ငြိမ်းချမ်းရေးကို တောင့်တသူများ

“ငြိမ်းချမ်းရေး” ဆိုတဲ့ စကားလုံးလေးသည် လူသားတို့၏စိတ်ကို ကြည်နူးပျော်ရွှင်စေသည့် စကား လေးတစ်ခွန်း ဖြစ်ပေသည်။ အမိမြန်မာနိုင်ငံတော်ကြီး အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတိုင်း “ငြိမ်းချမ်းရေး” ဆိုသည့်အရာအား မျှော်လင့်တောင်းတနေပြီး လိုအပ်လှသည့် အရာလေးတစ်ခု ဖြစ်လို့နေပါသည်။ ကမ္ဘာအနှံ့ အပြားတွင် မငြိမ်းချမ်းခြင်းများ ရှိနေသည့်အတွက် လူသားတိုင်းအနေဖြင့် အုတ်တချပ် သဲတပွင့်အနေဖြင့် လူသားတိုင်းတို့ ငြိမ်းချမ်းရေး ဆုတောင်းပွဲများအား လုပ်ဆောင်ချင်ကြပါသည်။ ၂၁.၉.၂ဝ၁၃ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း ရေးနေ့ရက်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၊ အလုပ်အမှုဆောင်များ၊ အသင်းသား/ သူများ၊ ဝန်ထမ်းများတို့ တတ်စွမ်းသရွေ့ ပါဝင် ကူညီ လှုပ်ရှားဆောင်ရွက်ခဲ့သည်။



ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ပြုလုပ်သည့် “အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့” လှုပ်ရှားမှုပွဲတော် သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသူ/သားများသည်  ယင်းပွဲတော်၌ “ဗြဟ္မစိုရ်ခရီးသွား အနု ပညာရှင်သုံးဦးတို့၏ ငြိမ်းချမ်းရေးစကားဝိုင်း” DVD အခွေအား စစ်ဘေးသင့်ပြည်သူများ၊ မငြိမ်းချမ်းသော နေရာ ဒေသများရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၊ ပြည်သူလူထုနှင့် ကလေးသူငယ်များတို့အား ရည်ရွယ်၍ DVD တစ်ချပ်လျှင် (၁ဝဝဝ) ကျပ်နှုန်းဖြင့် ရောင်းချခဲ့သည်။ ၄င်းအခွေတွင် ဗြဟ္မစိုရ်နှလုံးသားဖြင့် ခရီးသွားနေကြသော ဦးရဲလွင်(မဇ္ဈိမလှိုင်း)၊ ဦးကျော်သူ နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် တေးသံရှင် ကိုဆောင်းဦးလှိုင် တို့သည် ငြိမ်းချမ်းရေးနှင့် ပတ်သက် သည့် စကားဝိုင်းနှင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး မကြာမီကာလ၌ လူရွှင်တော် ဇာဂနာ စီစဉ်ခဲ့သော FREEDOM ဇာတ်လမ်းတို (ဦးကျော်သူ ရိုက်ကူးထားသော FREEDOM ဇာတ်လမ်းတိုသည် အကြောင်းအမျိုးမျိုးကြောင့် ယင်းပြိုင်ပွဲမှ ပြန်လည်နုတ်ထွက်ခဲ့သည်။) နှင့် မြန်မာ နိုင်ငံ၏ ငြိမ်းချမ်းရေး ဖခင်တစ်ဦးဖြစ်သူ စာရေးဆရာကြီး ဒဂုံတာရာ၏ နောက်ဆုံးခရီး ဈာပနအခမ်းအနား မီးသင်္ဂြိုဟ်ခြင်း ရုပ်ပုံကားချပ်ပေါ်တွင် “ငြိမ်းချမ်းရေး ငှက်ငယ်လေး … ကမ္ဘာမြေမှ အဝေးသို့ ပျံသန်းသွား ရှာပြီ …။ ကမ္ဘာမြေပြင်ကြီး အထီးကျန်စွာ ကျန်ရစ်ခဲ့ရပြီ။ ကမ္ဘာမြေပြင်ကြီး ကပ်ဘေးအမျိုးမျိုးကြုံခဲ့ရပြီ။ ကမ္ဘာမြေပြင်ကြီး စစ်ဘေးအမျိုးမျိုး ခံစားနေရပြီ။ ဒါကြောင့် … ကျွန်တော်တို့သည် ငြိမ်းချမ်းရေး ငှက်ငယ် လေး၏  “ရန်သူမရှိ မိတ်ဆွေသာရှိ၊ မုန်းသူမရှိ ချစ်သူသာရှိ” ဟူ၍ ပြောကြားခဲ့သည့် စကားအတိုင်း ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ပြုကျင့်သုံးကြရန်မှတပါး အခြားမရှိတော့ချေ။” ဟူသော စာသား သည် ကြည့်ရှု့သူ ပြည်သူလူထုတို့၏ နှလုံးသားဝယ် မေ့ဖျောက်၍ရနိုင်မည် မဟုတ်ချေ။

    အနုပညာရှင်သုံးဦးတို့၏ တစ်ကြိမ်တစ်ခါမျှ မပြုလုပ်ဖူးသည့် ငြိမ်းချမ်းရေး စကားဝိုင်းအား ၂ဝ၁၂ ခုနှစ် အချိန်ကာလက ဗြဟ္မစိုရ်ခရီးသွားသုံးဦးဖြစ်သော ဦးရဲလွင်(မဇ္ဈိမလှိုင်း)၊ ဦးကျော်သူ နာရေးကူညီမှု အသင်း(ရန်ကုန်)နှင့် တေးသံရှင် ကိုဆောင်းဦးလှိုင် တို့သည် ငြိမ်းချမ်းရေးစကားဝိုင်းတွင် မတူညီသည့် ရှုထောင့်များပေါ်တွင် အနုပညာရှင်သုံးဦးတို့၏ ငြိမ်းချမ်းရေးအမြင်များအား အပြန်အလှန် မေးမြန်းဆွေးနွေး ခဲ့ကြသည်။ ဦးရဲလွင်၊ ဦးကျော်သူ၊ ကိုဆောင်းဦးလှိုင်တို့၏ စကားများထဲမှ ငြိမ်းချမ်းရေး စကားအချို့အား တင်ပြအပ်ပါသည်။ ဦးရဲလွင်မှ “ကျွန်တော်တို့ စစ်ကိုမကြိုက်ဘူး၊ အဓိက စစ်ကိုမလိုလားဘူး၊ ငြိမ်းချမ်း ရေးကို အားပေးရမယ် စစ်တွေရပ်ဆဲဖို့လိုတယ်…”၊ ကိုဆောင်းဦးလှိုင်မှ “ဘယ်နယ်ပယ်၊ ဘယ်ရှုထောင့်က ကြည့်ကြည့် ငြိမ်းချမ်းရေး မရှိရင်မဖြစ်ဘူး၊ ငြိမ်းချမ်းဖို့လိုတယ်…”၊ ဦးကျော်သူမှ “စက်တင်ဘာ အရေး အခင်းကို မျက်မြင်တွေ့လာတော့ လူကငြိမ်းချမ်းမှုကိုဘဲ ရှာချင်တော့တယ်၊ လူမှုရေးနဲ့ ဘာသာရေးနဲ့ တွဲဖက်ပြီးတော့ ငြိမ်းချမ်းမှုကိုရှာခဲ့သလို တစ်တိုင်းပြည်လုံး ငြိမ်းချမ်းမှုကို လိုလားတယ်၊ ငြိမ်းချမ်းရေးကို ရှေ့ရှုပြီးတော့ လူမှုရေးကိုလုပ်တယ်”ဟု စသဖြင့် အသီးသီးပြောကြားခဲ့သော ငြိမ်းချမ်းရေးစကားများနှင့် FREEDOM (ဇာတ်လမ်းတို) ဖြစ်သည်။ ယင်းနေ့တွင် ရွာသွန်းနေသည့် မိုးရေစက်များကြားမှ ငြိမ်းချမ်းရေး အတွက် ပွဲခင်းထဲရှိ ပရိသတ်များလာရောက်ခြင်း နည်းပါးသည့်အတွက် ထင်သလောက် ရောင်းချခွင့် မရခဲ့ချေ။ သို့ရာတွင် ယင်းငြိမ်းချမ်းရေး စကားဝိုင်း DVD အခွေအား နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ် တည်ရှိရာ အမှတ်(၁၃/က)၊ ၄၂ ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်း၊ မြောက်ဒဂုံမြို့နယ်တွင် ငြိမ်းချမ်းရေးအတွက် ရည်ရွယ်၍ ဝယ်ယူအားပေး လှူဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

    ပြည်သူ့ရင်ပြင်တွင် ကျင်းပပြုလုပ်သည့် “အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့”  လှုပ်ရှားမှု အခမ်း အနားသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသား/သူများတို့သည် နံနက် (၈းဝဝ) နာရီအချိန်တွင် ရောက်ရှိလာခဲ့ပြီး သတ်မှတ်ထားသော နေရာဆိုင်ခန်း၌ ငြိမ်းချမ်းရေးကဗျာများ၊ ငြိမ်းချမ်းရေး ပန်းချီ ကားချပ်များဖြင့် အလှဆင်ပြီး “ဗြဟ္မစိုရ်ခရီးသွား အနုပညာရှင်သုံးဦးတို့၏ ငြိမ်းချမ်းရေးစကားဝိုင်း” DVD အခွေများ ရောင်းချခဲ့သည်။ မွန်းတည့် (၁၂းဝဝ) နာရီအချိန်တွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့ မြို့တော်ခန်းမမှစတင်၍ ငြိမ်းချမ်းရေးအားရှေ့ရှု၍ ငြိမ်းချမ်းစွာစီတန်းလှည့်လည် လမ်းလျှောက်ခြင်းအား  ငြိမ်းချမ်းရေး လိုလားတောင်းတကြသည့် ရဟန်းသံဃာများ၊ လူကြီး၊ လူငယ်များ၊ လူမျိုးဘာသာခြားများ စုံလင်စွာဖြင့် လျှောက်လှမ်းခဲ့ရာ အလုံမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ စမ်းချောင်းမြို့နယ် အသီးသီးများမှ ပြည်သူ့ရင်ပြင် “အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့”  လှုပ်ရှားမှုအခမ်းအနားသို့ လျှောက်လှမ်းကြရာတွင် ရာသီဥတု ဖောက်ပြန်ခြင်း၊ ကိုယ်လက်များ ကိုက်ခဲနာကျင်ခြင်း၊ မူးဝေမောပန်းခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း တို့အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်များသည် ကျန်းမာရေး စောင့်ရှောက်မှု (ဆေးကူညီမှု)ပေးရန် လူနာတင်ယာဉ်ဖြင့် ညနေ (၅းဝဝ) နာရီအချိန်ထိ လိုက်ပါ၍ ကူညီ ဆောင်ရွက်ပေးခဲ့သည်။

    ထိုကဲ့သို့ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့များတွင် “အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့” အခမ်းအနားများအား ကျင်းပခဲ့သလို ပြည်မြို့သို့ ရေဘေးကူညီမှုအတွက် ရောက်ရှိခဲ့သော နာရေးကူညီမှု အသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့်အဖွဲ့သည် မိုးမေတ္တာ ပရဟိတလူငယ် သွေးလှူရှင်များအဖွဲ့မှ ကိုမိုး ကြီး၊ ကိုညီညီအောင်တို့နှင့် ပြည်မြို့ ရတနာမာန်အောင်ကျောင်းဝင်းရှိ သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်)၌ ၂၁.၉.၂ဝ၁၃ ရက်နေ့ ညနေ (၅းဝဝ) နာရီမှစတင်၍ “အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့” အထိမ်းအမှတ် ငြိမ်းချမ်းရေး စာတမ်းဖတ်ပွဲ၊ ကဗျာရွတ်ပွဲများအား လူမှုရေးအသင်းအဖွဲ့များ၊ စာရေးဆရာများ၊ ကဗျာဆရာ များ၊ မြို့ခံပြည်သူလူထုများနှင့် ကျောင်းသား/သူများ ပူးပေါင်းကာ၍ စည်းလုံးညီညွတ်စွာဖြင့် ကျင်းပပြု လုပ်ခဲ့သည်။ အခမ်းအနားဖွင့်လှစ်ချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၊ မိုးမေတ္တာ ပရ ဟိတလူငယ် သွေးလှူရှင်များအဖွဲ့ သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်)သို့ လှူဒါန်းနေသည့် အလှူရှင် တာရာ လင်းရေခဲမုန့်၊ နာရေးကူညီမှုအသင်း(ပြည်)နှင့် လူမှုရေးအဖွဲ့အစည်းများရှိ လူပုဂ္ဂိုလ်များတို့မှ ငြိမ်းချမ်းရေး ငှက် (၉) ကောင်တို့နှင့်အတူ ဧည့်ပရိသတ်များတို့အား ဝေငှထားသည့် ငြိမ်းချမ်းရေး သင်္ကေတ (Peace) တံဆိပ်ပါ မိုးပျံပူဖေါင်းများ တပြိုင်နက်တည်း လွှတ်တင်၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့သည်။ အခမ်းအနားအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်အဖြစ် အမှတ်တရ စကားပြောကြားခဲ့ပြီး ငြိမ်းချမ်းရေး အတွက် ရှေ့ရှု၍ ရေးသားခဲ့သည့် ကဗျာများအနက် ၂ဝဝ၉ ခုနှစ်၊ ဇန်နဝါရီ (၁၇) ရက်နေ့ နံနက် (၅းဝဝ) နာရီအချိန် အိပ်ရာနှိုးချိန်၌  စိတ်ကူး အာရုံထဲတွင် (ထကြည့်လိုက်ချိန် အရပ်လေးမျက်နှာ၌ မောဟတရား၊ လောဘတရား၊ အနိစ္စ တရား၊ ဒေါသတရားများဖြင့် ပြည့်နှက်နေပြီး ကျွန်ုပ်တို့အတွက် ပိုင်ဆိုင်မှုသည် ကုသိုလ်တရား) သာဖြစ် ကြောင်း ဖော်ကျူးခဲ့သည့် “စုဗူး” အမည်ရှိကဗျာ၊ ၂ဝ၁ဝ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရေးသားခဲ့သည့် “ငြိမ်းချမ်းရေး” အမည်ရှိကဗျာ၊ ၂ဝ၁၁ ခုနှစ်၊ သြဂုတ် (၁၇) ရက်နေ့ နံနက် (၉းဝဝ) နာရီအချိန်တွင် အင်တာနက် စာမျက်နှာထပ်တွင် အံ့သြစွာ မြင်တွေ့ခဲ့ရသည့် (ခွေးမကြီးမှ ကျားပေါက်များ အား နို့ချိုတိုက်ကျွေးခြင်း၊ ကျားမကြီးမှ ဝက်ပေါက်ငယ်များအား နို့ချိုတိုက်ကျွေးခြင်း၊ ကြောင်မကြီးမှ ရှဥ့်ပေါက်လေးများအား နို့ချိုတိုက်ကျွေးခြင်း အစရှိသည့် ရုပ်ပုံလွှာများအား ခံစားရေးဖွဲ့ဖြစ်သည့် “ကျွန် တော်တို့က လူတွေပါဗျာ” အမည်ရှိ ကဗျာနှင့်(လွတ်ငြိမ်းခွင့်)အမည်ရှိ ကဗျာစုစုပေါင်း (၃) ပုဒ်အား ရွတ်ဖတ်ခဲ့ပြီး ဗြဟ္မစိုရ် ခရီးသွား အနုပညာရှင်သုံးဦးတို့၏ ငြိမ်းချမ်းရေးစကားဝိုင်း၊ FREEDOM (ဇာတ်လမ်းတို)နှင့် ငြိမ်းချမ်းရေး ဖခင်ကြီး ဒဂုန်တာရာ၏ ဈာပနအခမ်းအနားမှတ်တမ်း DVD အခွေအား Projector ဖြင့် ဧည့်ပရိသတ်များ တို့အား အမှတ်တရပြသခဲ့သည်။ (DVD အခွေပြသချိန်တွင် တာရာလင်းရေခဲမုန့်ဆိုင်မှ ရေခဲမုန့်များဖြင့် ဧည့်ခံကျွေးမွေးဒါနပြုခဲ့သည်။) ဆက်လက်၍ တက်ရောက်လာကြသည့် ငြိမ်းချမ်းရေးအား လိုလားသူ စာပေချစ်သူ ကဗျာဆရာ/မများနှင့် ဧည့်ပရိသတ်များတို့သည် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့်ကဗျာ၊ စာတမ်းများရွတ်ဖတ်ခဲ့ရာ ကဗျာဆရာ ကိုစစ်သွေးညို မှ “ကမ္ဘာအနှံ့ ဆုတောင်းသံ အဆက်ဆက်က … မငြိမ်းချမ်းခြင်းတွေ ဒူးမထောက်သေးသရွေ့ … ဆက်ဆုတောင်းနေပါဦးမယ် … ကမ္ဘာကြီးငြိမ်းချမ်းပါစေ … ကမ္ဘာကြီးငြိမ်းချမ်းပါစေ” ကရုဏာလက်များ ကွန်ရက်(ပြည်)မှ “အပစ်အခတ်ရပ်စဲရုံနဲ့ မငြိမ်းချမ်းဘူး .. နှစ်ဘက်သဘောတူညီချက်တွေ လက်မှတ်ရေးထိုးရုံနဲ့ မငြိမ်းချမ်းဘူး … လက်ဆွဲနှုတ်ဆက် ပြုံးပြနေကြရုံနဲ့ မငြိမ်းချမ်းဘူး … အမှန်တကယ် ငြိမ်းချမ်း ရေးကို လိုချင်စိတ်ရှိသည့် အချိန်ကျမှသာ ငြိမ်းချမ်းရေးရမည်ဟု ကျွန်ုပ်တို့က ယုံကြည်ပါသည်”၊ ကဗျာဆရာ ကိုလူခါးဝေ မှ “တစ်ယောက်ကိုတစ်ယောက် ကျောခိုင်း နေကြဆဲ … တစ်ယောက်ကိုတစ်ယောက် ချောင်းမြောင်းနေကြဆဲ … တစ်ယောက်လဲရင် တစ်ယောက်ထူ ဖို့မပြင်ကြဘူး … တစ်ယောက်နဲ့တစ်ယောက် လက်ခြင်းချိတ်ကာ … သံပြိုင်ဆုတောင်းလိုက်ကြဆို … ကမ္ဘာကြီးငြိမ်းချမ်းပါစေ … ကမ္ဘာကြီးငြိမ်းချမ်းပါစေ” ကဗျာဆရာ ကိုခိုင်သစ် မှ “ဘယ်လိုလဲ … စစ်တိုက်ဖို့ ကိုဘဲ လူစုနေကြ … စစ်တိုက်ဖို့ကိုဘဲ မဲခွဲနေကြ … တမိုးတည်းအောက်မှာခြင်း အတူတူ … အေးအတူ ပူအမျှ ဖြစ်ရတဲ့ဘဝတွေ … စစ်ရဲ့စက်ဆုပ်ဖွယ် ကမ္ဘာမှာမရှိ”၊ ကိုစိုးပိုင် မှ (ရောက်ဖြစ်ခဲ့တဲ့ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်များရှိ စစ်သားများသည် ရန်သူများနင်းဖို့အတွက် မိုင်းထောင်ကြသည်။ ရန်သူများလည်း စစ်သားများနင်းဖို့အတွက် မိုင်းထောင်ကြသည်။ ရန်သူလည်းမနင်း .. စစ်သားလည်းမနင်း ဘဲ ကျေးရွာသူ/သားများ မိုင်းနင်း၍့ ခြေပျက်/လက်ပျက်များ ဖြစ်သွားကြအများကြီးတွေ့ခဲ့ရပြီး) ခံစားရေးဖွဲ့ ထားသည့်ကဗျာ၊ ကဗျာဆရာ သစ်ခတ်စိမ်း မှ “ကလေးငယ်ရေ … ရင်ထဲမချိလိုက်တာများ … မင်းရဲ့ရုန်း ကန်နေရတဲ့ ဝင်သက်ထွက်သက်ထဲ … သေနတ်သံတွေ ကြားနေရတုန်းဘဲ” အစရှိသည့် ကဗျာများအား အသီးသီးရွတ်ဆို ဖတ်ကြားခဲ့ကြပြီး ည (၇း၃ဝ) နာရီအချိန်တွင် ငြိမ်းချမ်းရေးနေ့ အခမ်းအနားအား နိဂုံးချုပ် ခဲ့တော့သည်။

    ငြိမ်းချမ်းရေးဟူသည် တစ်ကိုယ်တည်း ငြိမ်းချမ်းရေးဖြစ်ပြီး တစ်ကိုယ်တည်း ငြိမ်းချမ်းရေးမှ မိသားစု ငြိမ်းချမ်းရေး၊ မိသားစုငြိမ်းချမ်းရေးမှ ရပ်ကွက်၊ မြို့နယ်၊ တိုင်း၊ နိုင်ငံငြိမ်းချမ်းရေးမှစ၍ ကမ္ဘာ့နိုင်ငံအသီးသီး ကမ္ဘာ့ရွာကြီးတစ်ခုလုံး ငြိမ်းချမ်းဖို့ လိုအပ်ပေသည်။ ထို့ကြောင့် အမိမြန်မာနိုင်ငံငြိမ်းချမ်းရေး ရရှိဖို့အတွက် နိုင်ငံတော်အစိုးရတွင်မက တိုင်းရင်းသားပြည်သူလူထု တရပ်လုံးပေါ်တွင်မှုတည်သည်။ ထို့ကြောင့် အမိ မြန်မာပြည်တွင်းရှိ ပြည်သူလူထုအား ရှေ့ဆောင်လမ်းပြ တိုင်းပြည်၏ မျက်နှာဖုံးများဖြစ်ကြသည့် စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စစ်ဘက်၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပရဟိတအသင်းအဖွဲ့များ ပရဟိတ သမားများပါမကျန် တာဝန်ရှိပေသည်။ တာဝန်ရှိသည်နှင့်အမျှ ဖုံးကွယ်မှု၊ ဟန်ဆောင်မှု၊ ဝှက်ဖဲများ ထားရှိ မှု၊ ဉာဏ်နီဉာဏ်နက်ထားမှု၊ ကောက်ကျစ်မှု အာကာသထားမှု၊ မစ္ဈိရိယစိတ်ပွားများမှု၊ နေရာလုမှု၊ ပါဏာ တိပါတကံ ကျူးလွန်မှုဟူသော ဘုရားမကြိုက်နှစ်သက်သည့် လုပ်ရပ်များအား ရှောင်ကျဉ်ဖို့ လိုအပ်ပေ သည်။ ထို့ကြောင့် ငြိမ်းချမ်းရေးရရှိရန် ရိုးသားရမည်၊ ပွင့်လင်းရမည်၊ ဟန်ဆောင်မှုကင်းရမည်၊ လူသားချင်း စာနာရမည်၊ ဗြဟ္မစိုရ်တရားများ ပွားများရမည်ဖြစ်တော့သည်။ ထို့ကြောင့် ငြိမ်းချမ်းရေးရရှိလိုပါက လူမျိုး ဘာသာမရွေးတို့၏ ကိုးကွယ်ရာ ဘုရားရှင်အသီးသီးတို့၏ မေတ္တာတရားများအား ခံယူကျင့်သုံး လိုက်နာ ကြရုံမှတစ်ပါး အခြားမရှိတော့ချေ။

Credit: Kyaw Thu

















Share on Google Plus

About Myanmar Memes

Copy Myanmar is myanmar content database. Collection of posts, news, images and content in Myanmar language found on World Wide Web.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment

Related Posts Plugin for WordPress, Blogger...