၂၀၃၆ တွင် ဥက္ကာခဲကြီးတစ်ခု ကမ္ဘာဝင်တိုက်မည်ဟု နာဆာတို့ ခန့်မှန်း

၂၀၃၆ ဆိုတော့ လာမယ့် ၂၃ နှစ်တာ ကာလမှာ ဖြစ်ပါတယ်။ အမေရိကန် အာကာသ လေ့လေ့ရေး သုတေသနဌာန NASA မှ ထုတ်ပြန်တဲ့ ခန့်မှန်း ချက် ဖြစ်ပါတယ်။ ယင်းခန့်မှန်းချက်အရ Apophis အမည်ရ ဥက္ကာခဲ ကြီး တစ်ခု ကမ္ဘာဝင်တိုက်မှာ ဖြစ်တယ်လို့ သိရပါတယ်။
မီတာ ၃၀၀ (ပေ ၉၈၀ကျော်) လောက် ဗျက်အကျယ်ရှိတဲ့ ဥက္ကာခဲ ဖြစ်ပြီး ယင်း ပေါက်ကွဲမှုကြောင့် ဟီရိုရှီးမားမြို့ မှာ ကွဲတဲ့ နျူကလိယဗုံးထက် အဆ ပေါင်း တစ်သန်းမက ပြင်းအား ရှိကြောင်း သိရပါတယ်။ ဒီတော့ ကမ္ဘာကြီး တစ်ခုလုံးကို ရိုက်ခတ်သွားနိုင်တဲ့ ကပ်ဘေး တစ်ခု ဖြစ်ပါတယ်။

ရှေးအခါ အီဂျစ် နက္ခတ်ပညာရှင်များ ပေးထားတဲ့ အမည်ရ Apphis လို့ ခေါ်ဆိုပြီး မှောင်လောကနဲ့ မရဏ တရားတို့ရဲ့  ဘုရားသခင်လို့ မှတ်ယူ ထားပါတယ်။ ဒါကြောင့် Apophis ဟာ တကယ်ပဲ ကမ္ဘာဖျက်မယ့် ဥက္ကာခဲ/ ဂြိုလ်သိမ်ဂြိုလ်မွားကြီး တစ်ခု ဖြစ်ကြောင်း သိရပါတယ်။
အီဂျစ် နက္ခတ်ပညာအရရော၊ ယနေ့ နာဆာနဲ့ ခေတ်မှီနည်းပညာ အရရော ထောက်လှမ်းမှုက လာမယ့် နှစ် ၂၀ ကျော်အတွင်း ကမ္ဘာကို ဥက္ကာခဲ ဝင်တိုက်မယ်ဆိုတာ သေချာ ခန့်မှန်း ထားကြပါတယ်။ ဒါကြောင့် ယင်း ကပ်ဘေးကို ဘယ်လိုရှောင်တိမ်းမယ်ဆိုတာကို နာဆာတို့ အစည်းအဝေး ထိုင် ဆွေးနွေးနေပြီလို့ ဆိုပါတယ်။ လန်ဒန်အခြေဆိုက် Near Earth Objects (ကမ္ဘာနှင့်နီးစပ်သော အရာဝတ္ထုများ) စောင့်ကြည့်ရေး အဖွဲ့ကလည်း ယင်းဥက္ကာခဲဟာ ကမ္ဘာကို တိုက်နိုင်ချေ ရှိမရှိ ပြန်လည် တွက်ချက်နေပါတယ်။ အကယ်၍ တိုက်ရင်တောင် ကမ္ဘာ့လေထုကြောင့် အားလျော့ပြီး ပျက်ပြယ်သွားနိုင်မနိုင်ဆိုတာတွေကိုလည်း အဖြေရှာနေပါတယ်။
မဖြစ်မနေ ကြုံတွေ့ရမယ်ဆိုရင်တောင် ယင်းကပ်ဘေးအတွက် ကမ္ဘာ့ထိပ်တန်း အာကာသ ခရီးသွားနိုင်ငံများ ပူးပေါင်းလို့ ဘယ်လိုဖြေရှင်းမလဲ ဆိုတာ စောင့်ကြည့်လျက် ရှိကြောင်း သိရပါတယ်။
Aung Kham
Share on Google Plus

About Myanmar Memes

Copy Myanmar is myanmar content database. Collection of posts, news, images and content in Myanmar language found on World Wide Web.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment

Related Posts Plugin for WordPress, Blogger...