ချွတ်ယွင်းနေတဲ့ ကလေးရဲ့အိပ်မက်ကို အကောင်အထည်ဖော်ပေးတဲ့ Maroon 5 အဖွဲ့

အမေရိကန် အဆိုတော် အဒမ်လက်ဗင်းဦး ဆောင်သည့် Maroon 5 ပေါ့ပ် ရော့ခ်တေးဂီတအဖွဲ့သည် ခရိုမို ဆုန်းချို့ယွင်းမှုကြောင့်ဖြစ်သော ဒေါင်းလက္ခဏာ(ဉာဏ်ရည်နိမ့် ပါးခြင်း)ခံစားနေရသည့် အသက် (၁၀)နှစ်အရွယ်ခရစ္စတိုဖာဝန်း နားဆိုသူ ကလေး၏ စိတ်ကူးအိပ်မက်ကို    အကောင်အထည်ဖော် ပေးခဲ့သည်။


ခရစ္စတိုဖာဝန်းနားသည် Maroon 5 အဖွဲ့ကို အလွန်နှစ် ခြိုက်အားပေးသူဖြစ်ကြောင်းနှင့် ၎င်းတို့အဖွဲ့၏     သီချင်းများ အကြောင်းကို မရပ်မနားပြော လေ့ရှိသူဖြစ်ကြောင်း အမေရိကန် နိုင်ငံ မေရီလန်းပြည်နယ် West Friendship အခြေခံမူလတန်း ကျောင်းမှ ဆရာမအေဗရီစတန်း နက်က Today.com သတင်း အားပြောသည်။ ဆရာမအေဗရီ သည် Maroon 5 အဖွဲ့၏ နာမည်ကျော်သီချင်းများကို သီဆိုနေသည့်ခရစ္စတိုဖာအား ဗီဒီယိုရိုက်ကူး၍ ယူကျု့ဘ်စာမျက်နှာ၌     တင်ခဲ့ သည်။ မေရီလန်းရေဒီယိုအသံ လွှင့်ဌာန Hot 99.5 ၏ The Kane Show အစီအစဉ်သည် ခရစ္စတိုဖာသီချင်းဆိုနေသည့် ဗီဒီ ယိုကိုတွေ့မြင်ခဲ့ပြီး Maroon 5 အဖွဲ့ကို အလွန်သဘောကျသော ခရစ္စတိုဖာအား ယင်းအဖွဲ့နှင့် တွေ့ဆုံခွင့်ရစေရန် စီစဉ်ပေးခဲ့ သည်။ ခရစ္စတိုဖာသည် Maroon 5 အဖွဲ့ ဖျော်ဖြေပွဲကိုကြည့်ရှုခွင့် ရရှိခဲ့သည့်အပြင် ဖျော်ဖြေပွဲအပြီး တွင် ဇာတ်စင်နောက်၌ ယင်း အဖွဲ့နှင့်  သီးသန့်တွေ့ဆုံခွင့်လည်း ရရှိခဲ့သည်။

ခရစ္စတိုဖာသည် ၎င်းအလွန် သဘောကျသည့် Maroon 5 အဖွဲ့နှင့် တွေ့ဆုံခွင့်ရချိန်တွင် ထိတ်လန့်ရှက်ရွံ့နေသောကြောင့် ကြမ်းပြင်ပေါ်သို့လှဲချကာ မိခင် ရင်ခွင်ထဲ၌ ဝင်ပုန်းခဲ့သည်။ ယင်းအခြေအနေတွင် အဒမ်လက် ဗင်းက Maroon 5 အဖွဲ့သား များအားလုံးကို ခရစ္စတိုဖာကဲ့သို့ လဲလျောင်းကြရန် တိုက်တွန်းပြီး အဖွဲ့၏ အမာခံပရိသတ် ခရစ္စတို ဖာအတွက် နှစ်သက်ဖွယ် အမှတ်တရဓာတ်ပုံ အတူရိုက်ခဲ့ကြသည်။

Credit: 7daydaily
Share on Google Plus

About Myanmar Memes

Copy Myanmar is myanmar content database. Collection of posts, news, images and content in Myanmar language found on World Wide Web.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment

Related Posts Plugin for WordPress, Blogger...