ကမ္ဘာကျော် နည်းပညာ Companyဖြစ်သော တောင်ကိုရီးယားအခြေစိုက် LG ၏
Microwave များ ပရိုမိုရှင်းပွဲကို အောက်တိုဘာ ၆ရက်နေ့၊ တနင်္ဂနွေနေ့က
ရန်ကုန်မြို့ Ocean Centre (North Point)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း
သိရပါသည်။
အဆိုပါပွဲတွင် ကန်တော်ကြီး ပဲလေ့စ် ဟိုတယ်မှ စားဖိုမှူးကြီးများ ဖြစ်သော
ကိုသူရိန်အောင်နှင့် ကိုမြတ်ငြိမ်းချမ်းတို့မှ LG Microwave များကို
သုံးကာ လက်တွေ့သရုပ်ပြ ချက်ပြုတ်ခဲ့ပြီး ဥရောပအစားအစာများ ဖြစ်သော Seasonal
Vegetable Salad, Creamy Seafood Soup, Steamed Seabass with Seasonal
Vegetables, Grilled Breast with Seasonal Vegetables စသည့်
ဟင်းလျာများကို ချက်ပြုတ်ကာ ပရိသတ်များကို တည်ခင်းဧည့်ခံ ခဲ့သည်။
LG၏ Microwave များတွင် ထူးထူးခြားခြား ပါဝင်လာသည့် စနစ်မှာ
မီးသွေးနှင့် ကင်သကဲ့သို့ ကမ္ဘာ့ပထမဆုံး အပူပေး မီးကင်စနစ် ပါဝင်လာခြင်း
ဖြစ်ပါသည်။ အဆိုပါ Microwave Oven များတွင် နေရောင်၏ အပူချိန်ကဲ့သို့
အပူစွမ်းအင် ပေးနိုင်သော ဟေလိုဂျင် မီးချောင်းတပ်ဆင် ထားသောကြောင့်
ဟင်းလျာများ ချက်ပြုတ်ရာတွင် မူလအရသာ မပျက်အောင် ထိန်းသိမ်းထားနိုင်ပြီး
နူးညံ့ပျော့ပျောင်း စေပါသည်။ အန္တာရာယ်ဖြစ်စေသော ကိုလက်စထရောနှင့် အဆီကို
လျှော့ချနိုင်သည့် အပြင် Proteinနှင့် ကာဗိုဟိုက်ဒရိတ် များကိုထိန်းသိမ်း
ပေးထားနိုင်သည်။
အသက်သာဆုံး စွမ်းအင်ချွေတာမှု အနေဖြင့် အချိန်တိုအတွင်း
အပူချိန်လုံလောက်စွာ ရရှိနိုင်ခြင်း၊ အစားအစာကို ပုံမှန်ထက် ၄ဆ အထိပို၍
လျင်မြန်စွာ ကျက်စေနိုင်ခြင်း စသည်တို့ကြောင့် စွမ်းအင်သုံးစွဲမှုကို ၅၀%အထိ
သက်သာစေပါသည်။ LG Microwave များတွင် ခလုတ် တစ်ချက်နှိပ်ရုံဖြင့်
ပေါင်းခြင်း၊ နွှေးခြင်း၊ ကင်ခြင်း၊ မုန့်ဖုတ်ခြင်း၊ ချက်ပြုတ်ခြင်းများကို
လွယ်ကူလျင်မြန်စွာ လုပ်ဆောင်နိုင်သဖြင့် အချိန်ကုန်ခြင်း မရှိဘဲ အရသာရှိသော
အစားအစာများကို အဆင်ပြေစွာ ချက်ပြုတ်နိုင်သည်။
စွမ်းအင်သုံးစွဲမှု သက်သာ ပြီး ကျန်းမာရေးနှင့်ညီညွတ်သော LG ၏ Microwave
များကို ကြည့်ရှုလေ့လာ ၀ယ်ယူလိုပါက ရန်ကုန်အရောင်းပြခန်း(ဆူးလေ)
ဖုန်း-01-379955 ရန်ကုန်အရောင်းပြခန်း (ပန်းဆိုးတန်း) ဖုန်း- 01-254561
ရန်ကုန်အရောင်းပြခန်း (ကမ္ဘာအေး) ဖုန်း-01-544664 ဝေယံအရောင်းပြခန်း
(ပန်းဆိုးတန်း) ဖုန်း-01-250596 ဝေယံအရောင်းပြခန်း (ကမ္ဘာအေး)
ဖုန်း-01-401416 ဝေယံအရောင်းပြခန်း (တောင်ဒဂုံ) ဖုန်း-01-8100343
ဝေယံအရောင်းပြခန်း (ဗိုလ်အောင်ကျော်) ဖုန်း- 01-398565 တို့တွင်ဆက်သွယ်
နိုင်သည်။
မန္တလေးမြို့တွင် နေထိုင်သူများအနေဖြင့် TMW Tower ဖုန်း-02-72581
ရတနာပုံ ဒိုင်းမွန်းပလာဇာ ဖုန်း-09 9100 8417တို့ကို ဆက်သွယ်ဝယ်ယူ
နိုင်ကြပါသည်။ အခြားနယ်မြို့ကြီးများတွင် နေထိုင်သူများ အနေဖြင့်လည်း
လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များ၊ Showroomများတွင် LG Microwave များကို
ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။
.
ရိုးရာလေး ပြည်တွင်း သတင်း
-
Blogger Comment
-
Facebook Comment
Subscribe to:
Post Comments
(
Atom
)

0 comments :
Post a Comment