မြန်မာစာချစ်သူများ အနေဖြင့် Google Translate ကို ပါဝင်ကူညီနိုင်

မြန်မာဘာသာစကားနှင့် အင်္ဂလိပ်ဘာသာစကား နှစ်မျိုးကျွမ်းကျင်သည့် မြန်မာလူမျိုးများအနေဖြင့် Google ၏ Translate ကို ပိုမိုမှန်ကန်လာစေရန် ကူညီ အားဖြည့် ပေးနိုင်ကြောင်းသိရသည်။


မြန်မာစာချစ်သူများအနေဖြင့် Google Translate ၌ မှန်ကန်မှု အားနည်းနေသည့် မြန်မာစာ ဘာသာပြန်ဆိုမှုများကို လာရောက်၍ ပြင်ဆင်ကူညီပေးကြရန် Google ၏ Product Manager ဖြစ်သူ Divon Lan က ဖိတ်ခေါ်ခဲ့သည်။ ဖန်တီးရာရုံးခန်းတည်ရှိရာ (MAC တာဝါ - ကုန်သည်လမ်း ) ၌ မြန်မာစာ ဘာသာပြန်ဆိုမှုများကို စုဝေးပြင်ဆင်ကြမည်ဖြစ်ပြီး မြန်မာစာချစ်သူများ လာရောက်ကြရန် Google က ဖိတ်ခေါ်ထားခြင်းဖြစ်သည်။

"စကားလုံးဘယ်လောက်အထိ မှန်ကန်အောင် ပြင်ဆင်နိုင်မယ်ဆိုတာတော့ မပြောနိုင်ဘူး။ လာရောက်မယ့် လူအရေအတွက်ပေါ်လည်း မူတည်သေးတယ်" ဟု Divon Lan ကပြောသည်။

ယခုလ ၂၈ ရက်တွင် မြန်မာစာ ဘာသာပြန်ဆိုမှုကို ပထမဦးဆုံးအကြိမ် စုဝေးပြုလုပ်ကြမည်ဖြစ်ကြောင်း၊ လာရောက်သူများအနေဖြင့် ကိုယ်ပိုင် Laptop များ ယူဆောင်လာပါက ပိုမိုကောင်းမွန်ကြောင်း ဖန်တီးရာအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Credit: Internet Journal
Share on Google Plus

About Myanmar Memes

Copy Myanmar is myanmar content database. Collection of posts, news, images and content in Myanmar language found on World Wide Web.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment

Related Posts Plugin for WordPress, Blogger...