ဆိုတေးကျန်းမာရေးအကြောင်းပြောတဲ့ နန်းဆုရတီစိုး

နန်းဆုရတီစိုးက မန္တလေးမှာ လက်မှတ်မရေးထိုးမီ စက်တင်ဘာ ၂၉ရက်နေ့က မန္တလေးပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ ဆိုတေးဆီ ကို တတိယအကြိမ်သတင်း သွားရောက် မေးမြန်းပြီး ကျန်းမာရေးအခြေ အနေ တိုးတက်ကောင်းမွန်လာပြီဖြစ်သလို အားပေးစကားလည်း ပြောခဲ့ကြောင်းကို “သူ့ပုံစံက သက်သာနေပါပြီ။ နန်းဆုက ငါအခွေ လာပို့ပေးတာဆိုတော့ အခွေကို သူ့ရင်ဘတ်ပေါ်တင်ထားတယ်။ ဆိုတေးအမေက နန်းဆုလာတုန်း ဓာတ်ပုံ ရိုက် ကြရအောင်ဆိုတော့ သူကအင်္ကျီတွေဘာတွေ ဆွဲချတယ်။ဓာတ်ပုံရိုက်ပြီး သူ့ကို ပြတော့ ဆံပင်က ပွနေတယ်။ သူ့ဓာတ်ပုံသူပြန်ကြည့်ပြီး အမေဘီးပေးဆိုပြီး ဘီးဖြီးလိုက်သေးတယ်။လှလားလို့မေးတယ်။ဘီးဖြီးပြီးတော့ ဓာတ်ပုံတွေ ပြန်ရိုက် ဖြစ်တယ်။

သူနန်းဆုကိုအများကြီးပဲဆုတောင်းပေးလိုက်တယ်။သူ့ကိုလည်း သီချင်း ပြန်ဆိုဖို့ တိုက်တွန်းခဲ့သေးတယ်။နင့်ပရိသတ်တွေက နင့်ကိုသီ ချင်းပြန်ဆိုစေချင်ကြ တယ်လို့ ပြောခဲ့တယ်။ သူက အခုအချိန်မှာ သီချင်းဆို ဖို့တော့ မဖြစ်နိုင်သေးဘူး။အချိန်ယူရဦးမယ် ။ဆေးဆက်ကုရဦးမယ်။သူ့ကို ပရိသတ်တွေ အားေ ပးနေ တယ်ဆိုတာ ပြောခဲ့တယ်” လို့ နန်းဆုရတီစိုးကပြောပါတယ်။ယာဉ်မတော်တဆဖြစ် စဉ်က ဆိုတေးရဲ့ ဇနီး ဝင့်ကုဋေသူ ကွယ်လွန်သွားတာကိုတော့ အခုအချိန်ထိ ဆိုတေး ကိုအသိမပေးရသေးကြောင်းကိုလည်း နန်းဆုရတီစိုးက“သူစိတ်မကောင်းဖြစ်မှာစိုးလို့ မိသားစုက ပေးမသိသေးဘူး။   အခု အချိန်က သူ့ကို ဆေးကုနေတဲ့အချိန် ဆိုတော့ ပေးသိလို့ မဖြစ်သေးဘူး။ လူနာတစ်ယောက်က စိတ်ပိုင်းဆိုင် ရာကလည်း လိုအပ်တယ်။ သူ့ကိုအား လုံးကဝိုင်းပြီး အားပေးနေကြတယ်။ စိတ်ဓာတ်ကျသွားရင် ကုဖို့မလွယ် သေးဘူး။ သူကတော့ မေးတယ်။ သူ့ရဲ့လက် မှာသူ့ကောင်မလေးရဲ့ နာ မည်တက်တူးထိုးထားတယ်။ အဲဒီ တက်တူးကို လက်ညှိုး ထိုးပြီးမေးတယ်။ သူကစထိုင်ပြီးဝှီးချဲနဲ့ ဆေးရုံ မှာ သွားနိုင်တုန်းက စကားသာ သိပ် မပြောနိုင်တာ ဆရာဝန်တွေတွေ့ ရင် လက်အုပ်ချီတယ်။ ပရိသတ်တွေ တွေ့ရင် ရယ်ပြတယ်။ အဲဒီအချိန် ကတည်းကသူ ကမေးနေတာ။ ဒါပေမဲ့ သူ့အိမ်ကအသက်ရှိသေး တယ်။ ဆေးရုံ မှာ ဆေးကုနေတယ်လို့ ပြောထား တယ်” လို့ ဆိုတေးအကြောင်းတွေကို ပြောပြခဲ့ပါတယ်။
credit: ခိုင်ဝေလွင်
Share on Google Plus

About Myanmar Memes

Copy Myanmar is myanmar content database. Collection of posts, news, images and content in Myanmar language found on World Wide Web.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment

Related Posts Plugin for WordPress, Blogger...