ကမ္ဘာ့အဆန်းသစ်ဆုံး နည်းပညာ ထုတ်ကုန်မှာ ပါလာတဲ့ Samsung အဝတ်လျှောက်စက်တစ်လုံး

ပြီးခဲ့တဲ့ CES ကမ္ဘာ့ နည်းပညာ ကုန်ပစ္စည်း ပြပွဲမှာ ပြသပြီး နည်းပညာ မီဒီယာများ ပေးတဲ့ဆုပေါင်းများစွာကို ရလိုက်တဲ့ ကုန်ပစ္စည်းက ကွန်ပြူတာ၊ စမတ်ဖုန်းများ မဟုတ်ပဲ Samsung ရဲ့ အဝတ်လျှော်စက် တစ်လုံး ဖြစ်နေပါတယ်။ Active Wash လို့အမည်ပေးထားတဲ့ အဝတ်လျှော်စက် ဖြစ်ပြီး ထူးခြားချက် အနေနဲ့က အဝတ်လျှော်စက်အပေါ်မှာ ရေဆေး ဘေစင် ပါလာခြင်း ဖြစ်ပါတယ်။ သူ့ကို sink လို့လည်း ခေါ်ပါတယ်။

ယင်းအပေါ်မှာ အဝတ်များကို အရင်ပြင်ဆင်ခြင်း လျှော်ဖွတ်ခြင်းတို့ကို ပြုလုပ်ရန် ရည်ရွယ်ထားပေးခြင်း ဖြစ်ပါတယ်။ အဝတ်များကို အဝတ်လျှော်စက်ထဲ တိုက်ရိုက်ထည့်လိုက်တာထက် အရင်လုံး အရောင်ချွတ်ဆေးထည့်တာတို့၊ ဆပ်ပြာနဲ့ အရင် ဆေးတာတို့ လုပ်ချင်တဲ့အခါ လုပ်လို့ရမှာ ဖြစ်ကြောင်း ဆိုပါတယ်။
အဝတ်လျှော်စက်ကို ကုမ္ဗဏီတိုင်းက ထုတ်လုပ်နေပေမယ့် ယင်းအပေါ်မှာ sink လေးတစ်ခု တပ်ဖို့တော့ လူတိုင်း မစဉ်းစားမိပါဘူး။ ဒါဟာလည်း innovate ဆိုတဲ့ ခေါင်းစဉ်အောက်ကို ဝင်သွားပြီး သူ့ကို ဆုရစေတဲ့ နောက်ပ် အကြောင်းတစ်ခုက ဈေးသက်သာ ခြင်း ဖြစ်ပါတယ်။
အမေရိကန်ဒေါ်လာ ၃၀၀ ဝန်းကျင်ထဲ ရှိတာကြောင့် မြန်မာကျပ်ငွေ သုံးသိန်းဝန်းကျင်ပဲ ကုန်ကျမှာ ဖြစ်ပါတယ။် Samsung အနေနဲ့ မြန်မာပြည် ဈေးကွက်ကိုလည်း ဖြန့်ချိ ရောင်းချသွားမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
Share on Google Plus

About Myanmar Memes

Copy Myanmar is myanmar content database. Collection of posts, news, images and content in Myanmar language found on World Wide Web.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment

Related Posts Plugin for WordPress, Blogger...