2011 Bugatti Veyron 16.4 Super Sport

Volkswagen လက်အောက်ကနေပြီး ပြင်သစ်အခြေဆိုက် Bugatti Automobiles S.A.S ကထုတ်လုပ်ထားတဲ့ Bugatti စီရီးတွေဟာ အခုမကြာ
ခင်ထွက်ရှိလာမယ့် 2014 Bugatti SuperVeyron နဲ့ဆိုရင် သက်တမ်း ၉-၁၀ 
နှစ်ဝန်းကျင်ထဲကိုတောင် ရောက်ရှိလို့လာခဲ့ ပါပြီ။

ထုတ်လုပ်ခဲ့သမျှ Bugatti စီးရီးတွေတိုင်းဟာလည်း ကမ္ဘာ့အမြန်ဆုံးကား
အဖြစ် မှတ်တိုင်စိုက်ထူနိုင်ခဲ့သလို ဈေးအကြီးဆုံးဆိုတဲ့ ကားတွေစာရင်းမှာ
လည်း ဂုဏ်ပုဒ်တစ်ခုရယူထားနိုင်ပါသေးတယ်။



ယခုမိတ်ဆက်ပေးမယ့်ကားကတော့ ၂၀၁၁ ခုနှစ်မျိုးဆက်တွေထဲက
2011 Bugatti Veyron 16.4 Super Sport ဆိုတဲ့ပြိုင်ကားအမျိုးအစားပါ။

တံခါးနှစ်ပေါက်၊လူနှစ်ယောက်လိုက်ပါစီးနှင်း လိုက်ပါလို့ရတဲ့ ဒီကားဟာ
4-wheel-drive အမျိုးအစားပါ။ အင်ဂျင်ပါဝါ ၇၉၉၈ စီစီ၊quad-turbocharged နှင့် intercooled DOHC 64-valve၊ဆလင်ဒါ ၁၆ လုံး၊W အင်ဂျင်ပုံစံတည်ဆောက်ထားပါတယ်။ ဒါကြောင့်ထုတ်လုပ်ပေးနိုင်မယ့်
မြင်းကောင် ၁၂၀၀ အထိရှိမှာဖြစ်ပြီး 7-speed dual-clutch automated manual ဂီယာအမျိုးအစားပါ။

စမ်းသပ်မောင်းနှင်မှုမှာတော့ ၂.၄ စက္ကန့် ကို ၀-၆၀ မိုင်နှုန်း၊၅.၀ စက္ကန့် ကို
ဝ-၁၀၀ မိုင်နှုန်း နှင့်အမြင့်ဆုံးမောင်းနှင်နိုင်တဲ့ အရှိန်ကတော့ တစ်နာရီ
၂၅၈ မိုင်နှုန်းရှိတယ်လို့ သိရပါတယ်။

Bugatti ရဲ့ အစဉ်အလာအတိုင်း ဈေးကလည်း သန်းချီပြီးတန်ကြေးရှိတဲ့ ကားပါ။၂၀၁၁ မော်ဒယ်လ် 2011 Bugatti Veyron 16.4 Super Sport
ရဲ့ လက်ရှိကာလပေါက်ဈေး အမေရိကန်ဒေါ်လာ ၂.၄ သန်းပါ။

လွန်ခဲ့တဲ့ ၂၀၁၁ မော်လ်ဒယ်ဆိုပေမယ့် နောက်ထွက်မယ့် 2014 Bugatti SuperVeyron ထက်သားနားတဲ့ ဒီဇိုင်းနဲ့မြင်တွေ့ရပါတယ်။
(2014 Bugatti SuperVeyron ရဲ့  Review ကိုလည်းဆက်လက်ဖော်ပြပေး
သွားပါ့မယ်။)

ခွန်နေ(AMMG)
Ref:caranddrive
Share on Google Plus

About Myanmar Memes

Copy Myanmar is myanmar content database. Collection of posts, news, images and content in Myanmar language found on World Wide Web.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment

Related Posts Plugin for WordPress, Blogger...