မယုံနိုင်စရာကောင်းတဲ့ ရော်နယ်ဒိုရဲ့ စွမ်းဆောင်မှု ၇မျိုး

(၂၀၁၃)အတွက် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုပေးပွဲ နီးလာချိန်မှာ မက်ဆီ၊ ရော်နယ်ဒို၊ ရီဘာရီတို့(၃)ဦး ရေပန်းအစားဆုံး ဖြစ်နေပြီး မက်ဆီကတော့ ဒဏ်ရာပြဿနာကြောင့် (၂)လလောက်အနားယူရမှာဖြစ်တဲ့အတွက် တစ်ပန်းရှုံးနေပါတယ်။ ဒါ့အပြင်    ရော်နယ်ဒိုက အခုနှစ်ထဲမှာ မက်ဆီထက် ဂိုးပိုသွင်းထားနိုင်တဲ့အချက်ကလည်းရှိနေပြန်တာကြောင့်
ရော်နယ်ဒိုက ဆုရဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ ရော်နယ်ဒိုဟာ မန်ယူကနေ ရီးရဲလ်ရောက်ပြီးနောက် မက်ဆီနဲ့ ယှဉ်ပြိုင်ရင်းကနေခြေစွမ်းပိုကောင်းလာခဲ့ပြီး   သူ့ရဲ့ ကစားသမားဘ၀တစ်လျှောက် အံ့အားသင့်ဖွယ် အကောင်းဆုံး စွမ်းဆောင်မှု(၇)ခုအကြောင်း တင်ပြလိုက်ပါတယ်။

၁။ ။ တစ်နာရီ ကီလိုမီတာ(၁၃၀)အရှိန်ရှိတဲ့ပြစ်ဒဏ်ဘောကန်သွင်းမှု
ဒီနှုန်းထားအရ တစ်စက္ကန့်ကို (၃၂.၁)မီတာ အရှိန်ရှိပြီး တစ်စက္ကန့်ကို (၇.၃)မီတာပဲ သွားနိုင်တဲ့ အပိုလို ၁၁ အာကာသယာဉ်ထက် (၄)ဆ ပိုမြန်နေတာပါပဲ။
၂။ ။ တိုယိုတာကား(၁၆)စီးကို မနိုင်တဲ့ လေ့ကျင့်မှု
ရော်နယ်ဒိုဟာ လေ့ကျင့်ရေး အစီအစဉ်မှာ (၂၃၀၅၅)တန် မနိုင်ပြီး ဒီအလေးချိန် ပမာဏဟာ တိုယိုတာပိုင်းရပ်စ် ကား(၁၆)စီးနဲ့ တူညီနေပါတယ်။
၃။ ။ စူပါမော်ဒယ်တွေထက် အဆီနည်းတဲ့ခန္ဓာကိုယ်ဖွဲ့စည်းမှု
အတွင်းခံကြော်ငြာတွေမှာ ရော်နယ်ဒိုရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းမှု ကျစ်လစ်လှပတာကို မြင်တွေ့ရပြီးသား ဖြစ်မှာပါ။ ဒါ့အပြင် ရော်နယ်ဒိုဟာ ခန္ဓာကိုယ်မှာ အဆီ(၁၀) ရာခိုင်နှုန်းပဲရှိပြီး ခန္ဓာကိုယ် အဆီပို (၁၃.၈)ရာခိုင်နှုန်းအထိ ရှိတဲ့ စူပါမော်ဒယ်တွေထက် နည်းပါးနေတယ်လို့ သိရပါတယ်။
၎။ ။ ရော်နယ်ဒိုပြေးတဲ့ အကွာအဝေး
မိနစ်(၉၀)အထိ ကစားရတဲ့ ပွဲစဉ်တစ်ပွဲတိုင်းမှာ ရော်နယ်ဒိုက ပျမ်းမျှအားဖြင့် (၁၀.၅)ကီလိုမီတာ အကွာအဝေးအထိ ပြေးလေ့ရှိပါတယ်။
၅။ ။ မိုနာကိုဂရင်းပရီက ဖော်မြူလာဝမ်းကားတွေအတိုင်း
တစ်ပွဲပျမ်းမျှ (၁၀.၅)ကီလိုမီတာ အကွာအဝေးထိ ပြေးတဲ့အခါ ရော်နယ်ဒိုက ပျမ်းမျှအားဖြင့် (၉၃၆)ကြိမ် ပြေးလမ်းကြောင်း ပြောင်းတတ်ပြီး ဒိအနေအထားဟာ မိုနာကို ဂရင်းပရီပြိုင်ပွဲက ဖော်မြူလာဝမ်းကားတွေနဲ့ ထပ်တူကျနေတဲ့ မြန်ဆန်မှုမျိုးပါပဲ။
၆။ ။ ကျားသစ်တွေထက် ပိုပြီးအဝေးခုန်ကောင်းတယ်
ကက်စထရိုက ပညာရှင်တွေရဲ့ ခွဲခြမ်းစိတ်ဖြာမှုအရဆိုရင် တောရိုင်းကျားသစ်တွေ ခုန်တာထက် ရော်နယ်ဒို ခုန်တာက (၅)ဆပိုဝေးပါတယ်တဲ့။
၇။ ။ NBAက ဘက်စဘောသမားတွေအားလုံးထက် ပိုခုန်နိုင်တယ်
မန်ယူကစားသမားဘ၀က ချဲလ်ဆီးနဲ့ပွဲ၊ ရီးရဲလ်ကစားသမားဘ၀မှာ မန်ယူနဲ့ပွဲတွေတုန်းက ရော်နယ်ဒို သွင်းယူခဲ့တဲ့ ခေါင်းတိုက်သွင်းဂိုးတွေက ဒီအချက်ကို သက်သေခံနေပါတယ်။ ရော်နယ်ဒိုဟာ ၇၈ စင်တီမီတာကနေ ၈၁ စင်တီမီတာအထိ ခုန်နိုင်ပြီး သူခုန်တဲ့အမြင့်က NBA မှာ ကစားနေတဲ့ ဘက်စကတ်ဘောသမားတွေထက် ပိုမြင့်နေတာပါပဲ။
ဇော်ထွန်း(ရိုးရာလေး)
Share on Google Plus

About Myanmar Memes

Copy Myanmar is myanmar content database. Collection of posts, news, images and content in Myanmar language found on World Wide Web.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment

Related Posts Plugin for WordPress, Blogger...