Virtual Reality app များဖန်တီးနေကြောင်း Facebook ပြောကြား

Facebook သည် လူများစွာက VR content များကိုခံစားနိုင်ပြီး ဖန်တီးမှုများ ပြုလုပ်နိုင်မည့် virtual reality (VR) app များကို ဖန်တီးနေကြောင်း ပြောကြားသွားခဲ့သည်။


Facebook အနေဖြင့် ပြီးခဲ့သည့်နှစ် မတ်လက အမေရိကန်ဒေါ်လာ ၂ ဘီလီယံဖြင့် Oculus VR headset ကုမ္ပဏီကို ဝယ်ယူခဲ့ပြီး သုံးစွဲသူများအတွက် ဆန်းသစ်မှုရှိသော လူမှုရေးမီဒီယာ အတွေ့အကြုံများကို ခံစားနိုင်ရန်အတွက် ဖန်တီးမှုများ ပြုလုပ်ရန် အစီအစဉ်များရှိကြောင်း သတင်းများ ထွက်ပေါ်လာသည်။ Facebook ၏ ထုတ်ကုန် အကြီးအကဲဖြစ်သူ ခရစ်ကော့က  ကုမ္ပဏီအနေဖြင့် VR နှင့်ပတ်သက်၍ လုပ်ကိုင်နေဆဲဖြစ်ကြောင်း ကယ်လီဖိုးနီးယားပြည်နယ်၊ လာဂန်နာနိုင်ဂွယ်တွင် ပြုလုပ်ခဲ့သည့် Code/Media စည်းဝေးပွဲတွင် ထုတ်ဖော် ပြောကြားခဲ့သည်။ သို့ရာတွင် ၎င်းအနေဖြင့် VR app များမည်သို့ အလုပ်လုပ်ကြောင်း၊ သုံးစွဲသူများက မည်သို့ content ကိုဖန်တီးရကြောင်း သို့မဟုတ် timeline တွင်မည်သို့ ဖော်ပြရကြောင်းကိုမူ မပြောကြားခဲ့ပေ။

Credit: Inernet Journal
Share on Google Plus

About Myanmar Memes

Copy Myanmar is myanmar content database. Collection of posts, news, images and content in Myanmar language found on World Wide Web.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment

Related Posts Plugin for WordPress, Blogger...