ရေကူးဝတ်စုံ ၀တ်ရမှာ ရှက်တဲ့ မိုးစက်ဝိုင်နဲ့ ဧရာဝတီ စကားစမြည်

Miss Universe Myanmar 2013 ဆုရွေးချယ်မှု နောက်ဆုံးနေ့ကို အောက်တိုဘာလ ၃ ရက်နေ့ညက အမျိုးသားကဇာတ်ရုံမှာ ကျင်းပခဲ့တာမှာ နှစ်ပေါင်း ၅၀ ကျော်အတွင် ပထမဆုံး ပြိုင်ပွဲမှာ သရဖူဆောင်ခဲ့တဲ့ မိုးစက်ဝိုင်က ရေကူးဝတ်စုံ ၀တ်ရမှာ ရှက်ပါတယ်တဲ့။









၁၉၆၁ ခုနှစ်က စပြီး ကမ္ဘာ့မယ်စကြ၀ဠာပြိုင်ပွဲမှာ မြန်မာနိုင်ငံက ပါဝင် ယှဉ်ပြိုင်ခြင်း မပြုခဲ့တာ ၅၂ နှစ် ကြာ ပြီးနောက် အခုတော့ မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်ရမယ့်သူက မိုးစက်ဝိုင်ဖြစ်လာပါပြီ။

၂၀၁၃ ခုနှစ် ရုရှားနိုင်ငံမှာ လာမယ့် နိုဝင်ဘာလ ၉ ရက်နေ့မှာ ကျင်းပမယ့် မယ်စကြ၀ဠာပြိုင်ပွဲမှာ မိုးစက်ဝိုင် က မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ရမှာ ဖြစ်ပေမယ့် အဲဒီ ယှဉ်ပြိုင်ပွဲမှာ ရေးကူးဝတ်စုံ ၀တ်ပြီး ပြိုင်ရမယ့် အဆင့်တခု ရှိပါတယ်။

ဒီအဆင့်နဲ့ပတ်သက်ပြီး သူက ရှက်တယ်လို့ ဆိုထားပါတယ်။

နိုင်ငံခြားမှာ ပညာသင်ပြီး ပြန်လာတဲ့ အသက် ၂၅ နှစ်ရှိ မိုးစက်ဝိုင်ကို ဧရာဝတီ အနုပညာသတင်းထောက် မြတ်သူအောင် က မေးမြန်းခန်းမှာ သူ ဘာတွေ ပြောထားလဲ ဆိုတာ သိချင်ရင်တော့ ရေကူးဝတ်စုံ ၀တ်ရမှာ ရှက်တဲ့ Myanmar Miss Universe မိုးစက်ဝိုင် ဆိုတဲ့ အင်တာဗျူးကဏ္ဍမှာ အပြည့်အစုံ ဖော်ပြ ထားပါတယ်။

မိုးစက်ဝိုင်၊ ဓာတ်ပုံ- ဂျေပိုင်/ဧရာဝတီ

အေးချမ်းမွန် Credit To >ဧရာဝတီ <Thanks
Re-posted By ACM 6-10-2013
https://www.facebook.com/excellencemedia
Share on Google Plus

About Myanmar Memes

Copy Myanmar is myanmar content database. Collection of posts, news, images and content in Myanmar language found on World Wide Web.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment

Related Posts Plugin for WordPress, Blogger...