ကုန်မသွားဖို့အတွက် ကျောင်းသားတွေကို တားဆီးဖို့ ကျွန်တော်တို့ကို တာဝန်ပေးလို့ တားဆီးရတာပါ။ ရိုက်နှက်တာ တွေ ဘာတွေလုပ်ဖို့မဟုတ်ပါဘူး။ သူတို့ဘက်က ရှေ့မတိုးသရွေ့ ကျွန်တော်တို့ဘက်ကလည်း ဘာမှ မလုပ်ပါဘူး’’ဟု ကျောင်းသားများ အား ပိတ်ဆို့တားဆီးရာတွင် ကြီး ကြပ်နေသည့် ဒုရဲမှူးကြီးတစ်ဦး ကပြောသည်။
လမ်းမပေါ်တွင် သပိတ် မှောက်ကျောင်းသားများနှင့် ရဲ တပ်ဖွဲ့ဝင်တို့ ထိပ်တိုက်တွေ့နေ ရာ နေအပူချိန်ပြင်းသဖြင့် ရဲတပ် ဖွဲ့ဝင်အချို့နှင့် သပိတ်မှောက် ကျောင်းသားအချို့ မူးလဲကြ ကြောင်း အဆိုပါနေရာသို့ရောက် ရှိနေသည့် 7Day Daily သတင်းထောက်က သတင်းပေးပို့သည်။
နေ့လယ် ၂နာရီတွင် ပဲခူး တိုင်းလုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဗိုလ်မှူးကြီးသက်ထွန်းနှင့် ကျောင်းသားခေါင်းဆောင်အချို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
သပိတ်မှောက်ကျောင်းသား များအား လူစုခွဲရန်ရဲတပ်ဖွဲ့က ခြောက်နာရီအချိန်ပေးထားသော် လည်း အချိန်ပြည့်သည့် ညနေ ၄ နာရီအထိ ရဲတပ်ဖွဲ့က ဖယ်ရှားဖြို ခွင်းမှုမပြုလုပ်သေးပေ။
Credit: 7daydaily
-
Blogger Comment
-
Facebook Comment
Subscribe to:
Post Comments
(
Atom
)

0 comments :
Post a Comment