ဆုပေးပွဲတွင် ဖျော်ဖြေရင်း စင်မြင့်ပေါ်မှ လိမ့်ကျခဲ့သည့် မက်ဒေါနား

Brit Awards 2015 ဂီတဆုပေးပွဲတွင် ဖျော်ဖြေရင်း ပေါ့ပ်ဂီတ အဆိုတော် မက်ဒေါနားတစ်ယောက် စင်ပေါ်မှ ပြုတ်ကျခဲ့ကြောင်း သိရှိရသည်။

သူမသည် Living for Love သီချင်းကို သီဆိုဖျော်ဖြေရင်း စင်ပေါ်မှအဆင်း လှေကားပေါ်၌ ရှိနေစဉ် လိမ့်ကျခဲ့ခြင်း ဖြစ်သည်။ မက်ဒေါနား ဝတ်ဆင်ထားသည့် ဝတ်ရုံရှည်ကို အကသမားတစ်ဦးက ဖယ်ရှားလိုက်စဉ် ဟန်ချက်ပျက်သွားခြင်း ဖြစ်နိုင်ပြီး မက်ဒေါနား အနေဖြင့် အဆီအငေါ် မတည့်စွာ လဲကျသွားခဲ့သည်။
ဇန်နဝါရီ ၂၅ ရက် ညပိုင်းက ဖြစ်ရပ်နှင့် ပတ်သက်ပြီး မက်ဒေါနားက သူမ၏ သီချင်းစာသားဖြစ်သည့် "Nothing can stop me and love really lifted me up”ဟု Instagramတွင် ရေးသားခဲ့သည်။ လိမ့်ကျခဲ့သည့်တိုင် ပြန်ထပြီး ဆက်လက် ဖျော်ဖြေခဲ့သည့် သူမ၏ စူးစိုက်မှုကို ရည်စူး၍ မက်ဒေါနားက ယခုလို ရေးသားခဲ့ခြင်းဖြစ်ပြီး စိတ်ပူစွာ စုံစမ်းမေးမြန်းသည့် ပရိသတ်များကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
လန်ဒန်မြို့ရှိ အိုတူး အားကစားရုံကြီးတွင် ကျင်းပသည့် ဆုပေးပွဲ၌ အသက်(၅၆)နှစ်အရွယ် မက်ဒေါနားအတွက် ဒဏ်ရာဒဏ်ချက်အချို့ ရရှိစေခဲ့သော်လည်း အက်ဒ်ရှီယန်းနှင့် ဆမ်စမစ်သ်တို့အတွက်မူ ဆုနှစ်ခုစီ ရရှိပြီး ချိုမြိန်သော ကာလများကို ပိုင်ဆိုင်ခဲ့ရသည်။
(၃၅)ကြိမ်မြောက် Brits Awards ဆုပေးပွဲတွင် မက်ဒေါနားအပြင် တေလာဆွစ်ဖ်၊ ကင်ယီဝက်စ်၊ Take Thatတို့ကဲ့သို့ နာမည်ကြီး အနုပညာရှင်များကလည်း ပါဝင်အားဖြည့် ဖျော်ဖြေသွားခဲ့သည်။
Credit: 7daydaily
Share on Google Plus

About Myanmar Memes

Copy Myanmar is myanmar content database. Collection of posts, news, images and content in Myanmar language found on World Wide Web.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment

Related Posts Plugin for WordPress, Blogger...