အဖေ့ရဲ့ ဆန္ဒ

အဘိုးအို တစ်ဦးဟာ ရွာလေး တစ်ရွာမှာ တစ်ယောက်ထဲ နေထိုင်ပါတယ်။
သူပိုင်တဲ့ ခြံလေးမှာ အာလူးတွေ စိုက်ဖို့  ကြိုးစားပေမဲ့ အသက်အရွယ် က စကားပြောလာတော့ အရင်ကလို အလုပ်မလုပ်နိုင်တော့ဘူး။


ခြံကို အားသုံးပြီး မြေတွေ တူးဆွဖို့ လိုနေတယ်လေ။
အဘိုးအိုကို ကူညီပေးနိုင်မဲ့ တစ်ဦးတည်းသော သားကလည်းပြစ်မှု တစ်ခုနဲ့ 
ထောင်ကျလို့ နေရှာတယ်။ ဒီလိုနဲ့ သားကို သတိရပြီး စာတစ်စောင် ရေးလိုက်တယ်။
အဘိုးအို အခုဖြစ်ဖျက်နေတဲ့ အခြေအနေတွေကို သားသိအောင်
ဒီလို ရေးလိုက်ပါတယ်။

“ချစ်တဲ့ သားလေး
ဖေဖေ အခုတလော စိတ်ထဲမှာ နေလို့ မကောင်းဘူး။ ဘာလို့ လဲဆိုတော့ ဒီနှစ် ဖေဖေတို့ ခြံအတွက်အာလူးစိုက်ဖို့ ကို မြေတောင် မတူးနိုင်တော့ဘူး သားရယ်။ ဖေဖေ ဒီလိုမလုပ်နိုင်တာကို စိတ်ညစ်မိတယ်။

ဒီ ခြံလေးက သွားလေသူ သားမေမေကိုယ်တိုင် အပင်လေးတွေနဲ့ ဝေေ၀ဆာဆာ စိုက်ပျိုးခဲ့တာလေ။ အခု သား သာ ရှိနေရင် ကောင်းမှာပဲ ။ သားက ဖေဖေ့ အစား ခြံထဲက မြေတွေကို တူးဆွရင်း သားမေမေကြိုက်တဲ့ အာလူးတွေလည်း စိုက်နိုင်မှာ။ သား သာ ထောင်မကျနေရင် ဖေဖေ့အစား တူးပေးနိုင်မယ် မဟုတ်လား သားရေ။

ချစ်တဲ့ ဖေဖေ ”

ဒီစာကို ပို့ ပြီး မကြာခင်မှာပဲ.. ထောင်ထဲက သားဖြစ်သူ ဆီကနေ ကြေးနန်းစာတို တစ်စောင်ရောက်ရှိလာပါတယ်။

“ဖေဖေ ခြံထဲက မြေတွေကို မတူးမိပါစေနဲ့ ။ သား အဲ့ဒီမှာ လက်နက်တွေ မြုပ်ထားတယ်။ ”
မကြာပါဘူး ။နောက်တစ်နေ့ မနက်မှာပဲ ရဲတွေ ရယ် ရပ်ကွက်လူကြီးတွေရယ် ရောက်လာပြီး သတင်းရထားတဲ့ လက်နက်ရှာရန် အတွက် တစ်ခြံလုံးက မြေတွေကို တူးဆွပါတော့တယ်။ ဒါပေမဲ့ တစ်ခြံလုံးသာ နှံ့ သွားတာ ဘာလက်နက်မှ မတွေ့ ပါဘူး ။ ဒီလိုနဲ့  ရွာထဲမှာ ဆူဆူညံညံတော့ ဖြစ်သွားတာပေါ့။

စိတ်ရှုပ်သွားတဲ့ အဘိုးအိုဟာ သူ့ သားဆီကို စာပြန်ရေးလိုက်ပါတယ်။
ခြံထဲကို ရဲတွေ လာရှာတဲ့ အကြောင်းနဲ့  သူသား ဘာတွေ လုပ်ထားသလဲ ဆိုတာကို မေးလိုက်တာပါ။

အဘိုးဟိုရဲ့ သားဆီက စာပြန်လို့ လာပါတယ်။

“အဖေရေ..အခု အဖေစိုက်ချင်တဲ့ အာလူးတွေ စိုက်လို့ ရပြီထင်တယ်။
ဖေဖေ့ အတွက် သားတတ်နိုင်တာလေးကို ဒီနေရာကနေ ပဲ အကောင်းဆုံး လုပ်ပေးလိုက်တာပါ…”

Credits – Lynntazaung
Share on Google Plus

About Myanmar Memes

Copy Myanmar is myanmar content database. Collection of posts, news, images and content in Myanmar language found on World Wide Web.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment

Related Posts Plugin for WordPress, Blogger...