မြန်မာကျပ် သိန်း ၆၀ ကျော်တန် စမတ်ဖုန်း Vertu Constellation


















Vertu ဆိုတာ ဗြိတိန်နိုင်ငံ အခြေဆိုက် ဇိမ်ခံမိုဘိုင်းဖုန်း ထုတ်လုပ်တဲ့ ကုမ္မဏီဖြစ်ပါတယ်။ ဇိမ်ခံမိုဘိုင်းဖုန်းဆိုတာ ဒီလိုပါ။ သာမန်ဖုန်းတွေကိုမှ ကမ္ဘာ့ဈေးကြီး ပစ္စည်း ဖြစ်အောင် အသေအချာ အကျအန ပြင်ဆင်ထုတ် လုပ်ခြင်း ဖြစ်ပါတယ်။

အခြားကုမ္မဏီများက ထုတ်တဲ့ ဖုန်းများကို ပြင်ဆင်ခြင်းနဲ့အတူ သူတို့ ကိုယ်တိုင် ထုတ်တဲ့ စမတ်ဖုန်းများလည်း ရှိပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ ဖုန်းကတော့ သူတို့ ကိုယ်တိုင်ထုတ်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။

vertu Constellation စမတ်ဖုန်းလို့ အမည်ပေးထား ပါတယ်။ တိုက်တေနီယမ် ဂရိတ်-၅ ကို အသုံးပြုပြီး Based Body ကိုတည်ဆောက်ထားတာပါ။ Stainless Steel ထပ် ၂ ဆ သန်မာပြီး တစ်ဝက်တိတိ အလေးချိန် ကျသွားကြောင်း ဆိုပါတယ်။ မျက်နှာပြင် အရွယ် ၄.၃ လက်မ ရှိတဲ့ 720p display ကို အသုံးပြုထားပြီး ၅.၁ လက်မ Sapphire crystal နဲ့ ဖုံးအုပ်ထားခြင်းပါ။ ကွဲလဲမကွဲနိုင်သလို၊ စွန်းရာလည်း မထင်ပါဘူး။ စိန် အစစ်နဲ့ ဖျက်မှာ ပျက်မယ့်၊ ထိမယ့် မျက်နှာပြင်ဖြစ်ကြောင်း အာမခံ ထားပါတယ်။

ဖုန်းရဲ့ နည်းပညာ Specification က ဒီလို ရှိပါတယ်။ Processor – 1.7 GHz Qualcomm Snapdragon dual core , ကင်မရာ 13 Megapixel ရှိပြီး aptX support Bluetooth, NFC တို့ ပါဝင်ပါတယ်။ OS က Android 4.2 Jelly Bean ကို အသုံးပြု ထားပါတယ်။ London Symphony Orchestra ကနေ Vertu ကို ဖန်တီးထားတဲ့ selection ringtone များကို ထည့်ပေးထား တယ်လို့ ဆိုပါတယ်။

ထူးခြားချက်က ဒီမှာ တကယ်လာပါပြီ။ ရေးသားပြောဆိုချက်များအရ ကတော့ iPass လို့ခေါ်တဲ့ Global Wi-Fi access ပါဝင်တယ်လို့ ဆိုပါ တယ်။ မြန်မာပြည်မှာ သုံးလို့ရမရတော့ မသိပါဘူး။ Personal /Corporate security service များကိုလည်း ထည့်သွင်းပေးထားပြီး Protector Service Group နဲ့ Kaspersky က အာမခံ ထားတာပါ။ ဒီတော့ ကမ္ဘာ့လုံခြုံရေး အကောင်းဆုံး စမတ်ဖုန်း စာရင်းထဲမှာလည်း ပါဝင်လာအုံးမယ့်ဖုန်း ဖြစ်ပါတယ်။

ဒီတော့ ဈေးနှုန်းကလည်း မသက်သာပါဘူး။ ယူရိုငွေ ၄၉၀၀ ရှိပြီး အမေရိကန်ဒေါ်လာနဲ့ တွက်တော့ ၆၆၂၆ ဒေါ်လာတောင် ဖြစ်ပါတယ်။ ဒီတော့ မြန်မာငွေနဲ့ တိုက်ရိုက်တွက်ရင် သိန်း ၆၀ အထပ် ရှိပေမယ့် တကယ်ဝယ်ဖို့ မှာရင် သိန်း ၇၀ လောက်ရှိထားမှ အဆင်ပြေမယ် ထင်ပါတယ်။ Elegant ဖြစ်ပြီး တစ်သီးပုဂ္ဂလ ဆန်နေမယ့် စမတ်ဖုန်းမျိုးပါ။ နည်းပညာ Specification ထပ်၊ အပြင် အမြင်ပဿဓနဲ့ စိတ်ကို ဈေးကြီးကြီး စမတ်ဖုန်း ကိုင်ပါတယ် ဆိုတဲ့ psycho လေး ဝင်ဖို့ ပို ရွယ်ရွယ်ပုံ ပေါက်ပါ တယ်။ Vertu ကုမ္မဏီမှ အော်ဒါစနစ်နဲ့ ပြု လုပ် ရောင်းချပေးကြောင်း သိရပါတယ်။
.
Ref: pocketlint
အောင်ခမ်း ( TSJ Team )
Share on Google Plus

About Myanmar Memes

Copy Myanmar is myanmar content database. Collection of posts, news, images and content in Myanmar language found on World Wide Web.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment

Related Posts Plugin for WordPress, Blogger...