ဝါးပိုးဝါးနဲ့ ရိုးသားနိုးကြား ကြိုးစားလို့ သူအောင်မြင်

အမေရိကဆိုတာ ရုပ်ဝတ္တုပစ္စည်းတိုးတက် ထွန်းကားတဲ့ နိုင်ငံဖြစ်လို့ထင်ပါရဲ့။ အသုံးဆောင်ပစ္စည်း တစ်ခုခု ဟောင်းနွမ်းသွားတာနဲ့ အမှိုက်ပုံကို လွှင့်ပစ်လိုက်ကြတယ်။ အဟောင်းသွားရင် အသစ်လာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ပေါ့။ ပြီးတော့ သူတို့ ဘဝအခြေအနေအရ လူတော်တော်များများဟာ ကိုယ့်ရဲ့ မျှော်လင့်ချက်ပြည့်ဝဖို့ အကောင်အထည်ဖေါ်နိုင်ခွင့်ရှိကြတယ်။ ရာခိုင်နှုန်းတော်တော်များများအရလည်း ကိုယ့်ရဲ့ ဆန္ဒနဲ့ မျှော်လင့်ချက်တွေ ပြည့်ဝနိုင်ကြတယ်။


ရာသီဥတု ပူနွေးနေတုန်းမို့ ကိုယ့်ပတ်ဝန်းကျင်က အခြေအနေတွေကို လမ်းထွက်လျှောက်ရင်း ဟိုနားသည်နား မကြာခဏသွားပြီး ကျွန်တော် ငေးကြည့်တယ်။ လေ့လာတယ်။ အော်တို ဝပ်ခ်အော့ဖ်လို့ ခေါ်တာပေါ့။ အမှန်တော့ သဘောင်္၊ မော်တော်ဘုတ်၊ မော်တော်ကား အင်ဂျင်စက်တွေနဲ့ ပတ်သက်ပြီး လိုအပ်တာကို စိတ်တိုင်းကျပြုပြင်ပေးတဲ့ အလုပ်ရုံကြီးတစ်ရုံနားကို ရောက်သွားတယ်။ ဝါရင့် စက်ပြင်ဆရာကြီးတွေနဲ့ စက်ပြင်ဆင်ရေးသမားလူငယ်တချို့ အလုပ်လုပ်နေကြတယ်။
သူတို့ အလုပ်ရုံကြီးက ထုံးစံအတိုင်းခေတ်မီတာပေါ့။ စက်အပိုပစ္စည်း ကရိယာတွေကလည်း လိုလေသေးမရှိစုံလင်လှတယ်။ ကျွန်တော်က မလှမ်းမကမ်းကတဆင့် သူတို့တတွေလုပ်ကိုင်နေတာကို အကဲခတ်နေမိတယ်။ အင်ဂျင်စက်ကို အလုံးလိုက်အသစ်လဲလှယ်စရာရှိရင် လဲလှယ်ပစ်လိုက်ပြီး၊ အဟောင်းကို အမှိုက်ကားလာရင်တင်ပေးဖို့ သွားပစ်ထားလိုက်တာလည်း တွေ့ရတယ်။ အင်ဂျင်စက်တစ်လုံးက စက်ပစ္စည်း တစ်ခုချို့ယွင်းတာကိုလည်း ချို့ယွင်းသွားတဲ့အစိတ်အပိုင်းကို အလျင်အမြန်ဖြုတ်လိုက်တယ်။ ပြီးတော့ အကောင်းဆုံး အစိတ်အပိုင်းအသစ်တစ်ခု အစားထိုးလဲလှယ်တပ်ဆင်လိုက်တာပါပဲ။

ဒါကိုမြင်တော့ ကျွန်တော်တို့ ငယ်စဉ်က မြန်မာနိုင်ငံ ကို ရောက်လာတဲ့ခရီးသည်တင်နှစ်ထပ် သဘောင်္ကြီးတွေအကြောင်း ပြန်ပြီး စဉ်းစားမိတယ်။ အဲဒီ့တုန်းက နိုင်ငံခြားတိုင်းပြည်တွေ က ရောက်လာခါစ နှစ်ထပ်သဘောင်္ကြီးတွေဟာ ရေနွေးငွေ့အင်ဂျင်စက်နဲ့ မောင်းနှင်ရတဲ့ သဘောင်္ကြီးတွေပါ။ မြန်မာအစိုးရက နိုင်ငံခြားငွေနဲ့ ဝယ်ယူတင်သွားလာတဲ့ သဘောင်္ကြီးတွေပေါ့။ မြစ်တွင်းသွား သဘောင်္ကြီးတွေ၊ ပင်လယ်ကမ်းရိုးတန်းသွား သဘောင်္ကြီးတွေဆိုတာက လွတ်လပ်ရေးရပြီးခါစမှာ ဟိုသွားရ၊ ဒီသွားရနဲ့ မနားကြရဘူးလေ။ ခရီးသည်တွေ၊ ကုန်ပစ္စည်း တွေကို သယ်ယူပို့ဆောင်နေကြရတာကိုး။ သဘောင်္ကို ကိုင်တွယ်မောင်းနှင်တဲ့ ဆလင်ဆိုတာ က မြန်မာလိုတော့ ရေယာဉ်မှူးပေါ့။

ကျွန်တော်မှတ်မိသလောက် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး သဘောင်္ကြီးတွေမှာ မြန်မာလူမျိုး သဘောင်္သားနဲ့ ကုလားလူမျိုး သင်္ဘောသားရောနှောပြီး လုပ်ခဲ့ကြပါတယ်။
ရေယာဉ်မှူး၊ စက်ဆရာ၊ စက်ပြင်သမား၊ တက်မကိုင်၊ ရိုးရိုး ကုန်းပတ်သဘောင်္သား၊ သဘောင်္စာရေး၊ ကုန်တင်၊ ကုန်ချ၊ ကုန်သိုလှောင်ခန်း တာဝန်ခံ စသဖြင့် ရှိကြရာမှာ မြန်မာတိုင်းရင်းသားတွေနဲ့ အိန္ဒိယတိုင်းဖွား သင်္ဘောသားတွေရောထွေးအလုပ်လုပ်ခဲ့ကြတယ်။ ဟိုတုန်းက ကျွန်တော်တို့ ဘိုးဘွား မိဖများနေထိုင်တဲ့ မြစ်ဝကျွန်းပေါ်ဒေသ က တောမြို့ကလေးဆိုတာ မော်တော်ကားလမ်းမပေါက်တော့ ခရီးသွားရင် သဘောင်္စီးကြရပါတယ်။

ရန်ကုန်ကိုလာရင် တစ်နေကုန် သဘောင်္စီးပြီးမှ ရောက်ပါတယ်။ ရန်ကုန်က တဆင့်ကိုယ့်မြို့ကို ကိုယ်ပြန်ရင်လည်း တစ်နေကုန် သဘောင်္စီးကြရပါတယ်။ လမ်းမှာ တစ်ထောက်နားပြီး ကုန်တင်ကုန်ချလုပ်တာရှိသလို ခရီးသည်အတက်အဆင်းရှိတတ်ပါသေးတယ်။ မှတ်မိတဲ့ ထူးခြားဖြစ်စဉ် တစ်ခုကို ပြောပြပါ့မယ်။ တစ်ခါမှာတော့ ကျွန်တော့်အဘွားရယ်၊ ကျွန်တော်ရယ် ရန်ကုန်ကို ခဏလာပြီး ကျွန်တော်တို့ရဲ့ တောမြို့ကလေးဆီ ကို ခရီးသည်တင်နှစ်ထပ် သဘောင်္ကြီးစီးပြီး ပြန်ကြပါတယ်။ မြို့ရွာမနီးတဲ့ လမ်းခုလတ် တောတန်းမြစ်ကွေ့တစ်နေရာရောက်တော့ သဘောင်္ကြီး စက်ပျက်ပါလေရော။ နီးရာမြစ်ကမ်းစပ်သစ်ပင်တွေမှာ ကြိုးတွေချည်ပြီး ရပ်နားလိုက်ရတယ်။ မှတ်မှတ်ရရ။

သေဘာၤစက္ဆရာက ျမန္မာလူမ်ိဳး။ မြန်မာလူရွယ်တစ်ယောက်ပါ။ သူ့လက်အောက်မှာ အလုပ်လုပ်နေကြတဲ့ စက်ပြင်သမား သဘောင်္သား နှစ်ယောက်ဟာ အိန္ဒိယလူမျိုးနှစ်ယောက်ပါ။ စုံစမ်းကြည့်ကြတော့ သဘောင်္အင်ဂျင် စက်က ရိုင်းရှပ်က အရည်ပျော်သွားတာတဲ့။ စက်အပိုပစ္စည်းလည်းမရှိကြဘူး။ ရန်ကုန် ရုံးချုပ်က ဂိုဒေါင်မှာ သွားထုတ်မှ ရမယ့် စက်ပစ္စည်းတဲ့။ ဘယ့်နှယ်လုပ်ကြမလဲပေါ့။ ဟိုခေတ်က ဓါးပြ လူဆိုး အန္တရာယ်ကြောက်ရတဲ့ခေတ်။ ဒီလို တောလမ်းမြစ်ကွေ့မှာ ကြာကြာ ရပ်နားရင် ခရီးသည်တွေအတွက် အန္တရာယ်ရှိနိုင်တယ်။ မြန်မာလူမျိုး စက်ပြင်ဆရာ လူရွယ်က ဖြတ်ထိုးဥာဏ်နဲ့ စက်ပြင်တဲ့ ပညာသိပ်တော်ပါတယ်။

ဒါတကယ့်ဖြစ်ရပ်မှန်ပါ။ မြစ်ကမ်းစပ်ပေါ်တက်သွားပြီး ဝါးပိုး ဝါးစိမ်းစိမ်းကြီးတစ်လုံးကို ခုတ်ယူလာခဲ့တယ်။ ပြီးတော့ ဝါးပိုး ဝါးနှစ်ခြမ်းကို စိတ်ရှည်လက်ရှည်နဲ့ အသွားထက်တဲ့ ဆောက်ကလေးနဲ့ လွှာပြီး တိုင်းထွာတယ်၊ ကရိုင်းရှပ်ဘယ်ရင်ခြမ်းပုံစံ ဖြစ်အောက်သူ့လက်နဲ့ ပုံဖော်တာပါ။ ပြီးတော့ အဲဒီ့ ဝါးပိုးဝါးကို ပုံဖော်ထားတဲ့ ဘယ်ရင်ခြမ်း ပုံစံပေါ်မှာ အင်ဂျင်ဝိုင်အဝင်အထွက် အပေါက်ကို လွန်သွားနဲ့ သေသေသပ်သပ် ဖေါက်လိုက်တယ်။ ပြီးတော့မှ အင်ဂျင်ဝိုင်စက်ကြီးက အရည်ပျော်သွားတဲ့ မူလသတ္တုအရောအနှောဘယ်ရင်ခြမ်းနေရာမှာ ယာယီဝါးပိုးဝါး ဘယ်ရင်ခြမ်းကို တပ်ဆင်ဖမ်းယူလိုက်တယ်။ ပြီးတော့ သဘောင်္ရေယာဉ်မှူးကို ပြောလိုက်တယ်။

“ကဲ…စိတ်ချလက်ချသာ မောင်းသွားပေတော့၊ ကွမ်းခြံကုန်းရောက်တဲ့အထိ ကျုပ်စက်ကို ကျုပ်တာဝန်ယူတယ်ဗျာ”တဲ့။ နည်းပညာများ ဆန်းကြယ်လိုက်တာ။ လမ်းမှာ ဘာမှမဖြစ်ဘူးဗျာ။ ညတော်တော်လေးမှောင်မှ သဘောင်္ကြီးက ကျွန်တော်တို့ ကွမ်းခြံကုန်းမြို့ကလေးရဲ့ ဆိပ်ကမ်းကို ဝင်နိုင်ခဲ့ပါတယ်။ ခါတိုင်းထက် နောက်ကျပြီး ဝင်ခဲ့တာတော့ စောင့်ကြိုနေသူ မိသားစုများက ခွင့်လွှတ်ကြပေတော့။ ဒါတောင် မြန်မာစက်ဆရာလေး စိတ်ကူးကောင်းလို့ ချောချောမောမော ရောက်လာကြတာလေ။ သူ့မှာသာ ဒီလိုအရည်အချင်းမရှိရင် လမ်းခုလတ်မှာ ညအိပ်ကြရမှာကိုး။

အခုကျွန်တော်ရောက်နေတဲ့ မေရိကမှာရှိတဲ့ စက်ပြင်ဆရာလူငယ်တွေ လုပ်နေကိုင်နေတာကြည့်ပြီး ကျွန်တော် ပြုံးမိတယ်။ သူတို့မှာက အစအစအဆင်သင့်။ အစစပြည့်စုံနေတာကိုး။ ကျွန်တော်တို့ မြန်မာစက်ဆရာလူရွယ်ကတော့ မပြည့်စုံတဲ့ ခေတ်ကာလ။ မပြည့်စုံသေးတဲ့ ကျဉ်းထဲ ကျပ်ထဲမှာ ဥာဏ်ကိုလွှာသုံးခဲ့တယ်။ ဖြတ်ထိုးဥာဏ်သုံးနိုင်ခဲ့တယ်။ ပြီးတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်အဝရှိခဲ့တယ်။ ပြီးတော့ လုပ်ငန်းပိုင်းမှာ တာဝန်ယူရဲတဲ့ သတ္တိ။ တကယ်ပါ။ မြန်မာတွေ မညံ့ခဲ့ကြပါဘူးဗျာ။


ဆောင်းဝင်းလတ်
Credit: Smart Pro Journal
Share on Google Plus

About Myanmar Memes

Copy Myanmar is myanmar content database. Collection of posts, news, images and content in Myanmar language found on World Wide Web.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment

Related Posts Plugin for WordPress, Blogger...