အပြင် အရာဝတ္တုများကို ကိုယ်လိုသလို အသုံးပြုနိုင်စေမယ့် နည်းပညာ

Augmented Reality လို့ခေါ်တဲ့ နည်းပညာဟာ အနာဂတ်မှာ ကမ္ဘာကို ကြီးစိုးမယ့် နည်းပညာလို့ဆိုကြပါတယ်။ အကြောင်းကတော့ သူဟာ ကင်မရာ တစ်လုံး သို့မဟုတ်၊ မျက်မှန် တစ်လက် သို့မဟုတ်၊ မျက်ကပ်မှန် တစ်ခု ရှိရုံနဲ့ မိမိ လိုအပ်တဲ့ နည်းပညာ ဆိုင်ရာ လုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်မှာမို့ ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ရသလိုပဲ လက်ဖဝါးကိုလည်း စမတ်ဖုန်း အဖြစ် အသုံးပြုလို့ ရစေမှာပါ။

ပုံမှာ မြင်တွေ့ရတာကတော့ အမေရိကန် MIT မှာ အိန္ဒိယ လူမျိုး အင်ဂျင်နီယာ ကျောင်းသား တစ်ဦးမှ ဖန်တီးခဲ့တဲ့ SixthSense နည်းပညာ ဖြစ်ပြီး ရင်ဘတ်မှာ ချိတ်ထားတဲ့ ပရိုဂျက်တာ လည်စွဲ အသေးလေးနဲ့ လက်ဝါးပေါ်မှာ စမတ်ဖုန်း အကွက်ကို မြင်စေခြင်း ဖြစ်ပါတယ်။ မြင်စေရုံ သက်သက်သာ မဟုတ်ပဲ ခလုပ်နှိပ်လိုက်တာနဲ့ ဖုန်းခေါ်လို့ရပါတယ်။
စမတ်ဖုန်းကို အိပ်ကပ်ထဲမှာ ထည့်ထားပါတယ်။ သူသွားမယ့် နောက်တစ်ဆင့် ကတော့ စမတ်ဖုန်း မပါတော့ပဲ SixthSense ကွန်ပျူတာ box သေးသေးလေးကပဲ ဖုန်းပြောခြင်း၊ အင်တာနက် သုံးခြင်းနဲ့ လုပ်ငန်းဆိုင်ရာ လုပ်ဆောင်ချက် အားလုံးကို လုပ်ဆောင်စေမယ် စနစ်တစ်ခု အထိ ဖြစ်ပါတယ်။
Virtual Reality ဆိုတာ ကွန်ပျူတာထဲက ပုံရိပ်ကို အပြင်လောက သယ်ဆောင်ခြင်း၊ အပြင်လောက ပုံရိပ်ကို ကွန်ပျူတာထဲ ထည့်သွင်းပြသခြင်း အဆင့်သာ ရှိသေးပြီး AR ကတော့ မိမိရဲ့ ခြေ၊ လက်၊ မျက်မှန်များနဲ့ ထိတွေ့ လုပ်ဆောင်တဲ့ အဆင့်တစ်ခုကို ရောက်ရှိပြီ ဖြစ်ပါတယ်။
Microsoft, Google, Samsung အပြင် အခြားသော ကုမ္ဗဏီများစွာဟာလည်း VR ဈေးကွက်ကို ဝင်လာပြီး အနာဂတ်မှာ စမတ်ဖုန်းတွေအစား လက်သည်းလောက်ပဲ ရှိမယ့် နည်းပညာ ပစ္စည်များကသာ ကြီးစိုးလာတော့မယ်လို့ ခန့်မှန်းထားကြ ပါတယ်။

Credit: Yoyarlay
Share on Google Plus

About Myanmar Memes

Copy Myanmar is myanmar content database. Collection of posts, news, images and content in Myanmar language found on World Wide Web.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment

Related Posts Plugin for WordPress, Blogger...