ပြီးခဲ့တဲ့ စနေနဲ့ တနင်္ဂနွေနေ့တုန်းက Bihar ပြည်နယ်နဲ့ Jharkhand
ပြည်နယ်မှာ မိုးကြိုးတွေ ပစ်ခဲ့ရာက လူပေါင်း ၃၂ ယောက်
သေဆုံးခဲ့ရပြီး အဲဒီထဲမှာ ကလေးငယ် ၉ ယောက် ပါဝင်ပါတယ်။
အိန္ဒိယနိုင်ငံမှာ မိုးရာသီဖြစ်တဲ့ ဇွန်လကနေ အောက်တိုဘာလအတွင်း
မိုးကြိုးပစ်ခတ်မှုတွေ ဖြစ်လေ့ဖြစ်ထရှိပေမယ့် ခုလို ရက်ပိုင်းအတွင်း လူ
၃၀ ကျော် သေဆုံးတာမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။
မနေ့တုန်းကလည်း မိုးကြီး လေကြီးမှုတွေ ဖြစ်ခဲ့ပြီး သစ်ပင်တွေ၊ အိမ်တွေနဲ့ လျှပ်စစ်ဓာတ်တိုင်တွေ ပျက်စီးခဲ့ရပါတယ်။
အိန္ဒိယနိုင်ငံမှာ မိုးကြိုးပစ်ခတ်မှုကြောင့် လူပေါင်း ၃၀ ကျော်
သေဆုံးခဲ့ရသလို တရုတ်နိုင်ငံမှာလည်း Fitow မုန်တိုင်းကြောင့် လူ ၃
ဦးသေဆုံးပြီး အိမ်အလုံးပေါင်း ၁၂၀၀ ပျက်စီးခဲ့ရပါတယ်။
တရုတ်အစိုးရပိုင် မီဒီယာမှာ ဖော်ပြချက်အရ တစ်နာရီကို လေတိုက်နှုန်း
ပြင်းအား ၂၀၀ ရှိတဲ့ မုန်တိုင်း ဝင်ရောက်ခဲ့တာဖြစ်ပြီး လူပေါင်း
သိန်းနဲ့ချီကိုလည်း ရွှေ့ပြောင်းမှု လုပ်နေရပါတယ်။
မုန်တိုင်းကြောင့် Zhejiang ပြည်နယ်၊ Fujian ပြည်နယ်နဲ့ Jiangxi
ပြည်နယ်မှာ အမြန်ရထားပေါင်း ၅၉ စီးရဲ့ပြေးဆွဲမှုတွေ ရပ်တန့်ခဲ့ရပြီး
လေယာဉ် ၄၉ စီးရဲ့ ခရီးစဉ်ကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။
ပင်လယ်ပြင်မှာ ရောက်ရှိနေတဲ့ လှေတွေ ကမ်းကပ်ဖို့
သတိပေးချက်တွေကြောင့် လှေအစီးပေါင်း ၆၅၀၀၀ ကလည်း ပြန်လာခဲ့ကြတယ်လို့
သိရပါတယ်။
ABC Radio Australia
-
Blogger Comment
-
Facebook Comment
Subscribe to:
Post Comments
(
Atom
)

0 comments :
Post a Comment