အင်တာနက် အလကားမရနိုင်တဲ့ နေရာ ( No Free Wifi Zone )

ခေါင်းစဉ် ကို ကြည့်ရင်တော့ ဂွကျတယ်လို့ ထင်မိမှာပါ။ Wifi ဖရီးမရတဲ့ နေရာတဲ့ ။ ဇာတ်လမ်းက ဒီလိုပါ။

လူစည်ကားတဲ့ နေရာအတော်များများ နဲ့  စားသောက်ဆိုင်များမှာ လူဝင်လူထွက် များစေလိုတဲ့ အခါ အင်တာနက် အလကားအသုံးပြုနိုင်တာတို့  ၀ိုင်ဖိုင်အင်တာနက် အသုံးပြုနိုင်တာတို့ နဲ့  လူများကို ဆွဲဆောင် တက်ကြပါတယ်။


အခု နေရာကတော့ No Wifi Zone ပါ ။ အင်တာနက် မရနိုင်တာ မဟုတ်ပါဘူး။ အင်တာနက် တမင်ကို ပိတ်ထားတာ ဖြစ်ပါတယ်။ ငါးမီတာ ပတ်လည်မှာ ဘာအင်တာနက် လိုင်းကိုမှ ဖွင့်မထားဘဲ ပိတ်ထားတာ ဖြစ်ပါတယ်။ကိုယ်ပိုင်အင်တာနက်တောင် အသုံးမပြုနိုင်ပါဘူး။
ဘာကြောင့်လဲ..?

လူတွေဟာ မိမိတို့  အားလပ်ချိန် ၊ အလုပ် နားချိန်နဲ့ ထမင်းစားချိန်တွေမှာတောင် မိမိတို့  ဆီမှာ ရှိတဲ့ အီလက်ထရောနစ် ပစ္စည်းများနဲ့ အင်တာနက် သုံးရင်း အချိန်ကုန်နေကြတာ များပါတယ်။ ဒီတော့ လူအချင်းစကားပြောချိန်တွေ နည်းလာပါတယ်။ စာအုပ်ဖတ်ချိန်တွေ မရှိတော့ပါဘူး ။ သတင်းစာ ယူဖတ်မဲ့ သူလည်း မရှိတော့ပါဘူး ။

ဒီလို အဖြစ်တွေကို တဒင်္ဂ အနေနဲ့ ဖြစ်ဖြစ် ပြန်ပြီး ဆိုရှယ်ကျတဲ့ နေရာလေး တစ်ခု အဖြစ် အင်တာနက် ၀ိုင်ဖိုင် မရနိုင်တဲ့ တစ်နေရာကို တမင်ဖန်တီးလိုက်တာ ဖြစ်ပါတယ်။
ဟုတ်ပါတယ်။ ကျနော်တို့  လူမှု အသိုင်းအ၀ိုင်းများကြားမှာ ဆိုရင်လည်း သူငယ်ချင်း မိတ်ဆွေ အချင်းချင်း တွေ့ ဆုံကြတဲ့ အခါမှာလည်း မိမိတို့  စမတ်ဖုန်းများကို ထုတ်ကလိရင်း စကား ပြော နည်းခဲ့ကြတဲ့ နေ့ ရက်တွေ များလာတာကို ကြုံရပါတယ်။ အချင်းချင်းတွေ့ ရင်လည်း လူမှု ကိစ္စထက် Facebook ကိစ္စ ၊ ဖုန်း Application ကိစ္စ ၊ အွန်လိုင်း သတင်းကိစ္စ စတာတွေ ချည်း ပြောဖြစ်ကြတာကို သတိပြုမိ ပါတယ်။

ဒီလိုမျိုး အခြေအနေဆိုတာ ဖွံ့ ဖြိုးပြီး နိုင်ငံများမှာ အဖြစ်များလွန်းတဲ့ အတွက် အခု နောက်ပိုင်း ပညာရှင်များဟာ ပြန်ပြီး Social ကျတဲ့ Live Community ကို ပြန်လည် ဖန်တီးဖို့  စဉ်းစားလာကြတာ ဖြစ်ပါတယ်။ အခုလည်း စတင် အကောင်အထည် ဖော်လာကြပါပြီ။
ကျနော်တို့  ဆီမှာရော..?

ဖြစ်လာနေပါပြီ..။ ဥပမာ ကိုယ်တွေ့ တစ်ခု အနေနဲ ကျနော် Trainer အနေနဲ့ 
တိုင်း မြို့ လေး တစ်ခုကို သင်တန်းသွားပေးရတဲ့ အခါ ..။ ညပိုင်းရောက်တော့ Trainee လူငယ်တစ်ချို့ က လက်ဖက်ရည် သောက်ဖို့ ခေါ်ပါတယ် ။

သူတို့ ဆီက လူငယ်အများစု လာရောက်တက်တဲ့ နာမည်ကြီး လက်ဖက်ရည် ဆိုင်ကို ခေါ်သွားပါတယ် ။ ဘယ်လို နာမည်ကြီးတာလဲ ဆိုတော့ ..၀ိုင်ဖိုင် အင်တာနက် အလကား လွတ်ထားပါတယ်။ လက်ဖက်ရည် လာသောက် သူတိုင်း မိမိဖုန်းနဲ့ အင်တာနက် အသုံးပြုနိုင်ပြီး လာရောက်ကြတဲ့ လူအများစုဟာ လူငယ်တွေဖြစ်ပါတယ်။

သူတို့ ဘာလုပ်ကြသလဲ..?

ဖုန်းနဲ့  ဖေ့ဘွတ်ကို အသုံးပြုကြပါတယ်။ ဖုန်း Application တွေကို ဒေါင်းလုခ် လုပ်ကြပါတယ်။ ဖုန်းနဲ့ ချက်တင် လုပ်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် စကားသိပ်ပြောကြတာလည်း မရှိသလောက်ပါပဲ။ တကယ် စိုးရိမ်စရာပါ။

Mobilization ဖြစ်ပေါ်လာတဲ့ အချိန်ကာလမှာ ဒီထက်ပိုပြီး ဆိုးရွာလာဖို့ ပဲ ရှိပါတယ်။ ဒီတော့ ကျနော်တို့ တစ်တွေ ဘာလုပ်နိုင်ကြမလဲ..? နည်းပညာကလည်း လူကို ရူးသွပ်မှု ဖြစ်စေပါတယ်။ ဒီလို ဖြစ်ပေါ် လာတာကို တားဆီးလို့ တော့ ရနိုင်မည် မထင်ရပါ။ ၀ိုင်းဝန်း အဖြေရှာ ရမှာတော့ သေချာပါတယ်။

Credit – Lynntazaung
Share on Google Plus

About Myanmar Memes

Copy Myanmar is myanmar content database. Collection of posts, news, images and content in Myanmar language found on World Wide Web.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment

Related Posts Plugin for WordPress, Blogger...