ပင်မသပိတ်စစ်ကြောင်း ရန်ကုန်အထိချီတက်ရန် အစိုးရ သဘောတူလိုက်ပြီ

ပင်မသပိတ်စစ်ကြောင်း ရန်ကုန်သို့ ၀င်ခွင့်ပြုရန် သဘောတူလိုက်ပြီဖြစ်ကြောင်း ယနေ့နံနက် ၁၀ နာရီကျော်က သတင်းရရှိသည်။


မတ်လ ၁၀ ရက် နံနက် ၉ နာရီခွဲက ပဲခူးတိုင်းနယ်လုံဝန်ကြီး ဦးသက်ထွန်းနှင့် သပိတ်မှောက်ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်း၊ မဖြိုးဖြိုးအောင်၊ NNERကိုယ်စားလှယ် ဒေါက်တာသိန်းလွင် ၊ ဒေါက်တာညိုညိုသင်း၊ ကိုစိုးထွန်းတို့ တံခါးပိတ်ဆွေးနွေးပြီးနောက် အထက်ပါအတိုင်း သဘောတူလိုက်ခြင်းဖြစ်ကြောင်း ထိုနေရာသို့ ရောက်ရှိနေသည့် 7Day သတင်းထောက်က သတင်းပေးပို့သည်။

သဘောတူညီချက်အရ လက်ရှိ ထိုင်သပိတ်ဆင်နွှဲနေသည့်နေရာမှ လက်ပံတန်းမြို့ တာဆုံအထိ ယနေ့ နံနက် ၁၀ နာရီကျော်မှ စတင်ကာ ကျောင်းသားသပိတ်က လမ်းလျှောက်ချီတက်မည်ဖြစ်ပြီး တာဆုံအရောက်တွင် ကားများဖြင့် ရန်ကုန်သို့ ဆက်လက်ချီတက်မည်ဖြစ်သည်။ ၁၀ နာရီ ၁၃ မိနစ်တွင် အတားအဆီးများကို စတင်ဖယ်ရှားနေပြီး ကျောင်းသားများ လေးယောက်တစ်တွဲဖြင့် စတင်ထွက်ခွာမည်ဖြစ်သည်။

"လက်ပံတန်းကနေ သာယာဝတီကို လမ်းလျှောက်မယ်ဆိုရင် တစ်နေကုန်သွားမယ်။ မနက်ဖြန် ဆယ်တန်းစာမေးပွဲတွေလည်း ရှိတဲ့အတွက် လက်ပံတန်းတာဆုံအထိပဲ လမ်းလျှောက်ပြီး တာဆုံကနေ ရန်ကုန်ကို ကားနဲ့ချီတက်မှာဖြစ်ပါတယ်" ဟု ကိုအောင်မှိုင်းဆန်းက တွေ့ဆုံပွဲအပြီးတွင် သတင်းထောက်များကို ပြောကြားသည်။

လက်ပံတန်းကျောင်းသားသပိတ်တွင် ကျောင်းသား ၁၄၀ ကျော်နှင့် ၀န်းရံသူ ၃၀ ကျော် ရှိပြီး အဆိုပါသပိတ်ကို ရန်ကုန်မြို့တွင် ထောက်ခံပွဲကို လှည်းတန်းတွင် ယနေ့နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် စတင်ပြုလုပ်နေပြီဖြစ်သည်။

Credit : 7daydaily
Share on Google Plus

About Myanmar Memes

Copy Myanmar is myanmar content database. Collection of posts, news, images and content in Myanmar language found on World Wide Web.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment

Related Posts Plugin for WordPress, Blogger...