ဝမ်းချုပ်စဉ် ဆောင်သင့်ရှောင်သင့်သော အစားအစာများ

ဝမ်းချုပ်တာဟာ လူတိုင်းမှာ ဖြစ် လေ့ဖြစ်ထရှိတဲ့ ပြဿနာ တစ်ခုပါ။ လူတိုင်း ဆိုပေမယ့် ကွဲပြားခြားနားတဲ့ ပုံစံ မျိုးစုံနဲ့ ဖြစ်လေ့ဖြစ်ထ ရှိတတ်ပါတယ်။ ဝမ်းမသွားဘဲ နှစ်ရက်၊ သုံးရက်လောက် ကြာလာချိန် မှာတော့ ဝမ်းသွားရခက်ခဲမှု နဲ့အတူ ဝမ်းသွားချိန်မှာ စအိုက နာကျင် လာပါတော့တယ်။ အချိန်ကြာလာရင် စ အိုကွဲရာကနေ သွေးပါလာ တတ်ပါတယ်။ ဝမ်းသွားနေ ချိန်မှာ မစားသင့်တဲ့ အစား အစာတွေရှိ ပါတယ်။ ဖော်ပြပါအစားအ စာတွေကို စားမိရင် သင့်ကို ဝမ်းပိုချုပ်စေ တဲ့အပြင် မအီမသာဖြစ်စေပါတယ်။


ရှောင်သင့်သော အစားအစာများ 

ဆော်ဒါပါဝင်တဲ့ ဖျော်ရည်တွေ၊ ဟော့ဒေါ့နဲ့ ဟမ်ဘာဂါလို အစားအစာ တွေ၊ ချောကလက်နဲ့ ချောကလက်ပါဝင် တဲ့ အစားအစာတွေကို ဝမ်းချုပ်နေချိန် မှာ ရှောင်သင့် ပါတယ်။ ပြောင်းဖူးပေါက် ပေါက်၊ ချိစ်နဲ့ ကိတ်မုန့်ခြောက်တွေကို ရှောင်ပါ။ ပီဇာတွေကိုလည်း အသီးအနှံနဲ့ ပြုလုပ်ထားတာမျိုးကိုသာ စားသင့်ပြီး အ သားနဲ့ ပြုလုပ်ထားတာမျိုးကို ရှောင်ပါ။ အသားတွေထဲမှာ ကြက်သားနဲ့ ကြက် ဆင်သားလိုမျိုး အဖြူရောင်အသားတွေ ကိုသာစားသင့်ပြီး ကင်စားတာထက် ချက်ပြုတ်စားသောက်တာက ပိုကောင်း ပါတယ်။ အကင်စာတွေကို ရှောင်ပြီး ရေ ခဲနဲ့ ရေခဲမုန့်တွေကိုလည်း ဝမ်းချုပ်နေစဉ် မှာ ရှောင်ပါ။ အသင့်ပြုလုပ်ထားတဲ့ အ စားအစာတွေကို ဝမ်းချုပ်နေစဉ် ခဏ ရှောင်ထားပါ။ ငှက်ပျောသီးနဲ့ ကာဗို ဟိုက်ဒရိတ်များတဲ့ အစားအစာတွေကို လည်းရှောင်ပါ။

စားသင့်သော အစားအစာများ 

ဝမ်းချုပ်နေစဉ်မှာ သံပရာသီးတစ် ခြမ်းကို ရေနွေးတစ်ခွက် ထဲမှာ ည§စ်ထည့် ပြီး တစ်နေ့တစ်ခွက်သောက်ပေးပါ။ ဂျုံနဲ့ ပြုလုပ်ထားတဲ့ အချိုနည်းမုန့်တွေနဲ့ လတ် ဆတ်တဲ့ သစ်သီးတွေကို စားပေးပါ။ စွပ် ပြုပ်၊ လက်ဖက်ရည်ကြမ်း၊ လိမ္မော်သီးနဲ့ ပျားရည်ရောထားတဲ့ ဖျော်ရည်မျိုးတွေကို သောက်ပေးပါ။ ဟင်းရွက်တွေနဲ့ ပြုလုပ် ထားတဲ့ စွပ်ပြုတ်မျိုးကတော့ ဝမ်းချုပ်နေ ချိန်မှာ အစားသင့်ဆုံး အစားအစာပဲဖြစ် ပါတယ်။ ဝမ်းချုပ်နေချိန်မှာ ငါးလည်းစား ပေးနိုင်ပါတယ်။

ဝမ်းချုပ်နေချိန် စားသင့်သော အစာစားနည်း ပုံစံ

ဝမ်းချုပ်နေချိန်မှာ အစာကို လျှော့ စားရမယ် ပိုစားရမယ် ဆိုပြီးမရှိပါဘူး။ ဒါ ပေမဲ့ တိကျမှန်ကန်တဲ့ စားသောက်မှုပုံစံ တော့ လိုအပ်ပါတယ်။

အချိန်မှန်မှန် စားသောက်ပါ 

မနက်ပိုင်း အစာများများစားတာ ကြောင့် တစ်နေ့တာလုံးအတွက် ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေပါတယ်။ လူ တစ်ယောက်အတွက် တစ်နေ့တာလုံး လှုပ်ရှားနေရမှာဖြစ်တဲ့အတွက် သင့်ခန္ဓာ ကိုယ်က စွမ်းအင်တွေလိုအပ်ပါတယ်။ မ နက်ခင်းအိပ်ရာက နိုးထလာချိန်မျိုးမှာ သင့်ခန္ဓာကိုယ်လှုပ်ရှားချိန် လောင်ကျွမ်း ဖို့ အစာကောင်းကောင်းစားထားဖို့လိုပါ တယ်။ မဟုတ်ရင် စွမ်းအင်တွေကို ခန္ဓာ ကိုယ်က ထုတ်သုံးရတဲ့အတွက် မောပန်း လွယ်တတ်ပါတယ်။ မနက်စာစားပေး တာကြောင့် အစာလည်း ကြေလွယ်ပြီး ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ် ပုံမှန်အလုပ်လုပ် နိုင်ပြီး ဝမ်းချုပ်မှုဖြစ်စဉ်ကို ရပ်တန့်သွား စေကာ ပုံမှန် ဝမ်းသွားစေနိုင်ပါတယ်။

အချိန်မှန်မှန် စားသောက်ပါ 

အစာစားချိန် မှန်ကန်မှုမရှိတာက လည်း သင့်ကို ဝမ်းချုပ်စေတဲ့ အကြောင်း ရင်းတစ်ခုပဲဖြစ်ပါတယ်။ အစာစားချိန် မ မှန်ကန်တာကြောင့် သင့်ခန္ဓာကိုယ်ထဲက အစာခြေစနစ်တွေက ပုံမှန်မဖြစ်ဘဲ ကြာ လာတဲ့အခါမှာ ဝမ်းချုပ်စေနိုင်ပါတယ်။ မနက်ပိုင်းစာကို ပုံမှန်စားပြီးပြီဆိုတာနဲ့ နေ့လယ် အနပ်ကြီးတစ်နပ်ကို ဘယ်အ ချိန်မှာ စားမယ်လို့ သတ်မှတ်ပြီး ပုံမှန် အဲဒီအချိန်အတိုင်း စားပေးပါ။

အမျှင်ဓာတ်ကို ပိုစားပါ 

အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာ တွေက အစာခြေစနစ်ကို ကောင်းမွန်စေ တာကြောင့်ပါ။ အမျှင်ဓာတ်က ဆာ လောင်မှုကိုလည်း ခံနိုင်ရည်ရှိစေတာ ကြောင့် အစာလျှော့စားနေသူ တွေအနေ နဲ့ အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာကို ပို စားပေးသင့် ပါတယ်။ လတ်ဆတ်တဲ့ ဟင်း သီးဟင်းရွက်တွေနဲ့ သစ်သီးဖျော်ရည်တွေ ကို သောက်သုံးပေးပြီး ထမင်းစားချိန် တိုင်း ရေတစ်ဖန်ခွက် လောက်တော့ သောက်ပေးပါ။ စားတဲ့ ထမင်းဟင်းထဲမှာ လည်း ဟင်းချို၊ စွပ်ပြုတ်တစ်ခွက် ပါဝင်အောင် စားသင့်ပါတယ်။ 

Good Health
Share on Google Plus

About Myanmar Memes

Copy Myanmar is myanmar content database. Collection of posts, news, images and content in Myanmar language found on World Wide Web.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment

Related Posts Plugin for WordPress, Blogger...