*ဟေ့ကောင် ငါဆော်ကို ငါက စင်ကာပူမှာလို့ ပြောထားတာကွ ။ ငါ့ facebook
မှာလည်း စင်ကာပူလို့ဘဲ ရေးထားတယ် ။ ဖုန်းဆက်နေတဲ့ စင်ကာပူက ကောင်မလေးကလည်း
လာလည်မယ်ပြောတယ် ။ လာလည်ရင်တော့ အေးအေးဆေးဆေး ဟိုတယ် ဘဲ သွားတည်းတော့မယ် ။*
ပျံ့လွင့်လာတဲ့ စကားသံတွေက ကိုယ်နဲ့ မဆိုင်ပေမယ့် နားထဲရောက်လာတာမို့
ကြားနေရတယ် ။ ကြားလိုက်မိတော့ ရင်မောပြန်တယ် ။ လူတွေ ရဲ့ အတွေးခေါ် အယူဆတွေ
ဘာကြောင့် ဒီလောက်ထိ ပေါ့တန် သိမ်ဖျင်းလာရသလဲ ။ တစ်နေ့ တစ်နေ့
မကြားချင်လည်းကြားနေရတယ် ။ မမြင်ချင်လည်း မြင်နေရတဲ့ မြင်ကွင်းတွေ ၊
အသံတွေကို မုန်းလာသလို ရင်ထဲမှာ ခံစားလာရတယ်ဆို ပိုလိုက်တာလို့ ပြောကြမလား
မသိဘူးနော် ။ ယနေ့ ခေတ်စားလာတဲ့ ချက်တင် ချစ်သူတွေ ၊ ဖုန်းချစ်သူတွေ ရဲ့
အဖြစ်ပေါ့ရှင် ။ facebook မှာရေးထားတဲ့ ကိုယ်ရေးအချက်လက်တွေကို ကြည့်ပြီး
သူ့ကိုရေးထားတာတွေကို အဟုတ်တွေမှတ်နေကြတဲ့ မြန်မာမိန်းကလေးတွေ ။ ပညာတွေ
သင်ထားတာ အလကားမှ မဟုတ်တာဘဲ ။ လေ့လာပါ ၊ တွေးပါ ၊ ဆင်ခြင်ပါ
လို့ပြောချင်မိတယ် ။ပြောတိုင်းယုံနေရအောင် ကျွန်မတို့ကို မိဘမွေးထဲက
ဦးနှောက်ဆိုတာ ထည့်ပေးထားတယ် ။ ဒါအလကားထားဖို့မှ မဟုတ်တာ ။
ယောကျာင်္းတစ်ယောက်ကို ရွေးချယ်တဲ့ နေရာမှာ သူရောက်နေတဲ့ နိုင်ငံတွေ ၊
သူ့ပိုင်ဆိုင်မှုတွေထက် အဓိကထား ရွေးချယ်ရမယ့် အချက်တွေရှိပါတယ် ။
၁. ယောကျာင်္းတစ်ယောက်ရဲ့ အရည်ချင်း ၊
၂. မိမိချစ်သူအပေါ် စာနာထောက်ထားတတ်မှု ၊
၃. မိမိချစ်သူအပေါ် သစ္စာရှိမှု ၊
၎. မိမိအပေါ် ဦးဆောင် တတမှု ၊
၅. နှမချင်းစာနာစိတ်ရှိခြင်း
၆. ဘာသာတူညီခြင်း၊
၇. ကျွန်မတို့ ဘ၀တွေကို လုံင်္ခြုမှုပေးနိုင်ခြင်း
ဆိုတဲ့အချက်တွေကို စံထားရွေးချယ်ရမှာပါ ။ ဘာမဟုတ်တဲ့ အရာတွေနဲ့ မဟုတ်တဲ့
ဂုဏ်ပကာသနတွေကို မက်မောမိရင် ရလာဒ်တွေက အလိမ်အညာတွေနဲ့ဘဲ
တွေ့ဆုံနေကြရပါလိမ့်မယ် ။ စင်ကာပူမှာ ရှိရှိ အင်္ဂလန်မှာ ရှိရှိ ဒါတွေက
အရေးမကြီးပါဘူး ။ အပေါ်က အချက်တွေနဲ့ ကိုက်ညီမှုရှိဖို့ ပိုအရေးကြီးပါတယ် ။
နိုင်ငံခြားဆိုတိုင်း အထင်မကြီးကြပါနဲ့ မြန်မာမိန်းကလေးတွေရယ်။ မဟုတ်တဲ့
ဆိုက်မှာ ညီမလေးတို့ မမတို့ vzo ပုံတွေ ပလူပျံနေတာ သက်သေပါဘဲ ။ သေချာဘာမှ
မသိတဲ့ ယောကျာင်္းတွေ အပေါ် ချစ်မိသွားလို့ပါဆိုတဲ့ အကြောင်းပြချက်လေး
တစ်ခုနဲ့ မိမိတို့ ဘ၀တွေကို နင်းခြေမခံမိကြပါစေနဲ့ကွယ်။ လူုဖြစ်ရတဲ့
ဘ၀လေးမှာ လူဖြစ်ရကျိုးနက်ဖို့ဆိုတာ သိက္ခာရှိအောင်နေတတ်ဖို့
သိပ်အရေးကြီးပါတယ် ။ အွန်လိုင်းပေါ်က စကားတွေဟာ ယုံတမ်းစကားတွေလား
အမှန်တမ်းစကားတွေလားဆိုတာကို ဝေဖန်ခွဲခြားနိုင်ခြင်း မပြုနိုင်ခင်မှာ
ဘာကိုမှ မရက်ရောတာ အကောင်းဆုံးပါ ။ ဒါဆို မေးစရာရှိတယ် ။
အွန်းလိုင်းချစ်သူတိုင်းကို မယုံရတော့ဘူးလားလို့ ။ မဆိုလိုပါဘူး ။
တကယ်မေတ္တာစစ်နဲ့ ချစ်ပြီး ဘ၀ကို လက်တွဲသွားကြတဲ့ သူတွေ တပုံတပင်ပါဘဲ ။
ဒီလို လက်တွဲသွားတဲ့အထိ ဖြစ်တဲ့နေရာမှာ ဆုံးဖြတ်ချက်တွေ မှန်ကန်ဖို့
ရွေးချယ်တတ်ဖို့တော့ လိုတယ် ။
အွန်လိုင်းမှာ ချစ်သူဖြစ်ပြီး တာနဲ့ ပုံတွေတင်ကြတော့တာလည်း
ခေတ်စားလာသလိုဘဲ ။စကား စပ်မိတုန်းလေး ပြောချင်သေးတယ် ။ မိမိချစ်သူကို
ချစ်လို့ ကိုယ်ပိုင်တယ်ဆိုတာကို လူသိအောင် လုပ်ပေမယ့် တကယ်တမ်းမယူဖြစ်တဲ့
အခါမှာ နစ်နာသွားတာ ကျွန်မတို့ မိန်းကလေးတွေပါပဲ ။ နောက်တစ်ခု
ချစ်သူဖြစ်ပြီဆိုတာနဲ့ အကောင့် password တွေကိုတောင်းတတ်ကြတာလည်း
မိန်းကလေးတော်တော်များများရဲ့ တူညီတဲ့ အချက်ပါပဲ ။ တောင်းတာကို ကျွန်မ
အပြစ်မဆိုပါဘူး ။ လိုအပ်တာထက် ပိုတဲ့ ပိုင်စိုးချင်တဲ့ စိတ်တွေက
အချိန်တန်တော့ ကိုယ်ကိုဘဲ ဒုက္ခုပြန်ပေးတတ်တယ်ဆိုတာကို ပြောပြချင်တယ် ။
ဟုတ်ပြီ password ရပြီ။ ဖွင့်ကြည့်မယ် ။ ဒီလောက်ဆို လုံလောက်ပြီလေ ။
ဒီထက်ပိုပြီး သူစာမျက်နှာမှာ ကိုယ်ပုံတွေတင်တယ် ။ သူ့အနေနဲ့ ကိုယ်ကစကားတွေ
ဝင်ပြောတာမျိုးကြတော့ အခွင့်ရေးကို အလွဲသုံးစားလုပ်တာနဲ့ တူပါတယ် ။
တဖက်လူကလည်း ခုစကားပြောနေတာ အကောင့်ပိုင်ရှင် ဟုတ်မဟုတ်ဆိုတာကို သိပါတယ် ။
ဒီတော့ တဖြေးဖြေး မိတ်ပျက်စရာတွေ ဖြစ်လာတတ်တယ် ။
အကောင့်ဆိုတာ ကြိုက်သလောက် ထပ်ဖွင့်ရတယ်ဆိုတာကို မေ့မထားစေချင်ဘူး ။
ပေးသိထားတဲ့ အကောင့်ကို လိုအပ်တာထက် ပိုချုပ်ကိုင်လာတဲ့ အခါတွေမှာ အသစ်တွေ
ထပ်ဖွင့်သုံးကြတော့တာပါပဲ ။ ဒီတော့ ဘာတွေ လုပ်တယ်ဆိုတာ သိချင်လို့ password
တောင်းတယ် ။ နောက်အသစ်ထပ်ဖွင့်သုံးတော့ အလကားဖြစ်နေပြီပေါ့ ။ သူပေးတာကို
လိုအပ်တဲ့ အခါလေးပါဘဲ ဖွင့်ကြည့်တာမျိုးဆို သူလည်း စိတ်မညစ်ရဘူး ၊
ကိုယ်သိချင်တာလေးတွေလည်း သိနေရမယ် ။ ယောကျာင်္းလေး အများစုဟာ
သိပ်စိတ်ရှုတ်မခံတတ်ကြဘူးဆိုတဲ့ အချက်ကို မေ့မထားကြပါနဲ့ ။ ကဲ
အွန်လိုင်းချစ်သူကိစ္စကို ဆက်ရအောင် ။ ဟုတ်ပြီ အွန်လိုင်းမှာ ချစ်သူဖြစ်တယ် ။
တစ်ယောက်အကြောင်းတစ်ယောက်သိအောင် လိုအပ်သလောက် စကားပြောကြည့်မယ် ။
ဒီထက်လေးနက်လို့ရပြီဆို အပြင်မှာတွေ့ကြည့်ရမယ် ။ ( တွေ့ကြည့်ရမယ်ဆိုတာ
တည်းခိုခန်းတွေမှာ တွေ့ကြည့်ဖို့ မဟုတ်ဘူးနော် ) ။ မိဘတွေနဲ့
တွေ့ပေးကြည့်မယ် ။ အားလုံးသေချာ အိုကေပြီးဆိုရင်တောင် ဆေးစစ်ရအုံးမယ်နော် ။
အားလုံး အဆင်သွားပြီဆို လက်ထပ်ကြတာပြီပေါ့ ။ ဘယ်လောက်
မင်္ဂလာရှိလိုက်သလဲရှင် ။
မပြောချင်ပေမယ့် ပြောရအုံးမယ်ရှင် ။ ကျွန်မတို့နဲ့ ခင်တဲ့
လူတစ်ယောက်ပေါ့ ။ သူ့မှာမိန်းမရှိတယ်။ မိန်းမလေးက သူ့ထက်လည်း
တော်တော်လေးကို ငယ်တယ် ။ ချစ်ဖို့လည်းကောင်းတယ် ။ သူအကျင့်က ဟုတ်တာကော
မဟုတ်တာပါ စကားအကြီးကြီတွေ ပြောတတ်တယ် ။ နောက် အရမ်းကို ချက်တင်ထိုင်တယ် ။
အလုပ်က ပြန်လာပြီဆိုတာနဲ့ ရေတောင်မချိုးနိုင်ဘဲ ကွန်ပြူတာ
တန်းဖွင့်တော့တာပါပဲ ။ ချက်တင်ထဲမှာ နောက်ထပ်ကောင်မလေးတွေနဲ့
ရည်းစားဖြစ်နေတယ်လေ။ ဒါဘာထူးဆန်းလို့ ထင်နိုင်ပါတယ် ။ ဟုတ်ဒါအထူးဆန်းပါဘူး ။
ထူးဆန်းတာက တဖက်မိန်းကလေးတွေက သူ့မှာ အိမ်ထောင်ရှိတယ်ဆိုတာကို သိသိနဲ့
ပြန်ကြိုက်တာသတဲ့လေ။ သူ့မိန်းမကိုကြတော့ ထားစရာ နေရာမရှိအောင် တိုတတ်ပါတယ် ။
နောက်ထပ်ရည်းစားတွေထားတာ ၊ ကောင်မလေးတွေက သူ့မှာ မိန်းမရှိနေမှန်းသိသိနဲ့
ပြန်ကြိုက်တယ်ဆိုတာတွေကို ဂုဏ်ယူစွာနဲ့ ကြွားနေတာ ။ ကြားရတဲ့ ကျွန်မ
အသက်ရှူဖို့ ခဏ မေ့သွားတယ် ။ ကိုယ်နဲ့ မဆိုင်ပေမယ့်
မြန်မာမိန်းကလေးဆိုတာနဲ့ ကျွန်မနဲ့ ဆိုင်သလို ခံစားမိတယ် ။ မခံချင်တဲ့
စိတ်တွေက နှိုးကြွလာတယ် ။ သူ့ကို တစ်ခုခု ပြန်ပြောချင်တယ် ။ ပြောချင်တဲ့
စိတ်ကို ချုပ်ထိန်းလိုက်ရတာ တစ်ကိုယ်လုံးမှာ ရှိတဲ့ အာရုံကြောတွေ
ခေတ္တခဏမျှ တုံ့ဆိုင်းသွားသလားထင်ရပါတယ် ။ အတွေးခေါ်တွေ တဖြေးဖြေး
ဆင်းရဲလာတဲ့ မြန်မာမိန်းကလေးတွေ အတွက်ပါ ။
ဘာကိုမှ အလေးနက်မရှိတဲ့ ခပ်ပေါ့ပေါ့လူစားတွေကတော့ သူကို
အထင်ကြီးချင်ကြီးနေကြမှာပေါ။ ခေတ်ကာလ မြန်မာမိန်းကလေးတွေရဲ့ အတွေးမှာ
အယူဆမှားတွေကို သန့်စင်သွားအောင် ဘယ်အရာနဲ့ ဆေးကြောပေးရမလဲလို့
အခါခါတွေးမိတယ် ။ ရခဲလှတဲ့ လူ့ဘ၀ကြီးမှာ အနှစ်သာရ ရှိစွာနေထိုင်ဖို့ဆိုတာ
ဆင်းရဲတော၊ ချမ်းသာတော ၊ တော်တာ ၊ ညံ့တာနဲ့ မဆိုင်ပါ ။ ကျွန်မတို့ တတွေ
လူဖြစ်ပြီး လူပီတအောင် နေတတ်ဖို့ အရေးကြီးပါတယ် ။ ကြောက်ရမယ့် အရာကို
ကြောက်ကိုကြောက်တတ်ရမယ် ။ ရှက်ရမယ့် အရာကို ရှက်တတ်ရမယ် ။ ထိန်းသိမ်းရမယ့်
လူကျင့်ဝတ်တွေကို ထိန်းသိမ်းနိုင်ရမယ် ။ ဒါမှ လူပီတသူလို့
သတ်မှတ်နိုင်မှာပါ ။ အကျင့် သီလ ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံသော
မိန်းမကောင်းလေးတွေ မိသားစုတိုင်းမှာ ရှိနေပါလျှင် အိမ်သာ၏ ။ သီလသတီ =
ကိုယ်ကျင့်သီလနှင့်ပြည့်စုံခြင်း ၊ မေဓ၀ိနီ = အမြော်အမြင် ဆင်ခြင်ဥာဏ်
ပညာအလိမ္မာနှင့် ပြည့်စုံခြင်း ဆိုတဲ့ မိန်းမကောင်းကျင့်ဝတ်တရားလေးတွေကို
မမေ့မလျော့ နှလုံးသွင်း ဆင်ခြင်နိုင်ကြပါစေ ။
Credit – Myawady News
-
Blogger Comment
-
Facebook Comment
Subscribe to:
Post Comments
(
Atom
)

0 comments :
Post a Comment