ဆူးလေအနီး ဆန္ဒထုတ်ဖော်နေတဲ့ ကျောင်းသားတွေကို ရဲတပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီး

ရန်ကုန်၊ မတ် ၅
ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီးမှာ ဆန္ဒထုတ်ဖော်နေတဲ့ ကျောင်းသားတွေကို ဒီနေ့ ညနေ ၄ နာရီ ၃၀ ဝန်းကျင်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်နေတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။


“ကားတွေက ရုတ်တရက် အရှိန်နဲ့ ဝင်လာပြီး ဆွဲတာ။ ဒိုင်နာ ငါးစီး ခြောက်စီးပေါ်ကို ဆွဲတင်နေတယ်” လို့ မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦးက ပြောဆိုပါတယ်။

ဆန္ဒပြကျောင်းသား သုံးဆယ်ဝန်းကျင်ရှိပြီး ဆန္ဒပြမှုကို လာရောက် ကြည့်ရှုသူတွေ ရာဂဏန်းရှိပါတယ်။ ဖမ်းဆီးခံရသူ အများစုက လာရောက် ကြည့်ရှုသူတွေ ဖြစ်တယ်လို့ ကိုယ်တိုင် မြင်တွေ့ခဲ့သူ တစ်ဦးက ပြောပါတယ်။

အခု ဆူလေဘုရားအနီးက လမ်းတွေကို ပိတ်ဆို့ထားပါတယ်။

The Voice
Share on Google Plus

About Myanmar Memes

Copy Myanmar is myanmar content database. Collection of posts, news, images and content in Myanmar language found on World Wide Web.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment

Related Posts Plugin for WordPress, Blogger...