အကောင်းမြင် နှင့် အဆိုးမြင်

၁၉၀၃ ခုနှစ်က ရိုက် ညီအကို (Wilbur and Orville Wright) က လေယာဉ်ပျံကို စတင် တီထွင်ဖန်တီးနိုင်ခဲ့ပါတယ်..။ အကောင်းမြင်တဲ့သူတွေကတော့.. လူသားတွေ ခရီးသွားရတာ ပိုမိုလွယ်ကူဖို့ လေယာဉ်ပျံတွေကို ပိုမိုဆန်းသစ် တီထွင်လာကြတယ်..။ အဆိုးမြင်တဲ့ သူတွေကတော့.. လေယာဉ်ပျက်ကျရင် ဘယ်လိုလုပ်မလဲ လို့ တွေးကြပါတယ်..။ ဒီလိုနဲ့ သူတို့ လေထီးကို တီထွင်လိုက်ကြတယ်..။ 

...............................................................
၁၉၂၈ ခုနှစ်မှာ အလက်ဇန်းဒရား ဖလီးမင်းက ရောဂါပိုးတွေကိုနှိမ်နင်းနိုင်တဲ့ ပင်နယ်ဆလင် ဆိုတဲ့ဆေးကို ရှာဖွေဖော်စပ်နိုင်ခဲ့တယ်..။ အကောင်းမြင်တဲ့သူတွေက လူသားတွေ ရောဂါပိုမိုကုသနိုင်အောင် ပင်နယ်ဆလင်းကို တီထွင်ဆန်းသစ်ကြတယ်..။ အဆိုးမြင်တဲ့သူတွေကတော့.. အဲ့ဒီ့ဆေးတွေကို ရောဂါပိုးတွေက ယဉ်ပါးသွားရင် ဘယ်လိုလုပ်လဲ..လို့ တွေးကြပါတယ်..။ ဒီလိုနဲ့ ဆေးယဉ်ပါးမှု နည်းအောင်လုပ်တဲ့ နည်းလမ်းတွေ.. ဆေးတွေ ပေါ်လာပါတယ်..။
သူတို့ထက် ပိုပြီး အကောင်းမြင်တဲ့သူက ရောဂါတွေကို မဖြစ်အောင် ကြိုတင်ကာကွယ်ဖို့ နည်းလမ်းတွေကို စဉ်းစားကြတယ်..။
သူတို့ထက်ပိုပြီး အဆိုးမြင်တဲ့သူတွေက ရောဂါပိုးတွေကို တခါတည်း သတ်ပစ်နိုင်အောင် ကြိုးစားကြပါတယ်..။
...............................................................
လောကမှာ အကောင်းမြင်နဲ့ အဆိုးမြင်တို့ဟာ အမြဲတမ်း ဒွန်တွဲလျက်ရှိနေပါတယ်..။ အဓိက အရေးကြီးဆုံးအချက်ကတော့ အမြင်မတူတာကို တိုက်ခိုက် ရန်လိုနေကြမယ့်အစား.. မတူတဲ့ အမြင်တစ်ခုစီနဲ့ လူသားတွေကို အကျိုးပြုနိုင်မယ်ဆိုလျှင်.. လောကကြီးဟာ အမြဲတမ်း သာယာလှပနေမှာပါ...။
ကျနော်တို့ နိုင်ငံမှာလည်း အမြင်မတူသူတွေ၊ အယူအဆမတူသူတွေ.. တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်နေကြမယ့်အစား..သွေးထိုးလှုံ့ဆော်နေကြမယ့်အစား... မတူတဲ့ အမြင်တစ်ခုစီနဲ့ မိသားစုအကျိုး၊ နိုင်ငံအကျိုး၊ တိုင်းပြည်အကျိုးကို အတူတကွ ထမ်းဆောင်နိုင်ကြမယ်ဆိုလျှင်... ဘယ်လောက် ကောင်းလိုက်မလဲဗျာ..။

Original article appeared on Facebook
Share on Google Plus

About Myanmar Memes

Copy Myanmar is myanmar content database. Collection of posts, news, images and content in Myanmar language found on World Wide Web.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment

Related Posts Plugin for WordPress, Blogger...